ကျန်းမာရေးနဲ့ အညီဆုံး ကော်ဖီ သောက်နည်းက Black သောက်တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခါးဒဏ်မခံနိုင်သူတို့အတွက် အချိုအဖြစ် သကြားထည့်သောက်ကြတာပါပဲ။ ကော်ဖီဟာ သူချည်းဆို ကျန်းမာရေးအကျိုးကျေးဇူး အတော်များတဲ့ သောက်စရာတစ်ခုပါ။
ကော်ဖီသောက်တာက အသည်းရောဂါ ၊ Type 2 Diabetes ဆီးချိုသွေးချို ၊ မှတ်ဉာဏ်ကျဆင်းမှု နဲ့ တချို့ကင်ဆာတွေတောင် ဖြစ်နိုင်ခြေနည်းစေပါတယ်။ ကော်ဖီ ၃-၄ ခွက် ပုံမှန်သောက်တာက ကျန်းမာဖို့ အကြောင်း ဖြစ်ပေမယ့် ကော်ဖိမှာသုံးတဲ့ အချိုတု Artificial Sweeteners တွေကတော့ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ကော်ဖီ ချစ်သူတွေအတွက် အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကော်ဖီတစ်ခွက်ဖျော်ရာမှာ သုံးနိုင်မယ့် သကြားအစားထိုးအချို Sweetener တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အယ်လ်မွန်နို့

Almond Milk

Photo: thedailymeal

Almond Milk ဟာ နွားနို့ထက် ကယ်လ်ဆီယံပိုပါပြီး နို့ထွက်အဆီ နည်းပါတယ်။ အယ်လ်မွန်အရသာ မကြိုက်ရင် ပဲနို့ Peanut Milk ၊ Pea Milk နဲ့ ငှက်ပျောနို့ Banana Milk တွေ ရွေးချယ်နိုင်ပါတယ်။

(၂) ထောပတ်

Butter

Photo: thedailymeal

အခုနောက်ပိုင်းမှာ Butter Coffee ကို ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး Wellness ပရော်ဖက်ရှင်နယ်တွေက ထောက်ခံလာကြပါတယ်။ ထောပတ်တစ်ဇွန်းဟာ သင့်ကော်ဖီကို ချိုစေတဲ့အပြင် ဇီဝကမ္မဖြစ်စဉ်နဲ့ စွမ်းအင် Levels ပါ တက်စေနိုင်ပါတယ်။

(၃) သစ်ကြံ့ပိုးခေါက်

Cinnamon

Photo: thedailymeal

တွေ့မြင်နေကြ မဟုတ်ပေမယ့် သစ်ကြံ့ပိုးခေါက်ကို ကော်ဖီ မှာ ထည့်သောက်ခြင်းက ကျန်းမာရေးအတွက် အကျိုးများသလို ကော်ဖီကိုလည်း အချိုဓါတ် ထွက်လာစေလို့ အိမ်မှာ စမ်းကြည့်သင့်ပါတယ်။ ဟင်းခတ်အမွှေးအကြိုက်အဖြစ် နာမည်ကြီးတဲ့ သစ်ကြံ့ပိုးခေါက်ဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးသလို ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။

(၄) ကိုကိုးမှုန့်

Cocoa Powder

Photo: thedailymeal

ချောကလက်လုပ်ရာမှာ သုံးတဲ့ ကိုကိုးသီးအမှုန့် Cocoa Powder တစ်ဇွန်းကလည်း ကော်ဖီ ရဲ့ အရသာရှိမှုနဲ့ အနံ့ဆွဲဆောင်မှုကို ပြောင်းလဲပေးနိုင်ပါတယ်။ ချောကလက်နံ့ အရသာကော်ဖီတစ်ခွက်ထွက်ဖို့ အချိုထုတ်ထားတဲ့ Unsweetened Cocoa Powder ၁ ဇွန်း ၊ ၁ ဇွန်းခွဲလောက်ကို ကော်ဖီထဲ ထည့်မွှေပြီး ကိုယ်ပိုင် Mocha စတိုင် Black Coffee တစ်ခွက် ဖျော်စပ်နိုင်ပါတယ်။

(၅) Dark Chocolate

Dark Chocolate

Photo: thedailymeal

Latte ကော်ဖီမျိုး ကြိုက်ရင် ကော်ဖီထဲမှာ Dark Chocolate ကောင်းကောင်း ထည့်ရုံပါပဲ။ ကော်ဖီထဲ အရည်ပျော်သွားအောင် မွှေပေးလိုက်မယ်ဆိုရင် အရသာရှိပြီး ခပ်ပျစ်ပျစ်စတိုင် ကော်ဖီ ရဲ့ အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : mdanderson