နည်းပညာများ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်နေတဲ့ အိုင်တီခေတ် ကြီးထဲမှာ တတ်မြောက်ထားသင့်တဲ့ အခြေခံ ကွန်ပျူတာ စကေး များကို ကွီးတို့အားလုံး တတ်မြောက်ထားပြီးပါပြီလား။

ကွန်ပျူတာ အပိတ်အဖွင့်တော့ လုပ်တတ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမယ်ဆိုရင်တော့ အမှားကြီး မှားသွားလိမ့်မယ်နော်။ ဘာ့ကြောင့်လဲဆိုတော့ ယနေ့ခေတ်လူငယ်တွေက အိုင်တီနဲ့ ဖက်ပြီး မွေးလာတာဆိုတော့ ကွီးတို့ မတတ်ထားတဲ့အခါ အရာရာမှာ နောက်ကောက်ကျသွားပါလိမ့်မယ်။

အများနောက်မှာ နောက်ကောက်မကျရလေအောင် အိုင်တီခေတ် မှာ ဘယ်လို အခြေခံ စကေး တွေကို တတ်မြောက်ထားသင့်သလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ကိုယ့်ကွန်ပျူတာအတွက် အကိုက်ဆုံးဖြစ်မယ့် ဆော့ဖ်ဝဲများကို ထည့်သွင်းပါ

အိုင်တီခေတ် စကေး

အရင်ဦးဆုံး ကိုယ့်ကွန်ပျူတာအကြောင်းကို သိနားလည်အောင် ပြုလုပ်ထားရပါမယ်။ ဆော့ဖ်ဝဲဆိုတာကတော့ ကွန်ပျူတာတစ်လုံးကို ကောင်းကောင်းအသုံးပြုနိုင်ဖို့ရန်အတွက် လုပ်ဆောင်ပေးတဲ့ ပရိုဂရမ်သဘောမျိုးပါပဲ။ ကွန်ပျူတာနှင့် ပတ်သက်လာရင် အရေးအကြီးဆုံးကတော့ Operating System ခေါ် OS ပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ဒီစာကို ကွန်ပျူတာနဲ့ ဖတ်နေတာဆိုရင် ကွီးတို့ ကွန်ပျူတာက OS သည် အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ Window 10/11 လည်း ဖြစ်နိုင်သလို Mac OS လည်း ဖြစ်နိုင်ပါတယ်။

စာရိုက်တာကို လေ့ကျင့်ပါ

အိုင်တီခေတ် စကေး

လက်ကွက်ကျင့်ခြင်းကတော့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။ ကွီးတို့ များများကျင့်လေ စာရိုက်တာလည်း ပိုမိုလျင်မြန်လာပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွက် တစ်ထောင့်တစ်နေရာကနေ အသုံးတည့်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Microsoft Word ၊ Excel ၊ PowerPoint အစရှိသည်တို့ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လေ ကွီးတို့ရဲ့ ရုံးအလုပ်များ လုပ်ကိုင်ရတာ ပိုမိုအထောက်အပံ့ဖြစ်လေပါပဲ။ သင်ပေးမယ့်လူ မရှိလို့ဆိုပြီး စိတ်မညစ်ပါနဲ့။ ဒီလိုအခြေခံစကေးတွေဆိုတာ ကိုယ့်ဘာသာကိုယ် ဟိုစမ်း ဒီစမ်းနဲ့ပဲ တတ်မြောက်သွားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ အခြေခံအဆင့်ကိုမှ ကျော်လွန်ချင်တယ်ဆိုမှသာလျှင် သင်တန်းတက်ဖို့ လိုအပ်တာပါ။

Blog တစ်ခု ထောင်ပါ

အိုင်တီခေတ် စကေး

ယနေ့ အိုင်တီခေတ် ကြီးထဲတွင် Blog တစ်ခုထောင်ခြင်းသည်လည်း တတ်ထားသင့်တဲ့ စကေး တစ်ခုပဲဖြစ်ပါတယ်။ Blog တစ်ခုသည် ကွီးတို့နဲ့ အခြားသောသူတွေကို ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Blog တစ်ခု ထောင်ပြီး ကွီးတို့က ဆောင်းပါးများ၊ ဓာတ်ပုံများတင်ကာ ပိုမိုအဆင့်မြင့်လာပါက ကြော်ငြာများပါ လက်ခံနိုင်ပါတယ်။

အခြေခံ Graphic ဒီဇိုင်းပိုင်း

Graphic

ဓာတ်ပုံများကို တည်းဖြတ်ခြင်းသည်လည်း ကွီးတို့ တတ်မြောက်ထားသင့်တဲ့ စကေးတစ်ခုပဲဖြစ်ပါတယ်။ ဒီအတွက်ဆိုရင်တော့ Paint ကို အသုံးပြုရမှာဖြစ်ပါတယ်။ Paint ထဲမှာ Select လုပ်မယ်၊ Crop လုပ်မယ်၊ Shapes မျိုးစုံထည့်မယ်၊ Text စာသားများ ထည့်မယ်၊ Eraser ၊ Pen အစရှိတဲ့ Tools မျိုးစုံနှင့် ရင်းနှီး ကျွမ်းဝင်အောင် ပြုလုပ်ပြီး အသုံးပြုတတ်ရမှာပဲ ဖြစ်ပါတယ်။

Programming ပိုင်း

Programming

ကွန်ပျူတာကို ခလုတ်တွေ နှိပ်လိုက်တာနဲ့ ဘာ့ကြောင့် အလုပ်လုပ်သွားတယ်လို့ ထင်ပါသလဲ။

Programming ကပဲ အလုပ်လုပ်သွားတာဖြစ်ပါတယ်။ Programming ဆိုတာကတော့ တစ်နည်းပြောရရင် ကွန်ပျူတာတစ်ခုတည်းကသာ နားလည်တဲ့ ဘာသာစကားတစ်ခုပါ။ ထိုဘာသာစကားကို Programmer များက Code အဖြစ် ရေးသားပြီး ကွန်ပျူတာထဲ ထည့်သွင်း ခိုင်းစေလိုက်တာဖြစ်ပါတယ်။ IT ပိုင်းကို အမှန်တကယ် စိတ်ဝင်စားပြီး ထဲထဲဝင်ဝင် လေ့လာချင်သူများအတွက် တတ်မြောက်ထားသင့်တဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

ကွီးတို့ရော အိုင်တီခေတ် ရဲ့ အခြေခံ စကေး တွေထဲက ဘယ်စကေးကို တတ်မြောက်ထားပြီးပါပြီလဲ။

Source: Blog.udemy

Featured Image: Franklin University