ကြက်သွန်ဖြူ သည် ကွီး တို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စူပါအစားအစာတစ်ခုပဲဖြစ်ပါတယ်။ သူ့ထဲမှာ မဂ္ဂနီစီယမ်နှင့် စီလီယမ် အစရှိတဲ့ အာဟာရဓာတ်များ ပါဝင်ပြီး အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။
ကြက်သွန်ဖြူ ကို စားသုံးပြီးတဲ့နောက်မှာ ကွီး တို့ရဲ့ ခံတွင်းရနံ့က နံလာတာတော့ မှန်ပါတယ်။ သို့သော် ကြက်သွန်ဖြူက ပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကလည်း အများကြီးရှိတဲ့အတွက်ကြောင့် နေ့စဥ်မှန်မှန် စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။
ကြက်သွန်ဖြူ စားသုံးခြင်းကြောင့် ခံစားရတဲ့ အကျိုးကျေးဇူးများကတော့ …
အအေးမိ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတို့မှ ကာကွယ်ပေးခြင်း

လေ့လာမှုတစ်ခုအရ ကြက်သွန်ဖြူကို နေ့စဥ် စားသုံးခြင်းမှ အအေးမိ ဖျားနာခြင်းကို ၆၃ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ထိုလေ့လာမှုကို ရက်သတ္တပတ် ၁၂ ပတ် တိတိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ မကြာခဏ ဖျားနာတတ်တယ်ဆိုရင်တော့ ကြက်သွန်ဖြူကို နေ့စဥ် စားသုံးသင့်ပါတယ်။
သွေးတိုးသမားများအတွက် သွေးတိုးခြင်းမှ ကာကွယ်ပေးခြင်း

နောက်ထပ် လေ့လာချက်များအရ ကြက်သွန်ဖြူသည် သွေးတိုးသမားများအတွက် သွေးတိုးရောဂါကို လျော့ချပေးရာမှာ ကူညီပေးနိုင်တယ်လို့ သိရှိရပါသေးတယ်။ ဒီလိုမျိုး သွေးပေါင်ချိန် မှန်ဖို့ရန်အတွက်နှင့် သွေးတိုးရောဂါ လျော့ချပေးနိုင်ဖို့ရန်အတွက်ဆိုရင်တော့ ကြက်သွန်ဖြူကို တစ်နေ့လျှင် ၄ မြွှာခန့် စားသုံးဖို့ လိုအပ်ပါတယ်။
နှလုံးရောဂါ ခံစားရခြင်းမှ တားဆီးပေးခြင်း

ကြက်သွန်ဖြူသည် မကောင်းတဲ့ ကိုလက်စတော ပမာဏကိုလည်း လျော့ချေပးနိုင်တယ်လို့ သုတေသနပြုချက်အရ သိရှိရပါတယ်။ ကိုလက်စတော ပမာဏ ညီမျှနေမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်ပွားခြင်းမှ တားဆီးပေးနိုင်ပါတယ်။
ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးခြင်း
ကြက်သွန်ဖြူသည် ကျနော်တို့ရဲ့ DNA ကို ပျက်စီးစေတဲ့ အန္တရာယ်ရှိတဲ့ ဓာတုဒြပ်ပေါင်းများကိုလည်း တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ ဇင့်နှင့် ဗီတာမင်စီဓာတ်များ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအား မြှင့်မားဖို့ရန်အတွက်လည်း စားသုံးနိုင်ပါတယ်။
အမျိုးသားများရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးအတွက် အထူးကောင်းမွန်စေခြင်း

ကြက်သွန်ဖြူ ထဲတွင် ကွီး တို့ရဲ့ သွေးလှည့်ပတ် စီးဆင်းမှုကို မြှင့်တင်ပေးနိုင်တဲ့ Allicin ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ ထို့ကြောင့် ကွီးတို့ရဲ့ လိင်စိတ်တပ်မက်မှုကို တိုးမြှင့်ပေးနိုင်ပြီး မျိုးပွားအင်္ဂါ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ကွီးတို့အနေနဲ့ ထိုအကျိုးကျေးဇူးကို ရယူချင်တယ်ဆိုရင်တော့ တစ်နေ့လျှင် ကြက်သွန်ဖြူ ၂ မြွှာမှ ၃ မြွှာအထိ စားသုံးပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်လည်း စားနိုင်သလို လှော်စားတာမျိုးပဲဖြစ်ဖြစ်၊ အစားအစာများနှင့် တွဲဖက်စားသုံးလို့လည်း ရပါတယ်။
စိတ်ကျန်းမာရေးကို တိုးမြှင့်ပေးခြင်း

နောက်ထပ် လေ့လာချက်များအရ ကြက်သွန်ဖြူသည် စိတ်ဖိစီးမှုများကို လျော့ချပေးပြီး စိတ်ဂဏှာမငြိမ်ခြင်း၊ အိပ်မရခြင်း အစရှိသည်တို့ကို လျော့ချပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို နေ့စဥ် မှန်မှန် စားသုံးပေးခြင်းအားဖြင့် စိတ်ခံစားချက်များ ကောင်းမွန်ပြီး စိတ်ကျန်းမာရေးကိုလည်း တိုးမြှင့်ပေးမှာဖြစ်ပါတယ်။
ကိုယ်ခန္ဓာကို လန်းဆန်းတက်ကြွစေခြင်း

ကြက်သွန်ဖြူရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ အမောခံနိုင်ခြင်းပဲဖြစ်ပါတယ်။ အားကစားသမားများအနေနဲ့ သက်လုံကောင်းဖို့ရန်အတွက် မှီဝဲသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။
ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ တားဆီးပေးခြင်း

ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များးသည် ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သက်တမ်းရင့်တဲ့ ကြက်သွန်ဖြူများကို စားသုံးတဲ့အခါ အူမကြီး ကင်ဆာနှင့် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်သည် ကင်ဆာဆဲလ်များကို ထပ်ပြီး ပွားမလာအောင် တားဆီးပေးနိုင်လို့ပဲဖြစ်ပါတယ်။
ကိုယ် အလေးချိန် လျော့ချပေးခြင်း

ဒီလေ့လာချက်ကတော့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကာ တွေ့ရှိထားတဲ့အချက်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူကို ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်ခန့် ကြာအောင် စားသုံးပေးတဲ့အခါ ဝိတ်ကျသွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ရက်သတ္တပတ် ၁၂ ပတ်လောက် စားသုံးပေးမယ်ဆိုရင်တော့ ခါးက အဆီတွေကိုပါ ဖယ်ရှားပေးပြီး ခါးက တဖြည်းဖြည်း သွယ်လာမှာပဲဖြစ်ပါတယ်။
အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးခြင်း
သုတေသလေ့လာချက်အရ ကြက်သွန်ဖြူကို နေ့စဥ်မှန်မှန် စားသုံးခြင်းသည် အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်းတို့မှ ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ပန်းနာ ရင်ကြပ် ရောဂါနှင့် အခြားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တီဘီရောဂါ ခံစားနေရသူများအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ တီဘီရောဂါကို သက်သာချင်တယ်ဆိုရင် ကြက်သွန်ဖြူ ၁ ကီလိုဂရမ်ကို ရေ ၁ လီတာ၊ နွားနို့ ၂၄၀ မီလီလီတာတို့နှင့် ရောနှောကာ ကျိုချက်ပေးလိုက်ပါ။ အရည်ပမာဏက စစကြိုချင်းထက် ၄ ပုံ ၁ ပုံခန့်သာ ကျန်တော့သည်အထိ ကျိုချက်ပေးရမှာဖြစ်ပါတယ်။ ဒီဖျော်ရည်ကို တစ်နေ့လျှင် ၃ ကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင်တော့ တီဘီရောဂါ ခံစားရခြင်းမှ သက်သာပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။
Source: Manmatters
Featured Image: Freepik


