အသက်အရွယ်အရ အိုမင်းရင့်ရော်မှုကို တားဆီးလို့မရနိုင်ပေမယ့် ကွီးတို့ရဲ့ စားသောက်နေထိုင်မှု ပုံစံအမှားတွေကနေတဆင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အစာအာဟာရဆိုတာ စားတက်ရင် ဆေးဖြစ်သလို မစားတက်ရင် ဘေးဖြစ်တက်တာကြောင့် ဒီတစ်ခေါက်မှာ ကွီးတို့ ရှောင်ရှားသင့်တဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် မှုကို မြန်ဆန်စေတဲ့ အစားအစား တွေ အကြောင်းပြောပြပေးချင်ပါတယ်။

(၁) အာလူးကြော်


Photo : Eat This , Not That

အာလူးကြော်တွေက ကြွပ်ကြွပ်ရွရွနဲ့ စားလို့အရမ်းကောင်းပေမယ့် ကျန်းမာရေးနဲ့တော့ လုံးမညီညွတ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဆီပူထဲမှာ ထည့်ကြော်ထားတဲ့ အစားအစာ တွေမှာ ကယ်လိုရီ မြင့်မားစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကိုတက်စေတဲ့အပြင် အရေပြားဆဲလ်တွေပျက်စီးစေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ထုတ်လုပ်ပေးတာကြောင့် အရွယ်အတိုင်ခင် အိုမင်းရင့်ရော် မှုကို မြန်ဆန်စေမှာပဲ ဖြစ်ပါတယ်။

(၂) ပြုပြင်ထားတဲ့ အသားများ


Photo : Eat This , Not That

ဘေကွန် ၊ ဟော့ဒေါ့ နဲ့ တခြားသော ပြုပြင်ထားတဲ့ အသားတွေမှာ ဆိုဒီယမ်ဓာတ် ၊ ပြည့်ဝဆီ နဲ့ Sulfite များ မြင့်မားစွာပါဝင်တာကြောင့် အသားအရေကို ရေဓာတ်ခန်းခြောက်စေပြီး နုပျိုခြင်းအတွက် အရေးပါတဲ့ သဘာဝ ကော်လာဂျင်ကို ပျက်စီးစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေစားတာဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေရုံမက ကင်ဆာနဲ့ အဝလွန်ရောဂါတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၃) ဆိုဒါ/ကော်ဖီ


Photo : Eat This , Not That

ဆိုဒါနဲ့ ကော်ဖီတွေကို အလွန်အကျွံသောက်သုံးခြင်းကလည်း အိုမင်းရင့်ရော်မှုနဲ့ ဆက်စပ်နေပါတယ်။ အကြောင်းကတော့ ဆိုဒါ/ကော်ဖီ လို Drink တွေမှာ ကဖိန်းဓာတ် အမြောက်အများ ပါဝင်နေတာကြောင့် ညဘက်မှာ အလွန်အကျွံသောက်မယ်ဆိုရင် အိပ်စက်ခြင်းအရည်အသွေးကို ကျဆင်းလာစေမှာပါ။ လူတစ်ယောက်ဟာ ကောင်းမွန်တဲ့အိပ်စက်မှု ပုံစံတစ်ခုမရှိပါက အသားအရေပျက်စီးလာစေပြီး မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းနဲ့ အသားအရေမညီမညာခြင်းတွေ ဖြစ်စေသလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော် ခြင်းရဲ့ လက္ခဏာတွေ တိုးလာစေမှာပဲ ဖြစ်ပါတယ်။

(၄) သကြားပါဝင်မှုများတဲ့ အစားအစာများ


Photo : Eat This , Not That

အချိုဓာတ်က အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ သကြားပါဝင်မှုများတဲ့ ကိတ်မုန့် ၊ အချိုစာတွေနဲ့ Energy Drinks လိုဖျော်ရည်တွေ အများအပြား စားသုံးတာဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် မှုနှုန်းကို တိုးစေပြီး အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကဲ့သို နာတာရှည်ကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

အထက်ပါ အစားအစာတွေအပြင် Fast Food တွေ ၊ အယ်လ်ကိုဟော ပါဝင်တဲ့ အရက်နဲ့ အဖျော်ယမကာတွေ ၊ မီးကင်ထားတဲ့ အသားတွေ ၊ သကြားလုံး ၊ ဆားပါဝင်မှုများတဲ့ အစားအစာတွေ ၊ Margarine ၊ ဆီသွပ်ဗူးတွေ ၊ Microwave နဲ့ နွေးစားရတဲ့ အေးခဲစာတွေ စတဲ့ အစားအစာ တွေကလည်း အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတာကြောင့် ကျန်းမာနုပျိုပြီး အရွယ်တင်ချင်တယ်ဆိုရင် ဒီအစားစာတွေကို တက်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။

Featured Photo : Freepik