ကျွန်တော်တို့ အများစု အသားအရေ ထိန်းသိမ်းခြင်းတွေ လုပ်လေ့ရှိပေမယ့် ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကိုတော့ လျစ်လျူရှုထားမိ ကြပါတယ်။ အမျိုးသားတွေအနေနဲ့ ဦးရေပြားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းမှုနည်းကြတဲ့အတွက် ဗောက်နဲ့ ဦးရေပြားယားယံခြင်းတွေ ပိုဖြစ်လေ့ရှိပါတယ်။ အခုလို ရာသီဥတု ပူပြင်းလာချိန်မှာ ဦးရေပြားပေါ်က ထွက်လာတဲ့အဆီတွေနဲ့ ပြင်က ဖုန်နဲ့ အညစ်ကြေးတွေ ပေါင်းပြီး ဦးရေပြား ယားယံခြင်းတွေ ပိုအဖြစ်များပါတယ်။ ဒီလို ဦးရေပြား ယားယံခြင်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကွီး တို့အတွက် ထိရောက်တဲ့ နည်းလမ်း ကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ရှားစောင်းလက်ပတ်

Photo : Medical News Today

ရှားစောင်းလက်ပတ်ဟာ အသားအရေ အတွက်သာမက ဦးရေပြားနဲ့ ဆံသား ကျန်းမာရေးအတွက်လည်း အလွန် အသုံးဝင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး ဦးရေပြား ယားယံခြင်းနဲ့ ဗောက် ကဲ့သို့ ပြဿနာတွေကို ဖြေရှင်းနိုင်ရုံမက ဦးရေပြားကို ရေဓာတ်ဖြည့်ပေးကာ ဆံသားကြီး ထွားမှုနှုန်းကိုလည်း တိုးစေပါတယ်။ ရှားစောင်းလက်ပတ် ဂျယ်လ် ကို ဦးရေပြား အနှံ့ လိမ်းပြီး ၁၅ မိနစ်ခန့်ထားကာ ခေါင်းလျှော်ပေးလိုက်ရုံနဲ့ ဦးရေပြား ယားယံခြင်းကို သက်သာစေမှဖြစ်ပါတယ်။

(၂) ပန်းသီးရှာလကာရည်

Photo : Prevention.com

ဦးရေပြား ယားယံခြင်းကို ကုစားနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ပန်းသီးရှာလကာရည်ပဲ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ဟာ အက်စစ်ဓာတ်အပျော့စားတစ်ခုဖြစ်တာကြောင့် ဦးရေပြားပေါ်က မှိုနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ဦးရေပြား ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ ရောစပ်ပြီး ဦးရေပြားအနှံ့လိမ်းကျံကာ ၅ မိနစ်ခန့်ထားပါ။ ပြီးရင်တော့ ခေါင်း လျော်လိုက်လို့ ရပါပြီ။

(၃) သံလွင်ဆီ


Photo : Medical News Today

သံလွင်ဆီဆိုတာကတော့ ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် နာမည်ကြီးပါတယ်။ ခေါင်းမလျော်ခင် ၁၅ မိနစ်လောက်အလိုမှာ သံလွင်ဆီအနည်းငယ်လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြား သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဗောက်နဲ့ နှင်းခူကဲ့သို့ ဦးရေပြားပေါ်မှာ ဖြစ်တက်တဲ့ ပြဿနာတွေနဲ့ ယားယံခြင်းတွေကို လျော့ကျသက်သာစေမှာ ဖြစ်ပါတယ်။

Featured Photo : Needs Hair Studio