ချစ်တင်းနှော ချိန်မှာ ချစ်သူကောင်မလေးကို စိတ်ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ သိုင်းကျွမ်းကျင်ရုံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လိင်မှုကိစ္စမှာ သာယာကြည်နူးဖွယ် အခိုက်အတန့်ကောင်း တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ၊ တစ်ဦးနဲ့ တစ်ဦးကြား ဆက်သွယ်ပြောဆိုမှု ၊ ရင်းနှီးမှု ၊ တစ်ယောက်အကြိုက် တစ်ယောက် သိမြင်ခံစားနိုင်မှု စတဲ့ အချက်တွေလည်း အများကြီး လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အိပ်ရာထက်မှာ ချစ်ရသူလေး အတွက် နှစ်သက်ဖွယ်ကောင်းတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကို ဖြည့်ဆည်းပေးစွမ်းနိုင်ဖို့ သိထားရမယ့် အချက်တွေကို ပြောပြပေးပါမယ်။
(၁) အပြန်အလှန် ပွင့်လင်းစွာ ပြောဆိုပါ
Photo : Unsplash
အိပ်ရာထက်မှာ ချစ်ရသူလေးအတွက် ကျေနပ်စရာ စွမ်းဆောင်ရည်မျိုး ကောင်းကောင်း ပြသချင်တယ်ဆိုရင်တော့ ပထမဆုံး လိုအပ်တာက တစ်ဦးနဲ့တစ်ဦးကြားမှာ ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံမှု ရှိဖို့ပါပဲ။ သူမရဲ့ လိုအင်ဆန္ဒတွေ ၊ စိတ်လှုပ်ရှားမှုတွေ ၊ အကြိုက်နဲ့ နှစ်သက်မှုတွေကို ကောင်းမွန်စွာ နားလည်သိရှိထားဖို့ လိုပါတယ်။ ဒါတွေကို သိနိုင်ဖို့ဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပွင့်လင်းစွာ ပြောဆိုကြဖို့ပါ။ ရှက်ရွံစိတ်တွေနည်းပြီး တစ်ယောက် လိုအပ်ချက်တွေ ၊ လိုချင်မှုတွေကို သိရှိနားလည်ကာ ဖြည့်ဆည်းပေးနိုင်မယ် ဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုအတွေ့အကြုံကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
(၂) နှိုးဆွမှုအတွက် အချိန်သေချာပေးပါ
Photo : Times Applaud
ပွေ့ဖက်နမ်းရှုံ့တာ ၊ စိတ်လှုပ်ရှားမှု နိုးကြားတက်ကြွစေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပွတ်သပ်လှုံ့ဆော်ပေးတာ ၊ နှိုးဆွပေးတာတွေအတွက် အချိန်လုံလောက်စွာ ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ထိုးသွင်းဆက်ဆံမှု မတိုင်မီမှာ ပါတနာရဲ့ ခန္ဓာကိုယ်ကို သေချာလေး စူးစမ်းလေ့လာပြီး သူမအတွက် ခံစားမှု အကောင်းဆုံး ဖြစ်စေမယ့် နေရာလေးတွေကို အချိန်ယူ နှိုးဆွမှု လုပ်ပေးရမှာပါ။ ဒါမှသာ သာယာပျော်ရွှင်မှုကို တိုးမြင့်စေမှာဖြစ်ပြီး စိတ်ကျေနပ်ဖွယ်ရာ လိင်မှုအတွေ့အကြုံကို ခံစားရစေမှာ ဖြစ်ပါတယ်။
(၃) စည်းချက်ကျကျ လှုပ်ရှားပါ
Photo : Malay Mail
ချစ်တင်းနှော တဲ့အခါ အရေးကြီးဆုံးက လှုပ်ရှားမှု အရှိန်အတက်အကျ စည်းချက်ကျဖို့ပါပဲ။ လောဖို့မလိုသလို အရမ်းကြီး အချိန်ဆွဲဖို့လည်း မလိုပါဘူး။ စစချင်းမှာတော့ သက်တောင့်သက်သာ ဖြစ်စေမယ့် နှေးကွေးတဲ့ လှုပ်ရှားမှုလေးတွေနဲ့ စတင်သင့်ပြီး ပါတနာရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုပေါ်မူတည်ပြီး အနမ်းတွေ ၊ ပွတ်သပ်နှိုးဆွမှုတွေကို အရှိန်မြင့် လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒီလို စည်းချက်ကျကျ လှုပ်ရှားမှု အရှိန်အတက်အကျကို ပြောင်းလဲကစားပေးတာက ရင်ခုန်စရာ ပိုကောင်းသလို စိတ်ကျေနပ်မှုကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
Source : My Fit Brain
Featured Photo : PR Week