ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ လှုပ်ရှားမှုနည်းတဲ့အခါမှာ ပေါ့ပါးမှုမရှိဘဲ လေးလံထိုင်းမှိုင်းလာပြီး ခန္ဓာကိုယ်တွင်းမှာ ကယ်လိုရီတွေ စုလာနိုင်ပါတယ်။ ထိုသို့ ကိုလိုရီတွေ များလာတဲ့အခါ ကိုယ်အလေးချိန်တိုးလာပြီး အဝလွန်ခြင်း ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများ ရင်ဆိုင်ရနိုင်ပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကျစ်လစ်ပေါ့ပါးတဲ့ ခန္ဓာကိုယ်မျိုးလိုချင်ရင်တော့ အန္တရာယ် အကင်းဆုံးနည်းလမ်းက လေ့ကျင့်ခန်းများ လုပ်ခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းစေရုံသာမက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ တကယ်ကို အကျိုးထူးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကယ်လိုရီတွေ ကို ရှယ်ကြိတ် နိုင်မဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။

ကြိုးခုန်ခြင်း

ကယ်လိုရီတွေ ရှယ်ကြိတ်

Photo : Swolverine

ကယ်လိုရီတွေ ရှယ်ကြိတ် ဖို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းကတော့ ကြိုးခုန်ခြင်းပဲ ဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက ခြေသလုံးကြွက်သားနှင့် ခြေကျင်းဝတ်သန်မာမှု၊ ကြံ့ခိုင်မှု၊ ကိုယ်ဟန်အနေအထားနှင့် နှလုံးသွေးကြောဆိုင်ရာ ခံနိုင်ရည်တို့ကို ဖွံ့ဖြိုးစေရန်အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်လို့ အာဟာရပညာရှင် Gabbi Berkow CPT မှ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆကို တည်ဆောက်ပေးတဲ့အပြင် အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကြိုးခုန်ခြင်းကိုစတင်ရန် အကောင်းဆုံးနည်းလမ်းမှာ ခပ်နှေးနှေးဖြင့် စက္ကန့် ၂၀ မှ ၃၀ အတွင်း ဆက်တိုက်ခုန်ပြီးနောက် လက်ကောက်ဝတ်နဲ့ ခုန်ခြင်း အချိန်ကိုက် ကျွမ်းကျင်ပြီးတာနဲ့ ကယ်လိုရီပိုလောင်ကျွမ်းဖို့ အမြန်နှုန်းနဲ့ ကြာချိန်ကို တိုးမြှင့်လုပ်ဆောင်ပါ။

တစ်နာရီ ကြိုးခုန်လျှင် ကယ်လိုရီ ၆၆၇ မှ ၉၉၀ အထိ လောင်ကျွမ်းနိုင်ပါတယ်။

ပြေးခြင်း

ကယ်လိုရီတွေ ရှယ်ကြိတ်

Photo : Men’s Health

ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ထိထိမိမိ လေ့ကျင့်ခန်းတစ်ခုကို ပြောပါဆိုရင် အပြေးလေ့ကျင့်ခန်းကတော့ မပါမဖြစ်ပါပဲ။ အပြေးလေ့ကျင့်ခန်းက လူတိုင်းလွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအုပ်စုတိုင်းကို အသုံးပြုရတဲ့အတွက် ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေပါတယ်။

အပြေးလေ့ကျင့်ခန်းက တစ်နာရီမှာ ကယ်လိုရီ ၅၀၀ ကနေ ၁၀၀၀ အထိလောင်ကျွမ်းနိုင်ပါတယ်။

လှေကားထစ်တတ်ခြင်း

ကယ်လိုရီတွေ ရှယ်ကြိတ်

Photo : Greatist

လှေကားထစ်များကို ပုံမှန်အတိုင်းတတ်ခြင်းကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေမဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့က ဆွဲငင်အားကို ဆန့်ကျင်ပြီး လှေကားထစ်များကို တတ်ရတာကြောင့် ကြွက်သားများကို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှေကားထစ်တက်ခြင်းက ကိုလက်စထရောကို လျော့ကျစေပြီး Anaerobic ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ကြောင်း British Journal of Sports Medicine မှာ ဖော်ပြထားတဲ့ သုတေသနပြုချက်အရ သိရပါတယ်။

လှေကားတတ်ခြင်းက တစ်နာရီကို ကယ်လိုရီ ၄၅၂ မှ ၆၇၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။

စက်ဘီးစီးခြင်း

Photo : Cycling Weekly

ကွီးတို့ရေ ရာသီဥတု သာယာတဲ့ ညနေခင်းမှာ စက်ဘီးစီးရတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စက်ဘီးစီးခြင်းက ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ စက်ဘီးစီးရာမှာ ယာဉ်အန္တရာယ်များကိုတော့ သေချာဂရုပြုရာမှာ ဖြစ်ပြီး ဦးထုတ်နဲ့ ဒူးကာတို့ကိုလည်း စနစ်တကျ ဝတ်ဆင်ဖို့ မမေ့ပါနဲ့။

စက်ဘီးစီးခြင်းက တစ်နာရီကို ကယ်လိုရီ ၅၀၀ မှ ၇၀၀ ထိလောင်ကျွမ်းနိုင်ပါတယ်။

လက်ဝှေ့

Photo : Men’s Health

ကွီးတို့အိမ်မှာပဲ ဖြစ်ဖြစ်၊ Gym မှာပဲ ဖြစ်ဖြစ် သဲအိတ်တစ်အိတ်ရှိရင် ကယ်လိုရီတွေ ကို ရှယ်ကြိတ် ဖို့ လက်ဝှေ့ကလည်း အကောင်းဆုံး လေ့ကျင့်ခန်းတွေ ထဲကတစ်ခုပါပဲ။ လက်ဝှေ့ထိုးခြင်းက ပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်ရသည်သာမက ဟန်ချက်ကောင်းမွန်စေရန်၊ ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အူတိုင်များကို အားကောင်းစေပါတယ်။

လက်ဝှေ့ထိုးခြင်းကနေ တစ်နာရီကို ကယ်လိုရီ ၅၀၀ မှ ၇၀၀ ထိလောင်ကျွမ်းနိုင်ပါတယ်။

ကဲ့ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ထဲက ကိုယ်နဲ့ အသင့်တော်ဆုံး လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီး ကယ်လိုရီတွေကို ရှယ်ပလန်နဲ့ ကြိတ်ကြမယ်ဗျာ။

Source : Yahoo

Featured Photo : Fit2Box