ယောကျာ်းလေးအများစု အသားအရေ ထိန်းသိမ်းဖို့ဆို ပျင်းကြပါတယ်။ ညဘက် အိပ်ရာမဝင်ခင် မျက်နှာလေး ပုံမှန်သစ်ကိုပင် ပျင်းတာပါ။ ဒါပေမယ့် အသားအရေ ဆိုတာ ကျွန်တော်တို့ရဲ့ ချစ်သူလေးလိုပဲ ပစ်စလက် ပစ်ထားလို့မရတဲ့ အရာပါ။ အသားအရေ ကျန်းမာရေးကို ဂရုမစိုက်ပဲ ပုံမှန်ထိန်းသိမ်းမှုလေးတွေ မလုပ်ပေးရင် အိုမင်းရင့်ရော်လွယ်ပြီး အရွယ်ကျစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ ရှုပ်ထွေးတဲ့ အသားအရေ ထိန်းသိမ်းနည်း အဆင့်ဆင့်တွေ မလုပ်နိုင်ရင်တောင် မျက်နှာသစ်ပြီး Night ခရင်မ် လေးတော့ မှန်မှန်လိမ်းပေးဖို့ လိုပါတယ်။ Night ခရင်မ်တွေက ဘာကောင်းကျိုးတွေ ရစေလဲဆိုရင်တော့ ဒီဆောင်းပါးလေးသာ အဆုံးထိ ဖတ်ကြည့်လိုက်ပါ။
Night ခရင်မ် ဘာကြောင့် လိမ်းသင့်လဲ ?
Photo : Purplle.com
ကျွန်တော်တို့ရဲ့ အသားအရေဟာ နေ့ဘက်ထက် ညဘက်မှာ အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ကုန်တွေကို ပိုမိုစုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ညဘက် အိပ်ပျော်ချိန်မှာ ကျွန်တော်တို့ရဲ့ အရေပြားရဲ့ ဆဲလ်တွေဟာ သူ့အလိုလို ပြန်လည် ပြုပြင်ထိန်သိမ်းနိုင်စွမ်း မြင့်မားပြီး ဆဲလ်အသစ်တွေ ပြန်လည် ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာမဝင်ခင် မှာ Night Creams လိမ်းတာက အသားအရေ ကျန်းမာရေးအတွက် ပိုမိုအကျိုးပြုပြီး လန်းဆန်းနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ Night Creams တွေမှာက အသားအရေ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Vitamin C ၊ Vitamin E ၊ Vitamin A ၊ Jojoba ဆီ ၊ သံလွင်ဆီ ၊ တရုတ်ဆီးသီးဆီ ၊ နှင်းဆီရေ ၊ ရှားစောင်းလက်ပတ် ၊ ပျားရည် ၊ အမိုင်နိုအက်စစ် ၊ စံပယ် ၊ အိုမင်းရင့်ရော်မှု ကာကွယ်ပေးတဲ့ ဒြပ်ပစ္စည်းတွေနဲ့ Antioxidants ၊ ကော်လဂျင်တို့လည်း ပါဝင်ပါတယ်။
Night ခရင်မ် လိမ်းပေးခြင်းရဲ့ ကောင်းကျိုးများ
Photo : Freepik
မျက်နှာအရေပြားပေါ်က ခြောက်သွေ့တဲ့ အစိတ်အပိုင်းတွေကို အစိုဓာတ်ဖြည့်တင်းပေးပြီး အစိုဓာတ်ကြာရှည် ထိန်းထားပေးတယ်။
မျက်နှာအသားအရေကို နူးညံ့ချောမွေ့စေတယ်။
အသားအရေကို မညီညာမှုတွေကို သက်သာစေပြီး နုပျိုလန်းဆန်းတဲ့ အသားအရေကို ရရှိစေတယ်။
မျက်နှာအရေပြားပေါ်မှာရှိတဲ့ သဘာဝ ကော်လဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးတယ်။
မျက်နှာအသားအရေရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးတယ်။
အရေးအကြောင်းတွေ လျော့ပါးစေတယ်။
အသားအရေ လျော့ရဲခြင်းကနေ ကာကွယ်ပေးတယ်။
အိုမင်းရင့်ရော်မှုကို တားဆီးပေးပြီး ငယ်ရွယ်နုပျိုတဲ့ ပုံပေါက်စေတယ်။
အသားအရေရဲ့ Elasticity ကို တိုးတက်ကောင်းမွန်စေတယ်။
ဆဲလ်အသစ်တွေ မွေးဖွားပေးပြီး အသားအရေကို အာဟာရဖြည့်တင်းပေးတယ်။
စတဲ့ ကောင်းကျိုးများစွာကို ရရှိစေမှာ ဖြစ်ပါတယ်။
စနစ်တကျ Night ခရင်မ် လိမ်းနည်း အဆင့်ဆင့်
Photo : Guy Counseling
Night ခရင်မ်လိမ်းတဲ့အခါ လိမ်းချင်သလို လိမ်းမယ်ဆိုရင် အာနိသင်နဲ့ ထိရောက်မှုက ထင်သလောက်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မှန်မှန်ကန်ကန်နဲ့ စနစ်တကျ Night ခရင်မ်လိမ်းနည်း အဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။
Night ခရင်မ် မလိမ်းခင်မှာ အရင်ဆုံး မျက်နှာကို ပုံမှန်အသုံးပြုနေကျ မျက်နှာသစ်ဆေးနဲ့ ဆေးကြောသန့်စင်ပါ။
ခရမ်င်ပမဏ ခပ်နည်းနည်း ဒါမှမဟုတ် အသင့်အတင့်ကို လက်ချောင်းထိပ်လေးနဲ့ တို့ယူပြီး မျက်နှာပေါ် အနှံ့ အစက်ချပါ။
ထို့နောက် ခရင်မ်ကို မျက်နှာအရေပြားပေါ် စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်လိမ်းပေးပါ။
Night ခရင်မ်ကို မျက်ခွံပေါ် မလိမ်းမိစေဖို့ သတိပြုရပါမယ်။
ကဲဒါဆို ကွီးတို့ ကျန်းမာနုပျိုတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အိပ်ရာမဝင်ခင်မှာ Night ခရင်မ် လေးတော့ ပုံမှန်လိမ်းပေးပါဗျ။
Featured Photo : Dermstore