ကွီးတို့ရဲ့ အိပ်မက်ထဲမှာ စိတ်ကူးယဥ် နိုင်ငံတစ်နိုင်ငံက ဘယ်လိုမျိုးလဲ။ ထိုစိတ်ကူးယဥ် နိုင်ငံမျိုးထဲမှာ ကိုယ် ချစ်တဲ့သူတွေနဲ့ တစ်သက်လုံး ပျော်ပျော်ပါးပါးနေနိုင်မယ်ဆိုရင် ဘယ်လိုနိုင်ငံမျိုးကို ရွေးချယ်ချင်ပါသလဲ။ တကယ်တော့ ကမ္ဘာ ပေါ်မှာ သဘာဝ ရှုခင်း အသွယ်သွယ်နဲ့ လှပနေတဲ့ နိုင်ငံ များ အများအပြား ရှိပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိတဲ့အနက် နေလို့အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံ (၁၀) နိုင်ငံလည်းရှိပါတယ်။

ဘယ်နိုင်ငံတွေက ကမ္ဘာ ပေါ်မှာ နေလို့ အကောင်းဆုံး နိုင်ငံ တွေအဖြစ် သတ်မှတ်ခြင်း ခံထားရသလဲဆိုတာ ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

ဆွီဒင်

best countries for living

Photo: Planetware

ကမ္ဘာ့နေလို့အကောင်းဆုံး နိုင်ငံ (၁၀) နိုင်ငံထဲမှာ နံပါတ် (၁) ချိတ်တဲ့ နိုင်ငံကတော့ ဆွီဒင်နိုင်ငံပဲဖြစ်ပါတယ်။ ဘာ့ကြောင့် နံပါတ် (၁) နေရာမှာ ချိတ်ရသလဲ။

အလုပ်အကိုင်များ ပေါကြွယ်ဝပြီး စီးပွားရေး ကြွယ်ဝချမ်းသာတဲ့ နိုင်ငံဖြစ်တဲ့အပြင် ပညာရေးကလည်း ထိပ်တန်းပညာရေးလို့တောင် ပြောလို့ရပါတယ်။ လူနေမှု အဆင့်အတန်းကလည်း မြင့်မားတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ နေလို့အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။

ဒိန်းမတ်

best countries for living

Photo: Taveltriangle

ဒုတိယ နေလို့အကောင်းဆုံး နေရာကတော့ ဒိန်းမတ်ပဲဖြစ်ပါတယ်။ Work-Life Balance ဘဝမျိုးကို ရရှိနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အလုပ်ရော ကိုယ်ပိုင်ဘဝပါ ညီမျှတဲ့အတွက်ကြောင့် စိတ်ဖိစီးစရာများလည်း ရှိမှာမဟုတ်တော့ပါဘူး။ နားချိန်လည်း အပြည့်အဝရရှိတဲ့အတွက်ကြောင့် ပျော်ရွှင်စရာ နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။

ကနေဒါ

best countries for living

Photo: Taveltriangle

ကနေဒါကတော့ နံပါတ် (၃) နေရာမှာ ချိတ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေး စနစ်ကလည်း အင်မတန်ကောင်းမွန်ပြီး ရွေ့ပြောင်းနေထိုင်ကြသူများလည်း အများအပြားရှိကြတဲ့အတွက်ကြောင့် ယဥ်ကျေးမှုမျိုးစုံကို မြင်တွေ့နိုင်ပါတယ်။ လူမျိုး၊ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေထိုင်ကြတာကို တွေ့မြင်ရမှာဖြစ်ပြီး ကွာလတီပြည့်မှီတဲ့ လူနေမှု ဘဝကို ခံစားရမှာပဲဖြစ်ပါတယ်။

ဆွစ်ဇာလန်

best countries for living

Photo: Expatica

ဆွစ်ဇာလန်နိုင်ငံကတော့ ဘက်ပေါင်းစုံကနေ ကြည့်ရှုတဲ့အခါ ဟာကွက်မရှိအောင်ကို ပြီးပြည့်စုံနေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ လုံခြုံမှု အပြည့်အဝရရှိနိုင်ပြီး ပညာရေး၊ ကျန်းမာရေးပိုင်းလည်း သာလွန်ကောင်းမွန်ပါတယ်။

နော်ဝေး

ကမ္ဘာ နိုင်ငံ

Photo: Timeout

ဒီနိုင်ငံမှာလည်း ကျန်းမာရေးနဲ့ ပညာရေးသည် အလကားရရှိနိုင်တဲ့ ဝန်ဆောင်မှုများပဲ ဖြစ်ပါတယ်။ အောက်ခြေဝန်ထမ်းအလုပ်တွေတောင်မှ ဝင်ငွေအတော်အသင့် ကောင်းမွန်ပါတယ်။ သူတို့ဘာသာစကားကိုပါ ပြောတတ်မယ်ဆိုရင်တော့ အခက်အခဲမရှိနေထိုင်နိုင်ပြီး အလုပ်ပါ ကြိုးစားမယ်ဆိုရင်တော့ သာလွန်ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

ဖင်လန်

ကမ္ဘာ နိုင်ငံ

Photo: Nationalgeographic

ဖင်လန်နိုင်ငံရဲ့ အကောင်းဆုံးအရာကတော့ ပညာရေးပဲဖြစ်ပါတယ်။ ပညာရေးစနစ်သည် အခြေခံပညာရေးသာမက ဘွဲ့ကြို၊ ဘွဲ့လွန်မာစတာဘွဲ့၊ ဒေါက်တာဘွဲ့တွေအထိပါ Free ရနိုင်တဲ့ ပညာရေးစနစ်ပဲဖြစ်ပါတယ်။

ဂျာမနီ

ကမ္ဘာ နိုင်ငံ

Photo: State

နံပါတ် (၇) နေရာမှာ ရပ်တည်နေတာကတော့ ဂျာမနီနိုင်ငံပဲဖြစ်ပါတယ်။ သူ့မှာလည်း ပညာရေး၊ လူနေမှု အဆင့်အတန်း၊ စီးပွားရေး အဘက်ဘက်က သာလွန်ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားတဲ့အပြင် အင်္ဂလိပ်ဘာသာစကားကိုလည်း ဒုတိယဘာသာစကားအဖြစ် ပြောဆိုကြတဲ့အတွက်ကြောင့် နေထိုင်လို့လည်း အဆင်ပြေမှာဖြစ်ပါတယ်။

နယ်သာလန်

ကမ္ဘာ နိုင်ငံ

Photo: Thoughtco

နောက်ထပ် နေလို့အကောင်းဆုံး နိုင်ငံကတော့ နယ်သာလန်နိုင်ငံပဲဖြစ်ပါတယ်။ ထိုနိုင်ငံသည်လည်း အလုပ်နှင့် နားချိန် မျှခြေရှိတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ လှပတဲ့ ရှုမျှော်ခင်းများနှင့် ပြည့်နှက်နေပြီး နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ

ကမ္ဘာ နိုင်ငံ

Photo:

သြစတြေးလျနိုင်ငံသည် ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုတည်းမှာတင် မတူညီတဲ့ ရာသီဥတုများစွာရှိတဲ့အတွက်ကြောင့် ခရီးသွားလာလို့ကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

နယူးဇီလန်

ကမ္ဘာ နိုင်ငံ

Photo: Career-advice.jobs.ac.uk

သဘာဝအလှတရားများနှင့် ပြည့်နှက်နေတဲ့ နိုင်ငံတွေထဲမှာ နယူးဇီလန်နိုင်ငံကိုလည်း ချန်ထားခဲ့လို့မဖြစ်ပါဘူး။ သူ့မှာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများစွာ တည်ရှိပြီး ကျန်းမာရေးစနစ်လည်း ကောင်းမွန်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကမ္ဘာ ပေါ်တွင် နေလို့အကောင်းဆုံး နိုင်ငံ (၁၀) နိုင်ငံထဲက ဘယ်နိုင်ငံမှာ နေထိုင်ချင်ပါသလဲ။

Source: Usnews

Featured Image: Cntraveller