ကမ္ဘာပေါ်တွင် နာမည်ကြီး လက်ဝှေ့အကျော်အမော်များ အများအပြားရှိပါတယ်။ ထို ကမ္ဘာကျော် လက်ဝှေ့ အကျာ်အမော်များထဲကမှ ကမ္ဘာ့အခန့်ညားဆုံးအဖြစ် သတ်မှတ်ခံထားရသူတွေက ဘယ်သူလဲဆိုတာ ကွီးတို့ သိပါသလား။ ကမ္ဘာ့အခန့်ညားဆုံး ကမ္ဘာကျော် လက်ဝှေ့ သမားတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် ဆက်လက်လေ့လာနိုင်ပါတယ်။
(၁) Amir “King” Khan

Photo: Twitter
သူ့ရဲ့နာမည်ပြောင်ကတော့ King ပဲဖြစ်ပါတယ်။ ဒီလိုနာမည်ပြောင်ရခြင်းကလည်း အကြောင်းအရင်းရှိပါတယ်။ သူ့ရဲ့ လက်ဝှေ့ထိုးကွက်နှင့် နည်းဗျူဟာတွေက သူမတူ ထူးခြားပြီး လှပလို့ပဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှ တဆင့် လူသိများလာခဲ့ပြီး ပရဟိတလုပ်ငန်းများတွင်လည်း စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
(၂) Anthony “AJ” Joshua

ဒုတိယအခန့်ညားဆုံး ကမ္ဘာကျော် လက်ဝှေ့ သမားကတော့ Anthony “AJ” Joshua ပဲဖြစ်ပါတယ်။ သူ့ရဲ့ အရပ်အမောင်းကတော့ ၆ ပေ ၆ လက်မပဲ ဖြစ်ပါတယ်။ သူသည် ၂၀၁၂ ခုနှစ်တုန်းက လန်ဒန်ဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး နာမည်ကျော်ကြား လူကြိုက်များလာခဲ့တာပဲဖြစ်ပါတယ်။
(၃) David “Hayemaker” Haye

သူကတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုး လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပေမယ့်လို့ ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။
(၄) Danny “Swift” Garcia

သူကတော့ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်လူမျိုး ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်ကတည်းက လက်ဝှေ့လောကထဲ ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လက်ဝှေ့နည်းဗျူဟာကလည်း အံ့မခန်းလောက်အောင် မိုက်ပါတယ်။ သူသည် လက်ဝှေ့ထိုးခြင်းအပြင် ဆံပင်ညှပ်ဆိုင်၊ အဝတ်အထည်ဆိုင်နှင့် Local Artists တွေအတွက် အသံသွင်းစတူဒီယိုတစ်ခု အစရှိတဲ့ နယ်ပယ်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပါသေးတယ်။
(၅) Anthony Ogogo

Photo: Progresswrestling
နံပါတ် (၅) နေရာမှာ ရပ်တည်နေတဲ့ ကမ္ဘာ့အခန့်ညားဆုံး ကမ္ဘာကျော် လက်ဝှေ့ သမားကတော့ Anthony Ogogo ပဲဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အပြည့်အစုံကတော့ Anthony Osejua Ojo Ogogo ဖြစ်ပြီး အင်္ဂလိပ်လူမျိုး လက်ဝှေ့သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက အပျော်တမ်း လက်ဝှေ့သမားအဖြစ် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ကစားရာ ကြေးတံဆိပ်ဆု ရရှိခဲ့ရာကနေ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင်တော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားအဖြစ် ရပ်တည်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။
Source: Howtheyplay
Featured Image:
