အောက်တိုဘာလထဲမှာ ဂီတချစ်သူတို့အတွက် နားဆင်စရာ အမိုက်စား အယ်လ်ဘမ် အသစ်တွေ အများအပြား ထွက်ရှိလာခဲ့ ပြန်ပါပြီ။ Pop ၊ Indie Rock ၊ Death Metal နဲ့ Classic Post-Rock စသည်ဖြင့် မတူညီတဲ့ ဂီတ Genres အစုံ ပါဝင်ပါတယ်။ ဒီထဲကမှ သီချင်းချစ်သူ ၊ ဂီတချစ်သူ ကွီးတို့အတွက် မြည်းစမ်းခံစားကြည့်စရာ အယ်လ်ဘမ်ကောင်း အချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) The Smile – Cutouts

Source : The Smile

Thom Yorke ၊ Jonny Greenwood နဲ့ Tom Skinner တို့ အဖွဲ့ဝင် ၃ ယောက်ပါဝင်တဲ့ အင်္ဂလိပ် Rock Band ၊ The Smile အဖွဲ့ရဲ့ တတိယမြောက် အယ်လ်ဘမ် အသစ်ပါ။ Cutouts အယ်လ်ဘမ်မှာ Indie Rock ၊ Folk နဲ့ Orchestral Ballad စတဲ့ မတူညီတဲ့ သီချင်း အမျိုးအစားတွေ ပါဝင်ပါတယ်။ “Don’t Get Me Started” နဲ့ “Bodies Laughing” တို့လို အမိုက်စား သီချင်းတွေ ပါတာကြောင့် ကွီးတို့ ခံစားနားဆင်ကြည့်လိုက်ပါဦး။

(၂) Coldplay – Moon Music

Source : Coldplay

Moon Music အယ်လ်ဘမ် အသစ်နဲ့ Coldplay ရဲ့ Come Back ကတော့ ကြမ်းပါတယ်။ ဒီ အယ်လ်ဘမ်အသစ်မှာ ထူးခြားတဲ့ ဂီတပုံစံတွေ ပါဝင်ပြီး Burna Boy ၊ Little Simz နဲ့ TINI တို့လို အနုပညာသမားတွေနဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ သီချင်းတွေကို ခံစားနားဆင်ရမှာပါ။ “feelslikeimfallinginlove” နဲ့ “We Pray” တို့လို Single သီချင်းတွေအပြင် ခွန်အားဖြစ်စေမယ့် သီချင်းတွေ ၊ စွမ်းအားတွေ ဖြည့်ပေးမယ့် အမိုက်စား သီချင်းကောင်းတွေ ပါပါတယ်။

(၃) Dawn Richard & Spencer Zahn – Quiet in a World Full of Noise

Source : Dawn Richard

Dawn Richard နဲ့ Spencer Zahn တို့ ပူပေါင်းဖန်တီးထားတဲ့ Quiet in a World Full of Noise ကတော့ ဂီတချစ်သူတွေ ခံစားနားဆင်ကြည့်သင့်တဲ့ အယ်လ်ဘမ် အသစ်တစ်ခုပါပဲ။ ဒီအယ်လ်ဘမ်ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့ကြတာပါ? Richard ရဲ့ ညို့ငင်အားပြင်းတဲ့ အသံပါဝါနဲ့ Zahn ပြောင်မြောက်လှတဲ့ သံစဉ် ဖန်တီးမှုလက်ရာတွေ ပေါင်းစပ်ထားတဲ့ ဒီအယ်လ်ဘမ်ဟာ သီချင်းချစ်သူ ကွီးတို့အတွက် ထူးခြားတဲ့ အနုပညာရသအသစ်ကို ပေးစွမ်းနိုင်မှာ သေချာပါတယ်။

(၄) FINNEAS – For Cryin’ Out Loud!

Source : FINNEAS

FINNEAS ကိုတော့ Billie Eilish တွဲပြီး လူသိများပါတယ်။ For Cryin’ Out Loud! ဟာ FINNEAS ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် အသစ်ပါ။ “Cleats” နဲ့ “Lotus Eater” တို့လို သီချင်းတွေကို နားထောင်ကြည့်လိုက်ရင်ပဲ ဒီ အယ်လ်ဘမ်အပေါ် FINNEAS တစ်ယောက် ဘယ်လောက် အားထုတ်ထားလဲဆိုတာ သိသာပါတယ်။ ထိပ်တန်းဂီတပညာရှင်များစွာ ပူးပေါင်းပါဝင်တဲ့ FINNEAS ရဲ့ For Cryin’ Out Loud! အယ်လ်ဘမ်ကိုလည်း ကွီးတို့ မြည်းစမ်းကြည့် လိုက်ပါဦးနော်။

Source : Hit Channel

Featured Photo : Vulture