၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးမှာ ရာနဲ့ချီတဲ့ စမတ်ဖုန်းတွေ အများကြီး အသစ်ထွက်ရှိလာခဲ့ပြီး ဒီထဲကမှ အကောင်းဆုံး Android စမတ်ဖုန်း ၄ လုံးကို ရွေးချယ်ပေးချင်ပါတယ်။ ဒီစာရင်းမှာ Samsung Galaxy ဖုန်း အပါအဝင် Xiaomi နဲ့ Asus Zenfone ဖုန်းတွေလည်း ပါဝင်ပါတယ်။ ကဲဒါဆို ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Android စမတ်ဖုန်းတွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်ပါ။

(၁) ZTE Axon 40 Ultra

Photo : TechGoing

ZTE Axon 40 Ultra ဖုန်းကတော့ ပြီးပြည့်စုံတဲ့ အရွယ်အစားနဲ့ အမိုက်စား Flagship ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ၆.၈ လက်မ မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီတို့ ပါဝင်ပြီး ကင်မရာတပ်ဆင်မှု ပုံစံကတော့ Galaxy S21 Ultra နဲ့အနည်းငယ် ဆင်တူတယ်လို့ ပြောလို့ရပါတယ်။ ဒီဖုန်းဟာ ကင်မရာကောင်းကောင်း ကိုင်ချင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ Iconic ဖြစ်တဲ့ ဒီဇိုင်းကို အသုံးပြုပေးထားပါတယ်။

(၂) Xiaomi 13 Pro

Photo : Pocket-lint

ဒီနှစ်ထဲက ကင်မရာကောင်းတဲ့ ဖုန်းတွေထဲမှာ ရွေးချယ်စရာ စမတ်ဖုန်း တစ်လုံးဖြစ်လာတာကတော့ Xiaomi 13 Pro ပဲဖြစ်ပါတယ်။ ဒီဖုန်းဟာ ဒီဇင်ဘာလထဲကမှ ကြေညာသွားခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Premium ဆန်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ 50 MP ပင်မကင်မရာနဲ့ ကြီးမားကျယ်ပြန်တဲ့ ၆.၇၃ လက်မ မျက်နှာပြင် တပ်ဆင်ပေးထားပြီး Qualcomm SM8550 Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပါတယ်။

(၃) Asus Zenfone 9

Photo : GSMArena.com

Asus ရဲ့ Zenfone စီးရီးထဲမှာ သေးသေးကျစ်ကျစ်နဲ့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ Flagship စမတ်ဖုန်း တစ်လုံး ဒီနှစ် ၂၀၂၂ ခုနှစ် ထဲမှာ မိတ်ဆက်လာပါတယ်။ ဒါကတော့ Asus Zenfone 9 ပါ။ ဒီဖုန်းက အရွယ်အစားအားဖြင့် 146.5 x 68.1 x 9.1 mm သာရှိပြီး အလေးချိန်ကလည်း 169 g သာ ရှိပါတယ်။ ဆိုဒ်တော်တော်လေး သေးတဲ့ဖုန်းတစ်လုံး ဖြစ်ပေမယ့်လည်း Qualcomm SM8475 Snapdragon 8+ Gen 1 Chipset ကိုသုံးထားပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေး သာလွန်ထူးခြားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

(၄) Samsung Galaxy Z Fold4

Photo : Lifestyle Asia Hong Kong

၂၀၂၂ ခုနှစ် ထဲ ထွက်ရှိထားတဲ့ Foldable ဖုန်းတွေထဲမှာ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး စမတ်ဖုန်း ကတော့ Samsung Galaxy Z Fold4 ပဲ ဖြစ်ပါတယ်။ Galaxy Z Fold4 ဖုန်းမှာ Qualcomm Snapdragon 8+ Gen 1 Chipset ကိုမောင်းနှင်ထားပြီး ကင်မရာနဲ့ Display ပိုင်းမှာ ယခင်မျိုးဆက်တွေထက် သာလွန်တဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားကာ သာမန်ဖုန်းတွေနဲ့ သုံးရတာမတူတဲ့ ခေါက်ဖုန်းရဲ့ အမိုက်စား Experience တွေကို ပေးထားပါတယ်။

Featured Photo : Presse-citron