ကွီးတို့ရေ ပူပြင်းအိုက်စက်တဲ့ အချိန်အခါနဲ့ လိုက်ဖက်တဲ့ အဖျော်ယမကာတစ်မျိုးကို ရှာနေပါသလား။ ဒါဆိုရင်တော့ Hurricane ကော့လ်တေး ကိုသတိရလိုက်ပါ။ Hurricane ကော့လ်တေးက ရမ်အဖြူနဲ့ အနက် အဓိကပါဝင်ပြီး ပင်မှည့်သီး၊ သံပုရာရည်၊ လိမ္မော်ရည်တို့နဲ့ ဖျော်စပ်ထားကာ ချိုမြိန်သောအရသာရှိတဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ပူပြင်းအိုက်စက်တဲ့ အချိန်အခါမှာသုံးဆောင်ဖို့ အသင့်တော်ဆုံးဖြစ်ပြီး ချိုမြတဲ့အရသာကြောင့် လန်းဆန်တတ်ကြွစေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကွီးတို့ကို ရမ် အဖြူနဲ့အနက် ရောစပ်ထားပြီး ချိုမြိန်ပြင်းရှတဲ့ Hurricane ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ရမ် အဖြူနဲ့အနက် ပေါင်းစပ်ထားတဲ့ ပြင်းရှတဲ့ Hurricane ကော့လ်တေး တစ်ခွက် ဖျော်စပ်ဖို့ လိုအပ်တာလေးတွေ ကတော့

ရမ် အဖြူနဲ့အနက် Hurricane ကော့လ်တေး

Photo : Everyday Creole

(၁) ရမ် အဖြူ ၅၀ မီလီလီတာ

(၂) ရမ် အနက် ၅၀ မီလီလီတာ

(၃) ပင်မှည့်သီး တစ်လုံး

(၄) လိမ္မော်သီး ဖျော်ရည်

(၅) သံပရာသီး ဖျော်ရည်

(၆) သကြားရည် ၅၀ မီလီလီတာ

(၇) Grenadine လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(၈) ရေခဲတုံး များ စသည်တို့ ဖြစ်ပါတယ်။ (Hurricane ကော့လ်တေး ၂ ခွက်စာ ဖြစ်ပါတယ်။)

ထို့နောက် အလှဆင်ရန်အတွက် လိမ္မော်သီး နဲ့ သံပုရာသီး အစိတ်အနည်းငယ်နဲ့ ကော့လ်တေး ချယ်ရီသီးတို့ လိုအပ်ပါတယ်။ ( ချယ်ရီသီး က ရရှိဖို့မလွယ်ကူလျှင် မထည့်လည်းရပါတယ်။)

ပါဝင်ပစ္စည်းတွေ ပြည့်စုံပြီဆိုလျှင် ရမ်အဖြူနဲ့အနက် ပေါင်းစပ်ထားတဲ့ Hurricane ကော့လ်တေး ဖျော်စပ်ကြရအောင်။ ဖျော်စပ်နည်း လေးကတော့………….

ရမ် အဖြူနဲ့အနက် Hurricane ကော့လ်တေး

Photo : Recipe Girls

(၁) Hurricane ကော့လ်တေးဖျော်စပ်ရန် ပထမဆုံးအနေဖြင့် ကော့လ်တေး Shaker ထဲကို ရေခဲတုံးများထည့်ပါ။ ထိုနောက် ရမ် အဖြူနဲ့အနက် လောင်းထည့်ပါ။

(၂) ပင်မှည့်သီးကို အစေ့များထုတ်ပါ။ ပြီးနောက် လိမ္မော်သီးဖျော်ရည်၊ သံပုရာရည် (သံပုရာသီးကို အရည်ညှစ်ထည့်လည်း ရပါတယ်။) ၊သကြားရည်နဲ့ Grenadine တို့ကို ရမ်နှင့် ရေခဲထည့်ထားသော Shaker ထဲသို့ လောင်းထည့်ပါ။

(၃) ထို့နောက် Shaker အပြင်ဖက် အေးစက်သွားတဲ့ အထိ လှုပ်ခါပါ။ ပြီးနောက် Hurricane ဖန်ခွက်ထဲကို လတ်ဆတ်တဲ့ရေခဲဖြင့် ဖြည့်ပြီးနောက် Shaker ထဲက ကော့လ်တေးကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

(၄) ထို့နောက် အဆင်သင့် လှီးဖြတ်ထားတဲ့ လိမ္မော်သီးစိပ်၊ သံပုရာသီးစိပ်၊ ချယ်ရီသီးတို့နဲ့ အလှဆင်လိုက်ပါ။

အရောင်အဆင်းလှပြီး ပြင်းရှချိုမြိန်တဲ့ Hurricane ကော့လ်တေး တစ်ခွက် ကိုဖျော်စပ်လို့ ပြီးပါပြီ။

Cocktail

Photo : Mid Century Receipt and Cocktails

ရမ် အဖြူနဲ့ အနက်ကို  အဓိကထားပြီး ဖျော်စပ်ထားတဲ့ ဒီ Hurricane ကော့လ်တေးဟာဆိုရင်ဖြင့် ပူပြင်းအိုက်စပ်တဲ့ ရာသီနဲ့ လိုက်ဖက်သလို ဖျော်စပ်ရတာလည်း တကယ်ကို ရိုးရှင်းလွယ်ကူလှပါတယ်။ ကွီးတို့လည်း ဒီချိုမြိန်တဲ့ ကော့လ်တေးလေးကို ဖော်ပြပေးထားတဲ့ နည်းလေးအတိုင်း ကိုယ်တိုင်ဖျော်စပ် မြည်းစမ်းကြည့်ပါ။

Source : The Spurce Eats

Featured Photo : Esquire