လိင်မှုကိစ္စဆိုတာ လူသားတွေရဲ့ သဘာဝဖြစ်ပြီး သာယာမှု အမြင့်ဆုံးပေးနိုင်တဲ့ ခံစားမှုတစ်ခုလည်း ဖြစ်ပါတယ်။ လူအများစုက လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို သာယာပျော်ရွှင်မှု တစ်ခုသာသာလို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တော့ လိင်မှုကိစ္စဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် အိမ်ထောင်ရှင်ဆိုရင် အိမ်ထောင်ရေးအပေါ်မှာ သက်ရောက်မှု ကြီးမားပါတယ်။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာမှာ ဘေးကင်းလုံခြုံပြီး နှစ်ဦးနှစ်ဖက်လုံး သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို တည်ထောင်နိုင်ဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးရှုထောင့်ကရော၊ သာယာပျော်ရွှင်ဖို့အတွက်ရော အိပ်ရာပေါ်မှာ ပုရိသတို့ လုံးဝလိုက်နာရမယ့် အချက်တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
အကာအကွယ် (ကွန်ဒုံး) အသုံးပြုပါ
Photo : New York Post
လိင်ပိုင်းဆိုင်ရာမှာ ဘေးကင်းလုံခြုံစေဖို့က အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့လိုပါတယ်။ လူတော်တော်များများက ကွန်ဒုံးအသုံးပြုရင် အလွှာခြားနေပြီး သာယာမှု အပြည့်အဝ မရရှိဘူးလို့ ထင်တတ်ကြပါတယ်။ သို့သော်လည်း ဒီနေ့ခေတ်မှာ လိင်ပိုင်းဆိုင်ရာ သာယာပျော်ရွှင်မှုကို အလွှာခြားနေတယ်လို့ မခံစားစေရဘဲ သာယာမှုကို ပံ့ပိုးပေးနိုင်တဲ့ အရည်အသွေးမြင့် ကွန်ဒုံးတွေကို စျေးကွက်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ကွန်ဒုံး အသုံးပြုခြင်းက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများနှင့် အဆင့်သင့် မဖြစ်သေးဘဲ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်ပါတယ်။
ကိုယ့်သာယာမှုကိုသာ ဦးစားပေးခြင်းကို ရှောင်ပါ
Photo : Chart Attack
တစ်ခါတစ်ရံမှာ အမျိုးသားတွေက ကိုယ့်သာယာမှုကိုသာ ဦးစားပေးမိပြီး အခြားတစ်ဖက်သားကို မစဉ်းစားဘဲ အလျင်စလိုပြုမူတာ၊ ကိုယ်ဖြစ်ချင်တာပဲ ချက်ချင်းဆောင်ရွက်တာမျိုး ရှိတတ်ပါတယ်။ ကြာလာရင် ကွီးတို့ရဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်လာပြီး တစ်ဖက်သားက စိတ်ပျက်သွားနိုင်ပါတယ်။ ဒါက အိပ်ရာပေါ်မှာ ပုရိသတို့ သတိထားပြီး ရှောင်ရမယ့်အချက်ပါ။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက်အတွက် သာယာတဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို ရဖို့ဆိုရင် Foreplay ကို အလေးထား လုပ်ဆောင်သင့်ပါတယ်။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်းနှင့် ပွေ့ဖက်ခြင်း၊ ပွတ်သတ်ခြင်း စသည်တို့နဲ့ တစ်ဖက်သား အဆင့်သင့်ဖြစ်လာအောင် အစပျိုးတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် Foreplay က အရေးကြီးပါတယ်။
တစ်ဖက်သား ဆန္ဒမပါဘဲ ကြမ်းတမ်းစွာ ဆက်ဆံခြင်း
Photo : Psychology Today
ဆံပင်ဆွဲခြင်းအပါအဝင် အနည်းငယ်ကြမ်းတမ်းသော လိင်ဆက်ဆံခြင်းကို သဘောကျ နှစ်သက်တတ်တဲ့ သူရှိသလို၊ မနှစ်သက်တဲ့သူလည်း ရှိပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းစွာပြောဆို ဆက်ဆံပါ။ လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် တစ်ပါးသူ အဆင်ပြေမပြေ မသိဘဲ လိင်ဆက်ဆံနေစဉ်အတွင်း ကြမ်းတမ်းစွာ ပြုမူခြင်း၊ နာကျင်အောင်လုပ်ခြင်း၊ ဆံပင်ဆွဲလိုက်ခြင်း စတာတွေကို ရှောင်ရပါမယ်။ ကိုယ့်ပါတနာအပေါ် အလေးထားပြီး သူမကြိုက်တဲ့ အချက်ကိုရှောင်ခြင်းကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။
တစ်ဖက်သားကို ဖိအားပေးခြင်းကို ရှောင်ပါ
Photo : Mamamia
အိပ်ရာပေါ်မှာ မိမိရဲ့ သာယာပျော်ရွှင်မှုကိုပဲ အလေးထားပြီး အလျင်စလိုပြုလုပ်တာမျိုး၊ ဖိအားပေးတာမျိုး မလုပ်ပါနဲ့။ တစ်ဖက်သားရဲ့ သာယာမှုကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးများက အထွတ်အထိပ်ရောက်ဖို့ ပိုပိုခက်ခဲတတ်ပြီး အချိန်လည်း ပိုယူနိုင်ပါတယ်။ ဒီလို အခြေအမျိုးမှာ အမျိုးသားတို့အနေဖြင့် တစ်ဖက်သားကို မလောဘဲ ဖြည်းဖြည်းချင်းသာ သဘာဝအတိုင်း ပြုမူသင့်ပါတယ်။ အချို့သော အချိန်များမှာ ချီးကျူးစကားပေးခြင်းက သူမကို စိတ်အေးလက်အေး ကူညီပေးနိုင်ပြီး ပိုလို့တောင် စိတ်လှုပ်ရှားစေနိုင်ပါတယ်။ ဒီအချက်က ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ပိုမို အဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်။
ကွီးတို့ရဲ့ သာယာပျော်ရွှင်မှုအတိနဲ့ ဘေးကင်းပျော်ရွှင်သော လိင်မှုဘဝကို ရယူနိုင်ဖို့ ဒီအချက်တွေကို လုံးဝလိုက်နာပါ။
Source : Tiege
Featured Photo : Pexels