သစ်သားများသည် အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သစ်သားများအသုံးပြုပြီး DIY နံရံကပ်စင် များကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်ပါသေးတယ်။

သစ်သားများ အသုံးပြုပြီး DIY နံရံကပ်စင် များကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးချင်တဲ့ ကွီးတို့အတွက် အသုံးတည့်မယ့် အိုင်ဒီယာကောင်းများ ဝေမျှပေးလိုက်ရပါတယ်။

ဧည့်ခန်းမှာ အလှဆင်ထားနိုင်တဲ့ နံရံကပ်စင် ဒီဇိုင်း

DIY နံရံကပ်စင်

ဒီ ဒီဇိုင်းလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ရှုရတာ မျက်စိပသာဒဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သစ်သား အထူသားတွေကို အသုံးပြုကာ ခိုင်ခံ့တဲ့စင်တစ်ခု ဆောက်လုပ်နိုင်ပါတယ်။ ဒီ့ထက်ပိုလှစေချင်တယ်ဆိုရင်တော့ ဧည့်ခန်းရဲ့ နံရံအရောင်နှင့် လိုက်ဖက်တဲ့ ဆေးအရောင်များကို အသုံးပြုကာ ဆေးသုတ်နိုင်ပါတယ်။

စတီးချောင်းနှင့် သစ်သား နှစ်မျိုးစပ် စင်

DIY နံရံကပ်စင်

သစ်သားတစ်မျိုးတည်း အသုံးပြုရတာ ရိုးအီနေပြီဆိုတဲ့ ကွီးတို့အတွက် ဒီ ဒီဇိုင်းလေးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင် လက်သမားထံ အပ်နှံကာ ဆောက်လုပ်ခိုင်းမယ်ဆိုရင်တော့ ပိုမိုသေသပ်လှပတဲ့ ဒီဇိုင်းမျိုး ထွက်လာမှာပဲ ဖြစ်ပါတယ်။

ရေချိုးခန်း နံရံကပ် စင်

DIY နံရံကပ်စင်

ကိုယ့်ရဲ့ ရေချိုးခန်းထဲက အသုံးအဆောင်ပစ္စည်းတွေက မွစာကြဲကာ ရှုပ်ပွထနေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီလို စင် ဒီဇိုင်းလေး ဆောက်လုပ်ကာ ပစ္စည်းများကို အစီအရီ တင်ထားလိုက်ပါ။ ဒါဆိုရင်တော့ ရေချိုးခန်းက အမြင်ရှင်းပြီး ကြည့်ကောင်းနေမှာပဲ ဖြစ်ပါတယ်။

မီးဖိုချောင်က နံရံကပ် ဝိုင်စင်

မီးဖိုချောင်က နံရံကပ် ဝိုင်စင်

ကိုယ့်အိမ်က ဝိုင်ပုလင်းတွေနဲ့ ဝိုင်ခွက်တွေကို အလှပြသထားချင်ပါသလား။ ဒါဆိုရင်တော့ ဒီ အိုင်ဒီယာလေးကို အသုံးပြုနိုင်ပါတယ်။ Recycled သစ်သားများ အသုံးပြုမယ်ဆိုရင်တော့ ပတ်ဝန်းကျင်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ Recycled သစ်သားများကြောင့် မလှမပဖြစ်မှာကို စိုးရိမ်တယ်ဆိုရင်တော့ ထိုသစ်သားများအပေါ်မှာ တစ်ဖန်ပြန်လည် အလှဆင်နိုင်ပါတယ်။

 အဝတ်တန်းပါ ထည့်ထားတဲ့ နံရံကပ်စင်

 အဝတ်တန်းပါ ထည့်ထားတဲ့ နံရံကပ်စင်

အထဲက စင်ထဲမှာတော့ စာအုပ်များ ထည့်ထားနိုင်ပြီး အပေါ်ပိုင်းမှာတော့ ဓာတ်ပုံဘောင်များ ထောင်ထားနိုင်ပါတယ်။ အောက်မှာတော့ အင်္ကျီအဝတ်အစားများ ချိတ်ဆွဲထား နိုင်ပါတယ်။ ဒါဆိုရင်တော့ အသုံးအဆောင် ပစ္စည်းများက သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ကလေး ဖြစ်နေမှာပဲ ဖြစ်ပါတယ်။

Source: Homedit

Featured Image: Bhg