မိမိရဲ့ ကြိုးစားမှု အပေါ် ဂုဏ်ယူခြင်းသည် ကောင်းသောအလေ့အကျင့်တစ်ခုဖြစ်ပြီး လူသားတိုင်း ပြုမူသင့်တဲ့ အမူအကျင့် တစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ဂုဏ်ယူခြင်းသည် ဘဝရဲ့ အနှစ်သာရတစ်ခုဖြစ်ပြီး မိမိဘဝကို ကျေနပ်ရောင့်ရဲစိတ်များ ဖြစ်ပေါ်စေကာ အခြားသောသူများကိုလည်း စိတ်ဓာတ်ခွန်အားဖြစ်အောင် တွန်းပို့ပေးနေပါသေးတယ်။

သင်ရော ကိုယ့်ရဲ့ ကြိုးစားမှုအပေါ် ကျေနပ်အားရမှုရှိရဲ့လား။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ကြိုးစားမှု အပေါ် ကျေနပ်အားရမှုရှိတဲ့အခါ အခုဖော်ပြပေးမယ့် အမူအကျင့် များကို ပြုမူလေ့ရှိပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း

ကြိုးစားမှု အမူအကျင့်

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသည်လည်း ကိုယ့်ရဲ့ ကြိုးစားမှု အပေါ် ကျေနပ်အားရမှုရှိတဲ့အခါ ပြုမူလေ့ရှိတဲ့ အမူအကျင့် တစ်ခုပဲဖြစ်ပါတယ်။ သင်သည် ယခုရောက်ရှိနေတဲ့ နေရာ၊ အနေအထားအပေါ် ကျေနပ်တဲ့အခါ ကိုယ့်ရဲ့ Confidence Level သည်လည်း အလိုလို မြင့်တက်လာပြီး ဒီ့ထက်ပိုပြီး ကြိုးစားချင်စိတ်တွေလည်း တဖွားဖွားပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ကိုယ် ဖြည့်ဆည်းခဲ့တဲ့ အိပ်မက်များကို ထုတ်ကြွားနေခြင်း

ကြိုးစားမှု အမူအကျင့်

သင် မရ ရအောင် ကြိုးစားပြီး ဖြည့်တင်းခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်များအကြောင်းကို သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ပြောဖူးပါသလား။ ဒီလိုမျိုး ကိုယ့်ရဲ့ပန်းတိုင်များအတွက် ထုတ်ကြွားခြင်းသည်လည်း ကိုယ့်ရဲ့ ကြိုးစားမှု အပေါ် ကျေနပ်အားရတဲ့ အမူအကျင့် တစ်ခုပြဖြစ်ပါတယ်။

မိမိသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကိုလည်း ချီးမွမ်းဖို့ ဝန်မလေးခြင်း

ကြိုးစားမှု အမူအကျင့်

လူအများစုသည် ကိုယ့်ရဲ့အောင်မြင်မှုကိုသာ တခုတ်တရ ထုတ်ပြောကြပေမယ့် အခြားသူတစ်ယောက်ရဲ့ အောင်မြင်မှုကိုတော့ ချီးမွမ်းဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ့်ဘေးပတ်ဝန်းကျင်က သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များ အောင်မြင်နေရင်တောင်မှ မနာလိုစိတ်က ခပ်များများရယ်ပါ။

ဒါပေမဲ့ သင်သည် သင့်ရဲ့သူငယ်ချင်း၊ မိတ်ဆွေများရဲ့ အောင်မြင်မှုကို မနာလိုခြင်းမရှိဘဲ သူတို့နဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ သင်သည် စိတ်သဘောထား ပြည့်ဝသူဖြစ်ပြီး ကိုယ့်ကိုယ့်ကိုယ် သူများနှင့် မနှိုင်းယှဉ်တတ်တဲ့ အကျင့်သည်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

သူတို့ရဲ့အလုပ်အတူတူ တွဲလုပ်ရတာ ဘယ်လောက်ထိ ဂုဏ်ယူဝမ်းမြောက်ရကြောင်း ဖော်ပြပေးခြင်းသည်လည်း စိတ်သဘောထား ပြည့်ဝသူတစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးအတွက်ပါ ဂုဏ်ယူဝင့်ကြွားသူတစ်ယောက်ဖြစ်ပါတယ်။

မိမိကို ဝေဖန်လာပါကလည်း ဒေါသမထွက်ခြင်း

ကြိုးစားမှု အမူအကျင့်

မိမိကို မကောင်းသောစိတ်ဖြင့် ဝေဖန်သူများရဲ့ အသံကို ကြားရတဲ့အခါမှာလည်း ဒေါသထွက်ကာ စိတ်ဆိုးမာန်ဆိုးနှင့် တုန့်ပြန်တာမျိုးတွေ မရှိတော့ပါဘူး။ ဒီအချက်သည်လည်း ကိုယ့်ရဲ့ ကြိုးစားမှု အပေါ် ယုံကြည်ချက်ရှိပြီး ကျေနပ်နေသူတစ်ယောက်ရဲ့ အမူအကျင့် တစ်ခုပဲဖြစ်ပါတယ်။

သူတို့ရဲ့ ပြိုင်ပြီး ငြင်းခုန်နေဖို့ကိုလည်း အချိန်မပေးချင်ကြတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ထိုကဲ့သို့ သင့်ကို မကောင်းမြင်စိတ်နှင့် ဝေဖန်သူများသည် သင့်ရဲ့ အောင်မြင်မှုကို မနာလိုနေလို့ပဲဆိုတာ သင် သိရှိနားလည်သွားလို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကွီးတို့အနေနဲ့လည်း မကောင်းတဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ထဲမထားဘဲ ကိုယ် လုပ်စရာရှိတဲ့အရာကိုသာ စိတ်ဖြောင့်ဖြောင့်နှင့် လုပ်ဆောင်သွားလိုက်ပါ။ ကိုယ့်ရဲ့စိတ်က သူတို့ရဲ့ ဝေဖန်မှုကြောင့် မတင်မကျဖြစ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ချင်တယ်ဆိုလည်း သုံးသပ်နိုင်ပါတယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တော့ မပျောက်ဆုံးသွားပါနဲ့။

လူတိုင်းက သင်နဲ့အတူ အချိန်ကုန်ဆုံးချင်ကြခြင်း

လူတိုင်းက သင်နဲ့အတူ အချိန်ကုန်ဆုံးချင်ကြခြင်း

သင်သည် အားမာန်တက်ကြွပြီး မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိသူနှင့် အမြဲတမ်း အားငယ်ကာ မဝံ့မရဲဖြစ်သူတို့ နှစ်ယောက်အကြား ဘယ်လိုလူမျိုးနှင့် အပေါင်းအသင်း ပြုလုပ်ချင်ပါသလဲ။ အမြဲတမ်း အားငယ်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နည်းနေသူနှင့် ပေါင်းသင်းပါများလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပါ သိမ်ငယ်စိတ် ဝင်လာပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်စိတ်သည် သင့်ထံသို့ ကူးစက်လာလို့ပဲ ဖြစ်ပါတယ်။

အမြဲတမ်း အားမာန်တက်ကြွပြီး စိတ်အားထက်သန်နေသူများ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူနှင့် အပေါင်းအသင်းလုပ်တဲ့အခါ သင့်ဆီလည်း ထိုစိတ်အားထက်သန်မှုသည် ကူးစက်လာမှာဖြစ်ပါတယ်။ လူအများသည် သူနှင့် တူရာ တူရာ ပေါင်းစည်းတတ်ကြတာဖြစ်ပါတယ်။ သင့်လိုမျိုး ကြိုးစားချင်စိတ် အပြည့်ရှိတဲ့သူတွေသည် သင်နဲ့ အချိန်ကုန်ဆုံးရတာကို နှစ်သက်ကြတယ်ဆိုရင်တော့ သေချာပါတယ်၊ သင်သည်လည်း စိတ်အားထက်သန်ကာ “ငါ ဘာလုပ်လုပ် အောင်မြင်အောင် လုပ်ဆောင်နိုင်ရမယ်” ဆိုတဲ့ အရာကို နှလုံးမူထားလို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့အင်္ကျီအဝတ်အစားနှင့် ပုံပန်းသွင်ပြင်ကို အမြဲတစေ ဂရုစိုက်ခြင်း

ကိုယ့်ရဲ့အင်္ကျီအဝတ်အစားနှင့် ပုံပန်းသွင်ပြင်ကို အမြဲတစေ ဂရုစိုက်ခြင်း

သင်သည် ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံနှင့် ပုံပန်းသွင်ပြင်ကို ဂရုမစိုက်တတ်တဲ့သူတစ်ယောက်လား (သို့) သပ်သပ်ရပ်ရပ်နှင့် ကြည့်ကောင်းဖို့အတွက် အမြဲတမ်း ပြင်ဆင်တတ်သူတစ်ယောက်လား။

ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို ပိုသီပတ်သီနှင့် ဂရုမစိုက်တတ်သူသည် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေသူတစ်ယောက်ရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင် ပြင်ပြင်ဆင်ဆင်နေခြင်းဆိုတာ တစ်ချိန်လုံး ပဲများနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးပေးကာ လူပုံအလယ်မှာ ကျော့ရှင်းနေဖို့ပဲလိုအပ်တာပါ။ ရုပ်ချောတာ မချောတာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ မထားတာနဲ့သာ သက်ဆိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသူတစ်ယောက်သည် သူ့ရဲ့ဝတ်စားဆင်ယင်မှုပုံစံကို ဘယ်တော့မှ လက်လွတ်စပယ် ပစ်မထားတတ်ကြပါဘူး။ မိမိသွားရမယ့် ပွဲအခမ်းအနား၊ နေရာထိုင်ခင်းနှင့် ပတ်သက်ပြီး လိုက်ဖက်တဲ့ အဝတ်အစားများကို သေသေချာချာ ရွေးချယ်ဝတ်ဆင်တတ်ကြပါတယ်။

အခုဖော်ပြသွားတဲ့ အပြုအမူများထဲက ဘယ်နှချက်လောက်ကို ကွီးတို့ ပြုမူနေပါသလား။ ကွီးတို့ရော ကိုယ့်ရဲ့ ကြိုးစားမှု ရလဒ်အပေါ် ကျေနပ်အားရမှုရှိကြရဲ့လား။

Source: Magforliving

Featured Image: iBelieve