အားလပ်ချိန်တွေမှာ စိတ်ဝင်စားစရာ တစ်ခုခုကို ပြုလုပ်ချင်တာ၊ ဒါမှမဟုတ် ကိုယ့်အိမ်မှာ ပိုနေတဲ့ သစ်သားတွေ၊ အသုံးမပြုတော့တဲ့ ပစ္စည်းတွေကို ကိုယ်တိုင် ဆန်းသစ်တီထွင်ချင်ရင် အသုံးဝင်တဲ့ DIY ပရောဂျက် လေးတွေ ဖန်တီးလို့ရပါတယ်။ ကိုယ်တိုင်ပစ္စည်းတစ်ခုခုကို ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခြင်းက အာရုံပြောင်းစေပြီး စိတ်ဖိစီးစရာကိစ္စ သို့မဟုတ် ပတ်ဝန်းကျင်ရှိ ဆူညံသံတွေလို စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ကိုယ်တိုင် ဖန်တီး ပြုလုပ်နိုင်မဲ့ အသုံးဝင်ပြီး လွယ်ကူတဲ့ DIY ပရောဂျက် အိုင်ဒီယာကောင်းလေး တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

ပရောဂျက် (၁)

ကိုယ်တိုင် ဖန်တီး

Photo : Anika’s DIY LIFE

ကွီးတို့ကို ပထမဆုံးဖော်ပြချင်တဲ့ DIY ပရောဂျက်လေးတစ်ခုကတော့ ဧည့်ခန်းဝင်ပေါက်မှာ အသုံးလည်းဝင် အလှလည်းဆင်ပြီးသား ဖြစ်တဲ့ ပိုနေတဲ့ သစ်သားနဲ့ ပြုလုပ်လို့ရတဲ့ သစ်သားချိတ်လေးပဲ ဖြစ်ပါတယ်။ ဒီပရောဂျက်ကို လုပ်ဖို့ ကွီးတို့အိမ်မှာ ပိုနေတဲ့ သစ်သား အတိုအစလေးကို အသုံးပြုလို့ရပါတယ်။ အရင်ဆုံး ကွီးတို့မှာ ၁လက်မ x ၄ လက်မ x ၁ ပေ ရှိတဲ့ သစ်သားပြားတစ်ခုနဲ့ ၁လက်မ x ၆ လက်မ x ၁ ပေ ရှိတဲ့ သစ်သားပြား တစ်ခုလိုပါတယ်။ ထို့နောက် တပ်ဆင်မဲ့ ချိတ်နဲ့ လိုပါတယ်။ ထို့နောက် ကွီးတို့ လိုချင်တဲ့ အနေအထားပုံစံအတိုင်း ချိတ်တွေကို တပ်ဆင်လိုက်ပါ။ နံရံပေါ်မှာ ကွီးတို့ လိုချင်တဲ့ အနေအထားပုံစံအတိုင်း တပ်ဆင်ပါ။ ကွီးတို့ စိတ်ကြိုက် ပိုနေတဲ့ သစ်သားများများရှိရင် ရှိသလောက် ကိုယ်စိတ်ကူးနဲ့ ကိုယ်တိုင် ဖန်တီး လို့ ရတဲ့ သစ်သားစင်လေးပါ။ ပိုပြီး အသက်ဝင်လှပချင်ရင် နံရံအရောင်တိုင်း ဆေးခြယ်လို့ ရပါတယ်။

ပရောဂျက် (၂)

ကိုယ်တိုင် ဖန်တီး

Photo : Anika’s DIY LIFE

ဒီပရောဂျက်လေးက ဆန်းပြားလှပပေမဲ့ လုပ်ရတာ လွယ်ကူတဲ့ ပရောဂျက်လေးပါပဲ။ ဒါလေးကလည်း ပစ္စည်းတွေ ထည့်ဖို့ နဲ့ နံရံပေါ်မှာ ဖြစ်စေ၊ စားပွဲပေါ်မှာ တင်ပြီး ဖြစ်စေ ထားလို့ရတဲ့ သစ်သားစင်လေးပါပဲ။ ဒီပရောဂျက်လေး လုပ်ဖို့အတွက် အသုံးတော့တဲ့ သစ်သားပြား များများတော့လိုပါတယ်။ သူ့အတိုင်းအတာအလိုက် သေချာစွာ ဖြတ်တောက်ပြီး ဆက်ဖို့လိုပါတယ်။ သစ်သားကပ်တဲ့ ကော်လည်းလိုအပ်ပါသေးတယ်။ ကွီးတို့အနေနဲ့ ရိုးရိုးလွှနဲ့ပဲ သစ်သားပြားများကို ဖြတ်လို့ရပါတယ်။

Source : Anika’s DIY LIFE

ကွီးတို့လိုချင်တဲ့ အရွယ်အစားနဲ့ အကွက်လိုက် ဒီစင်လေးကို အကြီးအသေး သေချာပြုလုပ်လို့ ရပါတယ်။ မီးဖိုချောင်ထဲမှာပဲ ပစ္စည်းအသေးလေးတွေ ထားထား၊ ဧည့်ခန်းနံရံပေါ်မှာ ကပ်ပြီး အလှဆင်ဆင်၊ အဆင်ပြေတဲ့ DIY ပရောဂျက်လးပါပဲ။

ကိုယ်တိုင် ဖန်တီး

Photo : Anika’s DIY LIFE

ကွီးတို့အိမ်မှာ သစ်သားအပို များများရှိရင် ဒီပရောဂျက်လေးကို စမ်းလုပ်ကြည့်ပါ။

ပရောဂျက် (၃)

Photo : Anika’s DIY LIFE

နောက်ထပ် ကွီးတို့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ ပစ္စည်းလေးတစ်ခုကတော့ စားပွဲတင်ဖုန်းတင်တဲ့ စင်လေးပဲ ဖြစ်ပါတယ်။ ဒီပရောဂျက်လေးကလည်း သစ်သားနဲ့ပဲ ပြုလုပ်ရမှာပါ။ ဖုန်းတင်တဲ့ စင်လေးလုပ်ဖို့ မသုံးတော့တဲ့သစ်သား၊ ဒါမှမဟုတ် သစ်သားဗီဒို အဟောင်းတစ်ခုခုက ပိုတဲ့ သစ်သားပြားအနည်းငယ် ရှိရုံနဲ့တင်ရပါတယ်။ ကွီးတို့လိုသလို သစ်သားကို ဖြတ်ပြီး ထောင်ထားလို့ရတဲ့ ဒေါက်တိုင် အရွယ်အစားကို သေချာတိုင်းတာပြီး တပ်ဆင်ပါ။ ရှေ့ဘက်မှာလည်း ဖုန်းတင်ရာတွင် ဖုန်းအားသွင်းစရာ နေရာချန်ပြီး သစ်သားအပိုင်းအစ နှစ်ခုကို သစ်သားကပ်ကော်ဖြင့်ကပ်ပါ။

ဒီပရောဂျက်လေးက ကွီးတို့ စိတ်ကူးရှိသလောက် ဒီဇိုင်းကို ဖန်တီးတီထွင်လို့ရပြီး လွယ်ကူပေမဲ့ ပညာသားပါတဲ့ ပရောဂျက်လေးပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ကိုယ်တိုင် ဖန်တီး ပြုလုပ်လို့ရတဲ့ DIY ပရောဂျက် အိုင်ဒီယာကောင်းလေးတွေက လုပ်ရတာလွယ်ကူပြီး အသုံးလည်း ဝင်တာကြောင့် အားလပ်ချိန်မှာ စမ်းလုပ်ကြည့်ပါဦးနော်။

Source : Anika’s DIY LIFE

Featured Photo : DIY LIFE