တချို့လူတွေကတော့ ကိုယ့်အိပ်မက်ကဘာလဲ ဆိုတာကို သေသေချာချာသိရှိနားလည်ပြီး အိပ်မက်အတွက် တကူးတကကြိုးစားစရာမလိုဘဲ လက်တွေ့ဘဝနဲ့ တစ်ထပ်တည်း ကျသွားရလောက်တဲ့အထိ ကံကောင်းကြပါတယ်။ ဒါပေမဲ့ အိပ်မက် နဲ့ ဘဝ ထပ်တူကျဖို့ ကြိုးစားနေရတဲ့ ကွီး အချို့လည်း ရှိကြပြီး သူတို့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အိပ်မက် နဲ့ ဘဝ ထပ်တူကျဖို့ ကြိုးစားနေရတဲ့ ကွီး တို့အတွက် ဘယ်အချက်တွေက အလိုအပ်ဆုံးအရာတွေဖြစ်မလဲ။ ဘယ်နည်းလမ်းကောင်းတွေက သူတို့ကို ကူညီပေးနိုင်မလဲ။

ကိုယ့်မှာ အသက် ၉ သက် ရှိသယောင် သဘောထားလိုက်ပါ

man and dream job

ကိုယ့်မှာ ဘဝ ၉ ဘဝလောက် ရှိသယောင် မြင်ယောင်ကြည့်လိုက်ပါ။ ဘဝတစ်ခုချင်းစီမှာ ရှင်သန်နေထိုင်ဖို့ရန်အတွက် အလုပ်လုပ်ရမှာမဟုတ်လား။ သင်သည် ထီပေါက်မှာလည်း မဟုတ်သလို ချမ်းသာတွေ အမွေတွေကို ပိုင်ဆိုင်ရရှိမှာလည်း မဟုတ်ပါဘူး။ အလုပ်တစ်ခုချင်းစီ လုပ်ဆောင်နိုင်ဖို့ဆိုရင် သင့်မှာ လုံလောက်တဲ့ အတန်းပညာနှင့် အရည်အချင်းတို့ လိုအပ်ပါတယ်။

အရင်ဦးဆုံး ပထမဘဝအတွက် သင် ဘာလုပ်ချင်သလဲ စဉ်းစားလိုက်ပါ။ ဥပမာ ဆရာဝန်တော့ ဖြစ်ချင်တယ်။ ဒါပေမဲ့ ဆေးကျောင်းတက်ဖို့အတွက် လုံလောက်တဲ့ စာမေးပွဲရလဒ်တွေ မရှိဘူး။

ဒုတိယဘဝမှာ အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ သာယာနာပျော်ဖွယ်အသံမျိုး မရှိဘူး။

တတိယဘဝမှာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ ကိုယ့်ကို ကျောထောက်နောက်ခံပေးမယ့် မိသားစုမရှိဘူး။

စသည်ဖြင့် List လုပ်လိုက်ပါ။ List ကိုးခု ရသွားပြီဆိုရင်တော့ သင် ရေးမှတ်ထားတာတွေကိုတစ်ချက် ပြန်ကြည့်လိုက်ပါ။ ကိုယ့် စိတ်ထဲက ပေါ်လာတဲ့အတိုင်း ချရေးထားလိုက်ပါ။

man and dream job

ပြီးသွားရင်တော့ ဒါပေမဲ့ ဆိုတာတွေကို ခဏလောက် မေ့ထားလိုက်ပါ။ ထိုအထဲကမှ လက်ရှိအခြေအနေနဲ့ အကိုက်ဆုံးတစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဆရာဝန် ဖြစ်ချင်တယ်ဆိုရင် လက်ရှိအခြေအနေနဲ့ ကိုယ် ကြိုးစားရင်ဖြစ်နိုင်လောက်မလား။ တစ်ခါတလေမှာ ကြိုးစားတိုင်းလည်း မဖြစ်နိုင်တာတွေရှိတတ်ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာကရော သင် ကြိုးစားရင် ဖြစ်နိုင်ပါ့မလား စတဲ့ အကြောင်းအရာ အခြေအနေတွေနဲ့ တိုက်ကြည့်ကာ ကိုယ့်အတွက် ဖြစ်တန်စွမ်းအများဆုံးရှိတာကို ရွေးချယ်လိုက်ပါ။

သင် ငယ်ငယ်တုန်းက ဖြစ်ချင်တဲ့ အိပ်မက်များကို ပြန်လည်မြင်ယောင်ကြည့်လိုက်ပါ

အိပ်မက် ဘဝ ကွီး

သင် ငယ်ငယ်တုန်းက အချိန်တွေကို ပြန်လည်အမှတ်ရလိုက်ပါ။ သင့်မှာ အချက်အလက်ကျကျ၊ ကျိုးကြောင်း သင့် မသင့် မစဉ်းစားတတ်သေးတုန်းကအချိန်မှာ ဘယ်လိုအိပ်မက်မျိုး ရှိခဲ့ဖူးပါသလဲ။ ကိုယ့်ရဲ့ အိပ်မက် က ဘာပဲဖြစ်နေပါစေ ဂရုမစိုက်ဘဲ ကိုယ့် ဘဝ အတွက် ပူပန်ကာ အရွယ်ရောက်လာတဲ့ ကွီး တစ်ယောက်အဖြစ် ခဏမေ့ထားလိုက်ပါ။

ငယ်ရွယ်စဉ်က ထိုအိပ်မက်လေး ပျောက်ပျက်သွားအောင် တွန်းပို့နေတာ ဘယ်အရာဖြစ်မလဲ။

ငယ်ရွယ်စဉ်က ကာတွန်းဆွဲတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် ကျောင်းစာတွေနဲ့သာ လုံးပမ်းခဲ့ရပြီး ပန်းချီပညာရပ်ကို မသင်ယူခဲ့ရဘူးလား။ ဒါဆိုရင် အခုရော ထိုပညာရပ်ကို သင်ယူဖို့ အချိန်နှင့် ငွေအား ပေးနိုင်ပါ့မလား။ ဒါဆိုရင် အခုကစ သင်ယူနိုင်တယ်မဟုတ်လား။ သင်သည် လုပ်ဆောင်ချင်စိတ်ရှိဦးမယ်ဆို နောက်ကျတယ်ဆိုတာ မရှိပါဘူး။

ကိုယ့် အားကျအတုယူရသူက ဘယ်သူဖြစ်မလဲ

အိပ်မက် ဘဝ ကွီး

သင် အားကျရပြီး တစ်ချိန်ချိန်မှာလည်း သင်လည်း သူ့လို ဖြစ်လာချင်တဲ့စိတ်မျိုး ဖြစ်ပေါ်စေတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးမရှိဘူးလား။ ကိုယ် လေးစားအားကျရပြီး စံနမူနာ ထားရသူကရော ဘယ်လိုအလုပ်မျိုး လုပ်ကိုင်ပါသလဲ။ သူ လုပ်တဲ့အလုပ်မျိုးကို သင့်ရဲ့ အိပ်မက်အလုပ်အဖြစ် စဉ်းစားဖူးပါသလား။

သူတို့ကရော လက်ရှိအနေအထားအထိရောက်အောင် ဘယ်လိုကြိုးစားခဲ့ရပါသလဲ။ သူတို့ရဲ့ နည်းလမ်းတွေကို လေ့လာအသုံးချပါ။ ထိုသူတွေရော သူတို့ ငယ်ရွယ်စဉ်တုန်းက သူတို့ကိုယ် သူတို့ ဘယ်လို အကြံပေးသလဲ ဆိုတာ လေ့လာပါ။ ထို့နောက် အိပ်မက် နဲ့ လက်တွေ့ တစ်ထပ်တည်းကျအောင် ကွီး တို့ ပြန်လည်အသုံးချနိုင်ပါတယ်။

ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကို သိရှိအောင် ပြုလုပ်ပါ

အိပ်မက် ဘဝ ကွီး

အရည်အချင်းနဲ့ ပါရမီပါခြင်း မပါခြင်းလို့ ဆိုတဲ့နေရာမှာ သင့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း သိထားဖို့လိုအပ်ပါတယ်။ အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် လိုအပ်တာတွေ ထပ်ဖြည့်ပေးလိုက်ပါ။ ဘယ်လူသားကမှ မွေးကတည်းက အရည်အချင်းအပြည့်အစုံနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။ အောင်မြင်သူတိုင်းသည် ဘဝမှာ အသေအကြေ ကြိုးစားပြီးမှသာ အောင်မြင်လာကြတာဖြစ်ပါတယ်။ သူတို့မှာ ပျင်းရိဖို့ အချိန်ဆိုတာလည်း မရှိသလို အလုပ်ကို ၂၄ နာရီလုံး ကြိုးစားပမ်းစား လုပ်ဆောင်လာကြတာဖြစ်ပါတယ်။ သူတို့သည် အလုပ်လုပ်ရတာကို ပျင်းရိငြီးငွေ့တယ်လို့ မရှိကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့သည် ကိုယ် လုပ်ရတဲ့အလုပ်ကို ပျော်မွေ့နှစ်ခြိုက်ကြလို့ပဲဖြစ်ပါတယ်။

သင့်မှာရော အလုပ်တစ်ခု လုပ်မိလိုက်တာနဲ့ ထမင်းမေ့ ဟင်းမေ့ဖြစ်သွားရလောက်တဲ့အထိ နှစ်ခြိုက်ပျော်မွေ့ရတဲ့ အရာက ဘယ်အရာဖြစ်မလဲ။

အလုပ်တစ်ခုကို ထမင်းမေ့ ဟင်းမေ့ရလောက်တဲ့အထိ လုပ်မိသွားပြီဆိုရင်တော့ သေချာပါတယ်၊ သင်သည် အိပ်မက် နဲ့ ဘဝ ထပ်တူကျရတဲ့ ကွီး တစ်ယောက်ဖြစ်သွားပါပြီ။

Source: Topresume

Featured Image: Yellow