ခန္ဓာကိုယ်ကြွက်သား ကြံ့ခိုင်သန်မာခြင်းဟာ  တကယ်ကို ဆွဲဆောင်မှု ရှိစေပါတယ်။ ခန္ဓာကိုယ်ကြွက်သား ကြံ့ခိုင်သန်မာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားအပြင် လုံလောက်သော အာဟာရ ရရှိရေးဟာလည်း အရေးကြီးပါတယ်။ ကြွက်သားတည်ဆောက်ရေးအတွက်လိုအပ်တဲ့ အစားအစာများအကြောင်းကို ပြောပြပါမယ်။ အစာများတွင် အဓိကအုပ်စုဖြစ်သည့် ပရိုတင်းဓာတ်များသော အစားအစာများဟာ ကြွက်သားကြီးထွားရန်  အလွန်အရေးကြီးပါတယ်။ သို့သော် အခြားအစာအုပ်စုဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်နှင့် အဆီအုပ်စုများကလည်း စွမ်းအင်အတွက် လိုအပ်သောအရင်းအမြစ်များ ဖြစ်ပါတယ်။ Workout လုပ်နေတဲ့ ကွီးတို့အတွက် ရည်မှန်းထားတဲ့ သန်မာကျစ်လစ်တဲ့ ကြွက်သားရစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကြွက်သားတည်ဆောက်ရေး အထောက်အကူပြုတဲ့ အသားဓာတ်အပြင် လိုအပ်သော ကယ်လိုရီများပါတဲ့ အစားအစာများ ကို လည်းရွေးချယ်စားသောက်ဖို့ လိုပါတယ်။

၁။ ကြက်ဥ

ကျစ်လစ်တဲ့ ကြွက်သားရစေဖို့ အစားအစာများ

Photo : News 18

ကျစ်လစ်တဲ့ ကြွက်သားရစေဖို့ အထောက်အကူပြုမဲ့ အစားအစာများ ထဲက တစ်ခုကတော့ က ကြက်ဥ ပဲဖြစ်ပါတယ်။ ကြက်ဥများတွင် အရည်အသွေးမြင့် ပရိုတင်း၊ ကျန်းမာသောအဆီများနှင့် ဗီတာမင် B နှင့် Choline ကဲ့သို့သော အရေးကြီးသော အာဟာရဓာတ်များ ပါဝင်ပါတယ်။ ပရိုတင်းများကို အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားတဲ့အပြင်  ဥများမှာပါတဲ့ အမိုင်နိုအက်ဆစ် Leucine ဟာ ကြွက်သားကြီးထွားဖို့ အထူးအရေးကြီး ပါတယ်။ ဗီတာမင်ဘီသည် စွမ်းအင် ထုတ်လုပ်မှု အပါအဝင် သင့်ခန္ဓာကိုယ်ရှိ လုပ်ငန်းစဉ် အမျိုးမျိုးအတွက် အလွန်အရေးကြီးပါတယ်။

၂။ ကြက်ရင်အုံ

ကျစ်လစ်တဲ့ ကြွက်သားရစေဖို့ အစားအစာများ

Photo : Inspired Taste

ကြက်ရင်အုံသားများမှာ အရည်အသွေးမြင့် ပရိုတင်း ကြွယ်ဝတဲ့အတွက် ကြွက်သားများ တည်ဆောက်ဖို့  အကြောင်းရင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကြက်ရင်သားများတွင် ဗီတာမင် B၊ နီယာစင် နှင့် B6 များ မြောက်မြားစွာ ပါ၀င်ပါတယ်။ ဤဗီတာမင်များသည် အကောင်းဆုံးကြွက်သားများရရှိရန် လိုအပ်သော ကိုယ်လက်လှုပ်ရှားမှု ကာလအတွင်း ခန္ဓာကိုယ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် ကူညီပေးပါတယ်။

၃။ အဆီနည်းသောအမဲသား

ကျစ်လစ်တဲ့ ကြွက်သားရစေဖို့ အစားအစာများ

Photo : Cascade Brook Farm

အမဲသားတွင် အရည်အသွေးမြင့် ပရိုတင်း၊ ဗီတာမင်ဘီ၊ ​​သတ္တုဓာတ်နှင့် Creatine  တို့ ပါဝင်တယ်။ ကြွက်သားတက်ဖို့ ကြိုးစားနေချိန်မှာတောင် ကယ်လိုရီအများကြီးပိုမပေးဘဲ ကြွက်သားတက်အောင် ကူညီပေးတဲ့ အမဲသားကို ရွေးချယ်တာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။

၄။ ပုဇွန်

Food

Photo : Mashed

Workout လုပ်နေတဲ့ ကွီးတို့အတွက် ကျစ်လစ်တဲ့ ကြွက်သားရစေဖို့ အထောက်အကူပြုမဲ့ အစားအစာများထဲမှာ ပုဇွန်များလည်း ပါဝင်ပါတယ်။ ပုဇွန်များသည် ပရိုတင်းစစ်စစ် နီးပါးဖြစ်ပါတယ်။ အခြားတိရိစ္ဆာန်ပရိုတင်းများလိုဘဲ ပုစွန်တွင် အကောင်းဆုံးသော ကြွက်သားကြီးထွားမှုအတွက် လိုအပ်သော အမိုင်နိုအက်ဆစ် Leucine ပမာဏမြင့်မားစွာ ပါရှိပါတယ်။

၅။  ပဲပိစပ်

Food

Photo : Archana’s Kitchen

ချက်ပြုတ်ထားသော ပဲပိစပ် ခွက်တစ်ဝက်စာ (၈၆ ဂရမ်) တွင် ပရိုတင်း ၁၆ ဂရမ်၊ ကျန်းမာရေးနှင့် ညီညွတ်သော မပြည့်ဝဆီများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ ဗီတာမင် K၊ သံဓါတ်နဲ့ ဖော့‌စဖောရပ်ဓာတ် ကြွယ်ဝပါတယ်။ ကြွက်သားထဲ အောက်ဆီဂျင် ရောက်ဖို့အတွက် အရေးပါပါတယ်။

၆။ နို့

Food

Photo : Times of India

နို့သည် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများ ရောနှောပါဝင်ပါတယ်။ အခြားနို့ထွက်ပစ္စည်းများ ကဲ့သို့ပင် နို့တွင် အစာခြေမြန်သော ပရိုတင်းများက ပါဝင်ပြီး ကြွက်သားကြီးထွားမှုအတွက် အကျိုးပြုသည်ဟု ယူဆပါတယ်။

ကွီးတို့ရေ ပြောခဲ့တဲ့ အစားအစာ တွေက အလွယ်တကူ ရနိုင်တဲ့အစာတွေဘဲ ဖြစ်ပါတယ်။ Workout လုပ်နေတဲ့ ကွီးတို့အတွက် ကျစ်လစ်တဲ့ ကြွက်သားရစေဖို့ အထောက်အကူပြုမဲ့ အစားအစာများ က အများကြီးရှိပါတယ်။ အလွယ်တကူ ရနိုင်ပြီး အာဟာရ တန်ဖိုးမြင့်တဲ့အစာတွေကို ရွေးချယ် စားသောက်မှ ကွီးတို့ရည်မှန်းချက် အောင်မြင်နိုင်ဖို့ အထောက်အကူပြုမှာပါ။

Source : Healthline

Featured Photo : Muscleandfitness