အင်တာနက်ခေတ်ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုက သင်စိတ်ထဲက မေးခွန်းတိုင်းရဲ့ အဖြေဟာ သင့်ရဲ့ လက်ညိုးထိပ်မှာ ရှိနေတာပါပဲ။ ဆိုလိုတာကတော့ လက်ညိုးတစ်ချက်ရွေ့လိုက်တာနဲ့ အင်တာနက်ပေါ်က အမျိုးမျိုးသော ဝက်ဘ်ဆိုဒ် တွေမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မလွယ်လေး ရှာဖွေနိုင်နေလို့ ဖြစ်ပါတယ်။ နေ့စဉ် Google ၊ Wikipedia နဲ့ LinkedIn တို့လို သတင်းအချက်အလက် ယုံကြည်ရတဲ့ ဝက်ဘ်ဆိုဒ်တွေပေါ်မှာ လူသန်းပေါင်းများစွာက သူတို့သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေအသုံးပြုနေကြပါတယ်။ ဒီတစ်ခေါက်မှာတော့ နည်းပညာကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် ၂၀၂၂ ခုနှစ်အတွင်းက လူသုံးအများဆုံး ဝက်ဘ်ဆိုဒ် တွေအကြောင်း စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
(၁) Google

Photo : Forbrugerrådet Tænk
ဒါကတော့ သံသယဖြစ်စရာ မရှိပါဘူး။ Google က လူသုံးအများဆုံး ဝက်ဘ်ဆိုဒ်စာရင်းမှာ နံပါတ် ၁ နေရာကနေ အခိုင်အမာ ရပ်တည်လျက်ရှိနေပါတယ်။ Google.com ဟာ အနိမ့်ဆုံး Bounce Rate နဲ့ဝင်ရောက်ကြည့်ရှုမှု အများဆုံး ဝက်ဘ်ဆိုဒ် တစ်ခု ဖြစ်ပါတယ်။
(၂) YouTube

Photo : The Independent
လူသုံးအများဆုံး ဝက်ဘ်ဆိုဒ် စာရင်းမှာ နံပါတ် ၂ နေရာက ရပ်တည်နေတာကတော့ YouTube ပါ။ YouTube ဟာ အသုံးပြုသူတွေအတွက် အလွယ်တကူ နားလည်နိုင်တဲ့ လုပ်ဆောင်ချက်တွေ စီစဉ်ပေးထားပြီး သတင်းအချက်အလက် ၊ အရည်အသွေးမြင့် Content တွေနဲ့ အကောင်းဆုံးဖျော်ဖြေရေး အစီအစဉ်တွေကို ပေးပါတယ်။ ကမ္ဘာတဝှမ်းမှာ YouTube အသုံးပြုတဲ့ Active Users ၂ ဘီလီယံကျော်ရှိပါတယ်။
(၃) Facebook

Photo : Wccftech
Facebook ဟာ ကမ္ဘာပေါ်က လူသုံးအများဆုံး လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်တွေထဲက တစ်ခုဖြစ်ပါတယ်။ Facebook အသုံးပြုသူ Active Users အရေအတွက်ကတော့၂.၉ ဘီလီယံကျော် ရှိပါတယ်။ Facebook ဟာ အသုံးပြုသူတွေအတွက် အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ Features အသစ်တွေကို Update ပေးနေပြီး သတင်းအချက်အလက် ၊ အခမဲ့ စာတိုပေးပို့မှု ၊ ဖုန်းခေါ်ဆိုမှုစတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါတယ်။
(၄) Instagram

Photo : MacRumors
Instagram ဟာ လစဉ်အသုံးပြုသူ ၂ ဘီလီယံကျော်ရှိတဲ့ လူကြိုက်အများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုဒ် တွေထဲက တစ်ခုဖြစ်ပါတယ်။ Insta Hashtags တွေက ကမ္ဘာတဝှမ်းက နာမည်ကြီး ဆယ်လီတွေ ၊ လူငယ်တွေနဲ့ လူလတ်ပိုင်း အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံး ဖြစ်ပါတယ်။
(၅) Twitter

Photo : The Verge
လူသုံးအများဆုံး ဝက်ဘ်ဆိုဒ်တွေထဲမှာ Twitter ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ များသောအားဖြင့် Twitter က အမေရိကန်နိုင်ငံမှာ လူသုံးများတဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ Twitter ကို Memes နဲ့ Microblog တွေအတွက် သုံးကြသလို ကုန်ပစ္စည်းအမှတ်တံဆိပ်မြှင့်တင်ရေး (Brand Promotion) ၊ စီးပွားရေး အကြံဉာဏ်ရယူရေး စတဲ့ကဏ္ဍတွေအတွက် အကျိုးများတဲ့ ဝက်ဘ်ဆိုဒ် တစ်ခုအဖြစ် လည်း လူသိများပါတယ်။
(၆) Wikipedia
Photo : Business Insider
နောက်ထပ် လူကြိုက်အများဆုံး ဝက်ဘ်ဆိုဒ် တွေထဲကတစ်ခုကတော့ Wikipedia ဖြစ်ပါတယ်။ Wikipedia မှာ နေ့စဉ် ဆောင်းပါးပေါင်း ၅၀၀ ကျော်ကို တင်ပေးနေပါတယ်။ Wikipedia ကို ကမ္ဘာတစ်ဝှမ်းက ဗဟုသုတအဖြာဖြာ ပေါင်းဆုံရာ အကြီးဆုံးစွယ်စုံကျမ်းကြီးလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ Wikipedia ရဲ့လူကြိုက်များ ရေပန်းအစားဆုံး ဆောင်းပါးကတော့ Betty White အကြောင်း ဖြစ်ပါတယ်။
(၇) Office

Photo : PCMag
Office.com ကလည်း လူသိများကျော်ကြားတဲ့ ဝက်ဘ်ဆိုဒ် တွေထဲက တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့် Office က နာမည်အကြီးဆုံး စီးပွားရေး ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ သုံးစွဲသူပေါင်း ၁.၆ ဘီလီယံကျော် ရှိပါတယ်။ Office 365 ဟာ အသုံးပြုရလွယ်ကူသလိုယုံကြည်စိတ်ချရပြီး ပြီးပြည့်စုံတဲ့ Universal Software တစ်ခုဖြစ်ပါတယ်။
(၈) Baidu

Photo : LTL Mandarin School
Baidu က Powerful ဖြစ်တဲ့ Search Engine တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် တရုတ်နိုင်ငံမှာရှိတဲ့ Search Engin အများစုကို Baidu ကပဲ ထိန်းချုပ်ထားပါတယ်။ Baidu ဟာ တရုတ်နိုင်ငံရဲ့ နံပါတ် ၁ Search Engine တစ်ခုဖြစ်ပြီး Baidu Webpage ၊ Map ၊ Video နဲ့ Pedia စတာတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
(၉) Yahoo

Photo : PCMag
Yahoo က နာမည်ကြီး ဝက်ဘ်ဆိုဒ်တွေထဲကတစ်ခုဖြစ်ပြီး Global Rank အရတော့ အဆင့် ၁၁ နေရာမှာ ရှိပါတယ်။ Yahoo ကိုအသုံးပြုသူ လစဉ် ၃.၂ ဘီလီယံကျော် ရှိပါတယ်။ Yahoo.com ဝက်ဘ်ဆိုဒ်ရဲ့ Traffic အများစုကတော့ အမေရိကန်နိုင်ငံကနေ ရရှိနေတာပဲ ဖြစ်ပါတယ်။
(၁၀) XVideos

Photo : 1000 Logos
XVideos ကတော့ ကမ္ဘာတစ်ဝှမ်းက လူကြည့်အများဆုံး ဝက်ဘ်ဆိုဒ် တွေထဲက တစ်ခုဖြစ်ပါတယ်။ လစဉ်အသုံးပြုသူပေါင်း ၃.၄ ဘီလီယံကျော် ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီ Users ၃.၄ ဘီလီယံကျော်ထဲမှာ ဂေါင်းကြီးတို့လည်း ပါဝင်နေနိုင်ပါတယ်။ XVideos က လူကြီးဖျော်ဖြေရေး ဝက်ဘ်ဆိုဒ် အမျိုးအစားတစ်ခု ဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ လစဉ် Users ၃.၃ ဘီလီယံကျော်နဲ့ Pornhub ရှိနေပါတယ်။
Featured Photo : INSIDE

