ကွီးတို့ကို ကိုယ်ရောင်ကိုယ်ဝါ တောက်ပ သွားအောင် ကူညီပေးမယ့် ပစ္စည်းတွေက ဘာတွေဖြစ်မလဲဆိုတာ သိပြီးပါပြီလား။ ဒီပစ္စည်းများက ကွီးတို့ရဲ့ နေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ နေ့စဥ်သုံးပစ္စည်းများပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်လက်ထဲမှာ ဘယ်နှမျိုးလောက်ရှိသလဲဆိုတာ တိုက်စစ်ကြည့်လိုက်ပါဦး။

နေလောင်ကာခရင်မ်

နေလောင်ကာခရင်မ်

အမျိုးသားအများစုမှာ နေလောင်ကာခရင်မ်မရှိကြပါဘူး။ ဒါ့ကြောင့်လဲ အသားအရေက ညိုညစ်ပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးနေတာပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ အသားအရေကို နေလောင်ဒဏ်ကြောင့် မပျက်စီးစေချင်ဘူးဆိုရင်တော့ နေလောင်ကာခရင်မ်ကို အပြင်သွားခါ မိနစ် ၃၀ အလိုမှာ လိမ်းကျံပေးရမှာဖြစ်ပါတယ်။ မျက်နှာလိမ်း နေလောင်ကာခရင်မ်အပြင် ခန္ဓာကိုယ်လိမ်း နေလောင်ကာခရင်မ်လည်း လိုအပ်ပါတယ်။

မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေးကလည်း နေ့စဥ် မရှိမဖြစ်လိုအပ်တဲ့ နေ့စဥ်သုံးပစ္စည်းပဲ ဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ မျက်နှာပေါ်တွင် ကပ်ငြိနေတဲ့ ဖုန်မှုန့်များ၊ အညစ်အကြေးများကို မျက်နှာသစ်ဆေးက ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

တိုနာ

တိုနာ

မျက်နှာသစ်ပြီးတဲ့အခါ တိုနာဖြင့် အသားအရေရဲ့ ရေဓာတ်ပမာဏကို ပြန်လည်ထိန်းညှိပေးရမှာပဲ ဖြစ်ပါတယ်။ တိုနာ လိမ်းကျံခြင်းကြောင့် ချွေးပေါက်ကျယ်ခြင်းမှ တားဆီးပေးပြီး ကွီးတို့အသားအရေကို တင်းရင်းနေအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

Moisturizer

ကိုယ်ရောင်ကိုယ်ဝါ တောက်ပ

Moisturizer လို့ပြောတဲ့အခါ တစ်မျိုးတည်းပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်လို့ ကွီးတို့သည် မနက်ပိုင်းမှာ အသုံးပြုမယ့် Moisturizer နှင့် ညပိုင်းမှာ အသုံးပြုမယ့် Moisturizer ဆိုပြီး နှစ်မျိုး လိုအပ်ပါတယ်။ မနက်ပိုင်းမှာ အသုံးပြုတဲ့ Moisturizer ထဲတွင် SPF နှင့် Antioxidants တို့ ပါဝင်တာကို အသုံးပြုသင့်ပြီး ညပိုင်းမှာတော့ Retinol ပါတဲ့ Moisturizer များကို ဦးစားပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ညဘက်မှာ အသားအရေက အားအင်ပြန်လည်ဖြည့်တင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ချိုင်းလိမ်း Roll-On

ကိုယ်ရောင်ကိုယ်ဝါ တောက်ပ

ချိုင်းလိမ်း Roll-On မသုံးတတ်တဲ့ ဂြိုလ်သားတွေကတော့ ကောင်မလေးရဖို့ လမ်းမမြင်ပါဘူး။ ချိုင်းနံ့ တထောင်းထောင်းနဲ့ ကောင်မလေးနဲ့ သွားချိန်းတွေ့ရင် ကွီးတို့အနံ့နဲ့တင် မူးမေ့သွားပါလိမ့်မယ်။ တစ်ခါ နှစ်ခါတော့ သည်းခံကောင်း သည်းခံပါလိမ့်မယ်။ ဒါပေမဲ့ တဖြည်းဖြည်းကြာလာမယ်ဆိုရင်တော့ သူတို့လည်း သည်းခံနိုင်မှာမဟုတ်ပါဘူး။

ခေါင်းလျှော်ရည်နှင့် Conditioner

ကိုယ်ရောင်ကိုယ်ဝါ တောက်ပ

ခေါင်းလျှော်တဲ့အခါ တွေ့ကရာဆပ်ပြာတုံးတွေနဲ့ ခေါင်းလျှော်နေတုန်းလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဆံကေသာက ကြမ်းတမ်းပျက်စီးနေမှာ အမှန်ပါပဲ။ တွေ့ကရာဆပ်ပြာခြနဲ့ ခေါင်းလျှော်မယ့်အစား ခေါင်းလျှော်ရည်နဲ့ Conditioner နဲ သေသေချာချာ လျှော်သင့်ပါတယ်။ ဒါမှသာ ဆံကေသာက နူးညံ့ပျော့ပျောင်းပြီး မဒီလေးတွေကတောင် ခိုက်မှာပါ။

လျှပ်စစ် Razors

ကိုယ်ရောင်ကိုယ်ဝါ တောက်ပ

ရိုးရိုး မုတ်ဆိတ်ရိတ်စက်များ၊ ဂျုတ်များက ၄ ခါ၊ ၅ ခါ လောက် အသုံးပြုပြီးတဲ့အခါ ဘလိတ်ဓားတွေက တုံးသွားပြီး လွှင့်ပစ်လိုက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထို Razor တွေက ရှရာပိုများစေပါတယ်။ တကယ်လို့ ကွီးတို့သည် လျှပ်စစ် Razor ကို အသုံးပြုမယ်ဆိုရင် ပိုကြာကြာခံပြီး ပြတ်ရာရှရာများမှလည်း ကာကွယ်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ ပစ္စည်းလေးတွေကတော့ ကွီးတို့ကို ကိုယ်ရောင်ကိုယ်ဝါ တောက်ပ သွားအောင် ကူညီပေးမယ့် နေ့စဥ်သုံးပစ္စည်းများပဲဖြစ်ပါတယ်။ ဒီပစ္စည်းများကို မပိုင်ဆိုင်ထားဘူးဆိုရင်တော့ အမြန်ဆုံး သွားပြေးဝယ်သင့်ပါတယ်။ ဒါမှသာ ဆော်ကြည်ဘဲတစ်ဗွေ ဖြစ်မှာပါ။

ကွီးတို့ရော ကိုယ်ရောင်ကိုယ်ဝါ တောက်ပပြီး ဆော်ကြည်ဘဲတစ်ဗွေ မဖြစ်ချင်ဘူးလား။

Source: Webmd

Featured Image: Freepik