ချစ်တင်းနှော ခြင်းသည် ညပိုင်းမှာသာ ပြုလုပ်လေ့ရှိကြတဲ့ ကိစ္စတစ်ခုလို့ ထင်ရင်တော့ ကွီးတို့ မှားသွားပါလိမ့်မယ်။ အများစုကလည်း မနက်ခင်းပိုင်းမှာ တစ်နေကုန် အလုပ်လုပ်နေရပြီး ညပိုင်းရောက်မှသာလျှင် မဟေသီလေးနဲ့ နှစ်ပါးသွားကကြရတာ မဟုတ်လား။ ဒါပေမယ့် ညပိုင်းမှာ ချစ်တင်းနှော တာထက် မနက်ခင်း ပိုင်းမှာ များများ ချစ်တင်းနှော သင့်ပါတယ်။

ဘာ့ကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

မနက်ခင်း ပိုင်းမှာ များများ ချစ်တင်းနှော ခြင်းက ကွီးတို့ကို တစ်နေ့တာလုံး တက်ကြွလန်းဆန်းပြီး လုပ်ငန်းဆောင်တာတွေ ပိုမို ပြီးမြောက်စေပါတယ်

man working

မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်အရ သိရှိရတာပဲ ဖြစ်ပါတယ်။ ထိုလေ့လာတွေ့ရှိချက်ထဲတွင် လူပေါင်း အယောက် ၁၀၀၀ ကျော်ကို မေးမြန်းထားတာဖြစ်ပြီး ၆၃ ရာခိုင်နှုန်းခန့်က မနက်ခင်းပိုင်းမှာ ဘယ်တော့မှ ချစ်တင်းနှောလေ့ မရှိကြဘူးလို့ ဆိုပါတယ်။ ၃၇ ရာခိုင်နှုန်းသော အမျိုးသားများကတော့ မနက်ခင်းပိုင်း မှာ ပိုပြီး များများ ချစ်တင်းနှော ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်ပြီး လေ့လာကြည့်လိုက်တဲ့အခါ ၃၇ ရာခိုင်နှုန်းသော အမျိုးသားများက သူ့ရဲ့ တစ်နေ့တာသည် ပိုမိုအဆင်ပြေ ချောမွေ့ပြီး လုပ်ငန်းဆောင်တာများကို များများ ပိုလုပ်နိုင်တယ်လို့ ပြောထားကြပါတယ်။

မနက်ခင်းပိုင်းမှာ ချစ်တင်းနှောခြင်းက စိတ်ဖိစိးမှုများကို ဖယ်ရှားပေး

မနက်ခင်း များများ ချစ်တင်းနှော

မနက်ခင်းပိုင်းအချိန်သည် စိတ်ကြည်ကြည်လင်လင် ဖြစ်နေတဲ့အချိန်ဖြစ်ပြီး ကိုယ့်ရဲ့ စကီလေးနဲ့ ပိုပြီး သံယောဇဥ်တွေ ငြိတွယ်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ နှလုံးသွေးကြောကျဥ်းရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် မနက်ခင်း ချစ်တင်းနှောခြင်းသည် အာရုံကြောဆဲလ်များကို တည်ငြိမ်သွားစေပြီး စိတ်ဖိစီးမှုများ၊ စိတ်ပူပန်မှုများကို လျော့ချပေးနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ အလုပ်မှာ စိတ်ပူပန်စရာ ကောင်းတဲ့ Presentation ကြောင့် သောက ရောက်နေရတယ်ဆို အလုပ်မသွားခင် မနက်ခင်းပိုင်းမှာ စကီလေးနဲ့ ချစ်တင်းနှော ကြည့်လိုက်ပါ။

ကွီးတို့ရဲ့ ကျားဟော်မုန်းက မနက်ခင်းပိုင်းမှာ ပိုမြင့်မားနေပါတယ်

မနက်ခင်း များများ ချစ်တင်းနှော

တကယ့်ကို စိတ်ပါလက်ပါနဲ့ တက်ကြွနေတဲ့အချိန်မှာ ချစ်တင်းနှောခြင်းက ပိုပြီး အရသာရှိတာကို ကွီးတို့ သိကြတယ်ဟုတ်။ သတင်းကောင်းတစ်ခုကတော့ ကွီးတို့ရဲ့ ကျားဟော်မုန်းသည် မနက်ခင်းပိုင်းမှာ ပိုမိုမြှင့်မားနေတတ်ပြီး ကွီးတို့ရဲ့ ချစ်တင်းနှောခြင်း အရှိန်အဟုန်ကို ပိုမိုကောင်းမွန်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းပိုင်းက ချစ်တင်းနှောဖို့ အချိန်ကောင်းပဲဆိုတာ အသေအချာပါပဲ။

တကယ်လို့ ရှော်တီလေးက မနက်ခင်းမှာ ချစ်တင်းမနှောချင်ရင်ရော

မနက်ခင်း များများ ချစ်တင်းနှော

ချစ်တင်းနှောခြင်းက နှစ်ယောက်စလုံး စိတ်ပါလက်ပါရှိမှ ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ တာဝန်ဝတ္တရားကြီးတစ်ခုလိုတော့ ခံယူထားစရာမလိုပါဘူး။ မနက်ခင်းပိုင်းမှာ နှစ်ယောက်စလုံးက အလုပ်ကို အလောတကြီး ထစရာမလိုဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားရတာမျိုးကို လိုချင်နေတယ်ဆိုရင်တော့ ကွီးတို့က ကိုယ့်ရှော်တီလေး စိတ်ပါလာအောင် လှုံ့ဆော်ပေးရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ရှော်တီလေးနဲ့ မနက်ခင်းပိုင်းမှာ ချစ်တင်းနှော ဖြစ်ရဲ့လား။

Source: Menshealth

Featured Image: Mindbodygreen