အိပ်ရာထက်မှာ ချစ်တင်းနှော တဲ့အခါ ကိစ္စမြန်မြန်ပြီးသွားတဲ့ အပြီးမြန် အဖြစ်မျိုး ယောကျာ်းတိုင်း ဖြစ်ချင်ကြမယ် မထင်ပါဘူး။ ဒါပေမယ့် သုတ်လွှတ်မြန်တာဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ လိင်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ သုတ်လွှတ်မြန်တယ်ဆိုတာဟာ လိင်မှုကိစ္စ စတင်ပြီးနောက် ၁ မိနစ်ကနေ ၃ မိနစ်အတွင်း ပြီးမြောက်သွားတာကို ဆိုလိုပါတယ်။ ဒါဟာ အချိန်ကြာလာတာနဲ့အမျှ လိင်မှုကိစ္စမှာ ထိခိုက်မှုတွေ ရှိလာနိုင်သလို ၊ သင်နဲ့ သင့်ပါတနာကြား ဆက်ဆံရေးမှာလည်း ပျော်ရွှင်ကျေနပ်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။

အချိန်မတိုင်မီ သုတ်လွှတ်မြန်ခြင်းကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် ၂ မျိုး ၂ စား ရှိပါတယ်……..

Premature Ejaculation

Photo : Healthway Medical Group

ပထမတစ်ခုကတော့ – Primary Premature Ejaculation လို့ ခေါ်ပါတယ်။ ဒါက လိင်မှုကိစ္စလုပ်ဆောင်တိုင်းမှာ အမြဲတမ်းလိုလိုဖြစ်နေတက်တဲ့ သုတ်လွှတ်မြန်တဲ့ ပြဿနာပါ။

နောက်တစ်ခုကတော့ – Secondary Premature Ejaculation တစ်နည်းအားဖြင့် Acquired Premature Ejaculation လို့ ခေါ်ပါတယ်။ ဒါကတော့ အခြေအနေအရပ်ရပ်ကြောင့် တစ်ခါတစ်ရံမှာ ဖြစ်ပေါ်လာတက်တဲ့ သုတ်လွှတ်မြန်တဲ့ ပြဿနာ ဖြစ်ပါတယ်။ အဓိကအားဖြင့် အတွေ့အကြုံနုနယ်သေးချိန်မှာ ချင်တင်းနှောမှုနဲ့ ပတ်သတ်ပြီး အဆင်မပြေဖြစ်ခဲ့တာ ၊ စိတ်ဒဏ်ရာကြီးကြီးမားမားရှိခဲ့တာ သို့မဟုတ် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ခံ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အလားအတူ အရက်အလွန်အကျွံသောက်သုံးခြင်း ၊ ကိုကင်းနဲ့ ပါတီအပန်းဖြေ မူးယစ်ဆေးဝါးတွေ အသုံးပြုခြင်း အပြင် ဆီးကျိတ်ဂလင်းရောင်ခြင်း (ဆီးကျိတ်ရောင်ခြင်း) စတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

သုတ်လွှတ်မြန်တဲ့ ပြဿနာကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းရမလဲ ???

Premature Ejaculation

Photo : Serhatdonmezer.com

အချိန်မတိုင်မီ သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းတွေကြောင့် ဖြစ်ပါက ပြဿနာ အရင်းခံအခြေအနေကို ကုသခြင်းဖြင့် အထောက်အကူဖြစ်စေနိုင်ပါတယ်။ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပတ်ပြီး သေချာ စစ်ဆေးကုသမှု ခံယူမယ်ဆိုပါက သုတ်လွှတ်မြန်တဲ့ ပြဿနာကို အတိုင်းအတာတစ်ခုအထိ ပြေလျော့သက်သာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့လည်း သုတ်လွှတ်မြန်တဲ့ ပြဿနာကို ကိုယ်တိုင် ဖြေရှင်းလို့ ရနိုင်ပါတယ်။

  • ချစ်တင်းမနှောမီ ၁ နာရီကနေမှ ၂ နာရီအတွင်း ကြိုတင် တစ်ကိုယ်ရည် အာသာဖြေပါ။
  • အထိအတွေ့ အာရုံခံစားမှု လျှော့ချစေဖို့ ပိုထူတဲ့ ကွန်ဒုံးအမျိုးအစားကို အသုံးပြုပါ။
  • ချစ်တင်းနှော နေစဉ်အတွင်း သုတ်လွှတ်ချင်စိတ် ဖြစ်ပေါ်လာရင် ဆက်ဆံမှုကို ခဏရပ်ပြီး အသက်ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်ပေးပါ။
  • ပါတနာကို အပေါ်ကနေ ဦးဆောင်နေခိုင်းပါ။
  • သုတ်လွှတ်ချင်လာတိုင်းမှာ တခြားအရာတစ်ခုခုကို အာရုံပြောင်းပြီး တွေးလိုက်ပါ။
  • The Squeeze Technique အသုံးပြုပါ။

စတဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

အရေးကြီးတာက ပါတနာနဲ့သင့်ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိဖို့ လိုပြီး သင့် ပါတနာထံက နားလည်မှု ၊ အကူညီနဲ့ ကုသမှုကောင်းကောင်း ခံယူမယ်ဆိုပါက သင်တို့နှစ်ဦးကြားဆက်ဆံရေးကို ထိခိုက်စေတော့မှာ မဟုတ်ပါဘူး။

Source : NHS

Featured Photo : Metropolis Healthcare