သမိုင်းရာဇဝင်များသည် မျိုးဆက်တစ်ဆက်ကနေ အခြားတစ်ဆက်ဆီသို့ လက်ဆင့်ကမ်းကာ သမိုင်းမပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြတာဖြစ်ပါတယ်။ ဘောလုံးရာဇဝင်သည်လည်း ထိုနည်းအတိုင်းပဲ ဖြစ်ပါတယ်။ စီနီယာကျတဲ့ ဘောလုံးချစ်သူများက သူတို့ရဲ့ ဂျူနီယာ ဘောလုံးဝါသနာအိုးများထံ လက်ဆင့်ကမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးအားကစား အောင်မြင်နေရခြင်းသည် အရည်အချင်းရှိတဲ့ ဘောလုံးအားကစားသမားများ လိုအပ်သလို ထိုကစားသမားများကို အားပေးတဲ့ ဘောလုံးဖန်တွေလည်း လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကျယ်ဝန်းပြီး မြက်ခင်းစိမ်းများဖြင့် စိမ်းစိုနေတဲ့ ဘောလုံးကွင်းများလည်း လိုအပ်ပါသေးတယ်။ ကမ္ဘာပေါ်တွင် ကမ္ဘာ့ နာမည်အကြီးဆုံး ဘောလုံးကွင်း များ အများအပြားရှိတဲ့အနက် အခမ်းနားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘောလုံးကွင်းကတော့ လက်ချိုးရေလို့ ရပါတယ်။
ဘောလုံးချစ်သူများအနေနဲ့ ကမ္ဘာ့ အနှံ့ပတ်ကာ ခရီးထွက်ဖြစ်တဲ့အခါ အခုဖော်ပြပေးမယ့် ဘောလုံးကွင်း များဆီသို့ မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။
(၂၀) Azadi Stadium

ဒီဘောလုံးကွင်းကတော့ အီရန်နိုင်ငံမှာ တည်ရှိတဲ့ ဘောလုံးကွင်းတစ်ခုဖြစ်ပြီ ၁၉၇၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ နာမည်အကြီးဆုံး ဘောလုံးကွင်း များအနက် နံပါတ် (၂၀) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
(၁၉) De Meer Stadion

ဒီဘောလုံးကွင်းကတော့ ၁၉၉၆ ခုနှစ် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၉၈ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲနှင့် ၂၀၁၃ ခုနှစ် ယူရိုပါလိဂ် ဖိုင်နယ်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တည်နေရာကတော့ နယ်သာလန်နိုင်ငံ၊ Amsterdam မှာ တည်ရှိတာဖြစ်ပြီး ပရိသတ်ပေါင်း ၅၃၀၅၂ ဦး ဝင်ဆံ့ပါတယ်။
(၁၈) Estadio Da Lux

ဒီဘောလုံးကွင်းကတော့ ပေါ်တူဂီနိုင်ငံ၊ Lisbon မြို့မှာ တည်ရှိတာဖြစ်ပြီး ၂၀၀၃ ခုနှစ်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ပေါင်း ၆၅၆၄၇ ဦး ဝင်ဆံ့ပြီး အမိုက်စား ဗိသုကာလက်ရာများဖြင့် ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။
(၁၇) Ibrox Stadium

ဒီဘောလုံးကွင်းကတော့ စကော့တလန်နိုင်ငံ၊ Glasgow မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ၁၈၉၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူဦးရေအားဖြင့် ၅၁၀၈၂ ဦး ဝင်ဆံ့ပါတယ်။ စကော့တလန်နိုင်ငံသို့ သွားရောက်လည်ပတ်ဖြစ်တဲ့အခါ မဖြစ်မနေ သွားရောက်သင့်တဲ့ ဘောလုံးကွင်းတစ်ခုပဲဖြစ်ပါတယ်။
(၁၆) Juventus Stadium

အီတလီနိုင်ငံ၊ Turin မြို့ရှိ အထင်ကရ ဘောလုံးကွင်းတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘောလုံးကွင်းကတော့ အခြားသော အထင်ကရ ဘောလုံးကွင်းများနှင့် ယှဥ်တဲ့အခါ သက်တမ်းအနုဆုံးနှင့် အသစ်လွင်ဆုံး ဘောလုံးကွင်းတစ်ခု ဖြစ်ပါတယ်။
(၁၅) Celtic Park

ဒီဘောလုံးကွင်းသည်လည်း စကော့တလန်နိုင်ငံ၊ Glasgow မြို့မှာ တည်ရှိတာဖြစ်ပြီး ၁၈၉၂ ခုနှစ်က ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ စကော့တလန်နိုင်ငံတွင် သက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံး ဘောလုံးကွင်းတစ်ခုဖြစ်ပြီး ပရိသတ်စုစုပေါင်း ၆၀၃၅၅ ယောက် ဝင်ဆံ့ပါတယ်။
(၁၄) Estadio Monumental Antonio Vespucio Liberti

တည်နေရာကတော့ အာဂျင်တီးနားနိုင်ငံရှိ Buenos Aires မြို့တွင် တည်ရှိတာဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အထင်ကရပွဲ ကျင်းပခဲ့ချိန်ကတော့ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ် ကျင်းပခဲ့ချန်ပဲ ဖြစ်ပါတယ်။
(၁၃) Estadio Alberto J. Armando

ဒီဘောလုံးကွင်းသည်လည်း အာဂျင်တီးနားနိုင်ငံရှိ Buenos Aires မြို့တွင် တည်ရှိပါတယ်။ ၁၉၄၀ ခုနှစ်တုန်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူဦးရေအားဖြင့် ၄၉၀၀၀ ဝင်ဆံ့တဲ့ ဘောလုံးကွင်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။
(၁၂) Estadio Centenario

ဒီဘောလုံးကွင်းကတော့ Uruguay နိုင်ငံ၊ Montevideo မြို့တွင် တည်ရှိတာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ခဲ့ချိန်ကတော့ ၁၉၃၀ ခုနှစ်ကဖြစ်ပြီး ထိုနှစ်ထဲမှာပဲ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
(၁၁) Anfield

အင်္ဂလန်နိုင်ငံ၊ Liverpool မြို့တွင် တည်ရှိပြီး Liverpool အသင်းရဲ့ အိမ်ကွင်းပဲဖြစ်ပါတယ်။ ၁၈၈၄ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး လူဦးရေ စုစုပေါင်း ၄၅၂၇၆ ယောက် ဝင်ဆံ့ပါတယ်။
(၁၀) First National Bank Stadium

တောင်အာဖရိကနိုင်ငံရှိ Johannesburg မြို့တွင် တည်ရှိပြီး ၁၉၈၉ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ် ကျင်းပခဲ့တဲ့ အထင်ကရနေရာတစ်ခုဆိုလည်း မမှားပါဘူး။
(၉) Estadio Azteca

Mexico City တွင် တည်ရှိပြီး ၁၉၆၆ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဘောလုံးကွင်းတစ်ခုဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၁၀၅၀၆၄ ယောက် ဝင်ဆံ့ပါတယ်။ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်ကို ၁၉၇၀ တွင် တစ်ကြိမ် ၊ ၁၉၈၆ ခုနှစ်တွင် တစ်ကြိမ် ကျင်းပခဲ့ပါတယ်။
(၈) Stadio Giuseppe Meazza

အီတလီနိုင်ငံ၊ မီလန်မြို့ရှိ ဘောလုံးကွင်းတစ်ခုဖြစ်ပြီး AC Milan အသင်းကြီးရဲ့ အိမ်ကွင်းတစ်ခုလည်းဖြစ်ပါတယ်။ ဥရောပဖလား ဖိုင်နယ်ပွဲစဥ်ကို ၁၉၆၅ နှင့် ၁၉၇၀ ခုနှစ်များတါင် ကျင်းပခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်ကိုတော့ ၂၀၀၂ ခုနှစ်က ကျင်းပခဲ့ပါသေးတယ်။
(၇) Signal Iduna Park

ဂျာမနီနိုင်ငံရှိ ဘောလုံးကွင်းတစ်ခုဖြစ်ပြီး ၁၉၇၄ နှင့် ၂၀၀၆ ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်များ ကျင်းပခဲ့ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။
(၆) Allianz Arena

Munich ရှိ ဘောလုံးကွင်းတစ်ခုဖြစ်ပြီး Bayern Munich အသင်းကြီးရဲ့ အိမ်ကွင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်များ ကျင်းပခဲ့ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။
(၅) The Maracana

ဘရာဇီးနိုင်ငံ၊ Rio de Janeiro မြို့ရှိ ဘောလုံးကွင်းတစ်ခုဖြစ်ပြီး ၁၉၅၀ နှင့် ၂၀၁၄ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်များ ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်တုန်းကလည်း အိုလံပစ် ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဥ် ကန်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
(၄) Old Trafford

အင်္ဂလန်နိုင်ငံရှိ အကြီးဆုံး ဘောလုံးကွင်းများထဲက တစ်ခုဖြစ်ပြီး Manchester United အသင်းရဲ့ အိမ်ကွင်းတစ်ခုပဲဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ် ကျင်းပခဲ့ရာ ဘောလုံးကွင်းတစ်ခုလည်း ဖြစ်ပါတယ်။
(၃) Santiago Bernabeu

Real Madrid အသင်းကြီးနှင့် စပိန် အမျိုးသားဘောလုံးအသင်းတို့ရဲ့ အိမ်ကွင်းဖြစ်ပါတယ်။ ခမ်းနားလှပတဲ့ ဗိသုကာလက်ရာများဖြင့် ဆောက်လုပ်ထားပြီး ၁၉၅၇ ၊ ၁၉၆၉ နှင့် ၁၉၈၀ ခုနှစ်များတွင် ဥရောပဖလား ဖိုင်နယ်ပွဲစဥ်များ၊ ၂၀၁၀ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်နှင့် ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်များ ကျင်းပခဲ့တဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။
(၂) Camp Nou

FC Barcelona အသင်းကြီးရဲ့ အိမ်ကွင်းဖြစ်ပြီး ၁၉၈၉ ဥရောပဖလား ဖိုင်နယ်ပွဲစဥ်နှင့် ၁၉၉၉ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်များ ကျင်းပခဲ့ရာနေရာတစ်ခုဖြစ်ပါတယ်။
(၁) Wembley Stadium

လန်ဒန်မြို့တွင် တည်ရှိတဲ့ ဘောလုံးကွင်း တစ်ခုဖြစ်ပြီး လူဦးရေ ကိုးသောင်း ဝင်ဆံ့တဲ့ ဘောလုံးကွင်းကြီးတစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်များတွင် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်များ၊ ၂၀၁၂ ခုနှစ်တွင် အိုလံပစ် ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဥ်များကို ခမ်းခမ်းနားနားကျင်းပခဲ့ပါသေးတယ်။
Source: Bleacherreport.
Featured Image: Zaha-hadid
