အမှန်တကယ် ဝိတ်ကျဖို့အတွက် ဈေးကြီးတဲ့ အလေးတုံးတွေ အလေးတန်းနဲ့ အားကစား ကရိယာများ မလိုအပ်သလို Gym အသင်းဝင်ကြေး အကုန်ခံပြီး သွားဆော့နေစရာလည်း မလိုပါဘူး။ ကိရိယာ လွတ် လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ထိရောက် မှု ရှိစွာ ဝိတ်ချနိုင်ပါတယ်။
အခုဖော်ပြပေးမယ့် ကိရိယာ လွတ် လေ့ကျင့်ခန်းတွေက အမှန်တကယ် ထိရောက် မှုရှိရဲ့လား ဆိုတာကို သိချင်တယ်ဆိုရင်တော့ ၄ ပတ်တိတိ အချိန်ပေးပြီး ဆော့ကြည့်လိုက်ပါ။ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရပါလိမ့်မယ်။
ကိရိယာ အလွတ် ဆော့ကစားမယ့် Workout ကို Workout 1 နဲ့ Workout 2 ဆိုပြီး နှစ်မျိုး ခွဲထားလိုက်ပါ့မယ်။
အရင်ဦးဆုံး Workout 1 ကို ပြုလုပ်ကြည့်လိုက်ရအောင်။
Workout 1
Workout 1 မှာ လေ့ကျင့်ခန်း စုစုပေါင်း (၅) မျိုး ပြန်ခွဲထားပါတယ်။ ဒီလေ့ကျင့်ခန်းများကို အခုဖော်ပြထားတဲ့ အစဥ်လိုက်အတိုင်း ပြုလုပ်ရပါမယ်။ လေ့ကျင့်ခန်းတစ်ခုစီကို ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) Pushup
လေ့ကျင့်ခန်း (၂) Air Squat
လေ့ကျင့်ခန်း (၃) Situp
လေ့ကျင့်ခန်း (၄) Burpee
လေ့ကျင့်ခန်း (၅) Lunge
ဒီ Workout တစ်ခုလုံးကို မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
ကွီးတို့အနေနဲ့ ပထမရက်မှာတော့ Workout 1 ကို ပြုလုပ်နိုင်ပါတယ်။ ဒုတိယရက်မှာတော့ Workout 2 ကို ဆက်လက်ပြုလုပ်ပေးလိုက်ပါ။
Workout 2
Workout 2 ကတော့ လုပ်စရာများများ စားစားမရှိပါဘူး။ လေ့ကျင့်ခန်း (၂) မျိုးတည်း ပြုလုပ်ရမှာဖြစ်ပါတယ်။
ပထမလေ့ကျင့်ခန်းကတော့ မိုင်ဝက် ပြေးရမှာဖြစ်ပါတယ်။
မိုင်ဝက် ပြေးပြီးတဲ့နောက်မှာတော့ ဒုတိယ လေ့ကျင့်ခန်းကို ဆက်လက်ပြုလုပ်ရပါမယ်။ ဒုတိယလေ့ကျင့်ခန်းကတော့ Burpees လေ့ကျင့်ခန်းဖြစ်ပြီး ၂၅ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီအထိပြီးသွားရင်တော့ ၁ ကျော့ ပြည့်သွားပါပြီ။
နောက်ထပ် ၃ ကျော့ကို ခပ်သွက်သွက်လေး ဆက်လက်ပြုလုပ်ပေးလိုက်ပါ။ ခပ်သွက်သွက်လေး ပြုလုပ်နေစဥ်မှာလည်း ခန္ဓာကိုယ်ကို အနေအထားမှန်မှန်နဲ့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စုစုပေါင်း ၁၅ မိနစ်မှ မိနစ် ၂၀ အထိ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
ကွီးတို့သာ ၄ ပတ်တိတိ ဆော့ကစားပြီးတဲ့နောက် ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို ပြန်လည် ဝေမျှခဲ့ပါဦး။
Source: Menshealth
Featured Image: Wellness52