Bloody Mary ကော့လ်တေး က အရသာရှိသော ကော့လ်တေး တစ်ခွက်ဖြစ်ပြီး ဗော်ကာနဲ့ ခရမ်းချဉ်သီး အဓိက ပါဝင်ပါတယ်။ ကွီးတို့ ကိုယ်တိုင်ပြုလုပ်မယ်ဆိုရင် အခြားကြိုက်နှစ်သက်သော အသီးအရွက်ဖျော်ရည်များ ပေါင်းထည့်ပြီး ပိုမိုကောင်းမွန်သော ကော့လ်တေးတစ်ခွက် ဖန်တီးနိုင်ပါတယ်။ ဘာလို့ Bloody Mary က ကျန်းမာရေးနဲ့ ညီညွတ်တာလဲဆိုရင် Bloody Mary တွင် အဓိက ပါဝင်ပစ္စည်းဖြစ်သော ခရမ်းချဉ်သီးဖျော်ရည်က  Lycopene  ကြွယ်ဝပါတယ်။  ဒီ Antioxidant က ခရမ်းချဉ်သီးဖျော်ရည်မှာ ပါဝင်တဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုအတွက် အကျိုးကျေးဇူးများစွာ ရှိစေတာကြောင့် လေ့ကျင့်ခန်း လုပ်ခြင်းကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေကာ ဖိစီးမှုကို လျှော့ချပေးပြီး ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် သင့်တော်တဲ့ Bloody Mary  ကော့လ်တေး ကို တူတူဖျော်စပ် ကြည့်ရအောင်။

ကျန်းမာရေးအတွက် တကယ်ကို  ကောင်းတဲ့ Bloody Mary  ကော့လ်တေး ဖျော်စပ်ဖို့ ဆိုရင်

ကျန်းမာရေးအတွက် Bloody Mary

Photo : Esquire

(၁)  ရေခဲလက်တစ်ဆုပ်စာ

(၂)  ဗော်ကာ ၁၀၀ မီလီလီတာ

(၃)  ခရမ်းချဉ်သီးဖျော်ရည် ၅၀၀ မီလီလီတာ

(၄) သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

(၅)  Worcestershire ဆော့စ် အနည်းငယ်

(၆)  ငရုတ်ကောင်းဆော့စ် အနည်းငယ်

(၇)  ဆား

(၈)  ငရုတ်ကောင်း နှင့်

(၉)  အလှဆင်ရန်အတွက် တရုတ်နံနံ နဲ့ သံပုရာသီး အစိတ်အနည်းငယ် စသည်တို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ အကုန်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့  ကျန်းမာရေးအတွက် သင့်တော်တဲ့ Bloody Mary ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ လွယ်ကူတဲ့ ဖျော်စပ်ပုံ အဆင့်ဆင့်ကို  ကြည့်လိုက်ရအောင်။

ကျန်းမာရေးအတွက် Bloody Mary

Photo : Candry’s Kitchen

(၁) ပထမဦးစွာ ရေခဲကို ဖျော်စပ်မဲ့ ခွက်ထဲသို့ထည့်ပါ။ ထို့နောက် ဗော်ကာ၊ ခရမ်းချည်သီးဖျော်ရည် နဲ့ သံပုရာရည်တို့ကို ရေခဲထည့်ထားသော ခွက်ထဲသို့လောင်းထည့်ပါ။  ကွီးတို့အနေနဲ့ ပိုပြီးလတ်ဆတ်တာ လိုချင်ရင်တော့ ခရမ်းချဉ်သီးကို ကြိတ်စက်နဲ့ဖျော်ထားတဲ့ ဖျော်ရည်ကိုလည်း သုံးနိုင်ပါတယ်။

(၂) ထို့နောက် Worcestershire  ဆော့စ်နဲ့ ငရုတ်ကောင်းဆော့စ် တို့ကိုပေါင်းထည့်ပါ။ (အစပ်ပိုကြိုက်ရင် ငရုတ်ကောင်းဆော့စ်ကို အနည်းငယ် ပိုထည့်နိုင်ပါတယ်။) ဆား  နှင့် ငရုတ်ကောင်း တို့ကို သင့်တော်သလောက် ထည့်ပါ။ ထို့နောက် သမအောင် သေချာစွာမွှေပါ။

(၃) နောက်ဆုံးအနေဖြင့် ကွီးတို့ ပြင်ဆင်ထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ရေခဲတုံးလေးများ၊ တရုတ်နံနံ၊ သံပုရာသီးစိတ်လေးများ နဲ့ ကွီးတို့စိတ်ကြိုက် အလှဆင်လိုက်ပါ။ အလှဆင်ရာတွင် ငရုတ်သီးစိမ်းလေးများကိုလည်း သုံးနိုင်ပါတယ်။

Cocktail

Photo : San Antoni Botanical Garden

ဒါဆိုရင်တော့ အနည်းငယ် ပူစပ်တဲ့အရသာရှိပြီး ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ Bloody Mary ကော့လ်တေး လေးရပါပြီ။ ကွီးတို့လည်း ဒီ ကော့လ်တေးလေးကို ဖျော်စပ်ပြီး သူငယ်ချင်း၊ မိသားစုတွေနဲ့ အတူ သုံးဆောင်ကြည့်ပါ။

Source : BBC Good Food

Featured Photo : Tastingtable