ကမ္ဘာပေါ်မှာ အားကစား အမျိုးမျိုးရှိသလို ထူးချွန်ကျော်ကြားပြီး နာမည်ကြီးကာ အောင်မြင်သော အားကစားသမားများသည်လည်း မရေမတွက်နိုင်အောင် ရှိကြပါတယ်။ များပြားလှတဲ့ အားကစားသမားများတွေထဲက ကမ္ဘာ့ ကြေးအမြင့်ဆုံး နှင့် အအောင်မြင်ဆုံး အားကစားသမား တွေက ဘယ်သူဖြစ်လဲ။
Lionel Messi

Lionel Messi ကတော့ ကမ္ဘာ့ ကြေးအမြင့်ဆုံး အားကစားသမား တွေထဲမှာ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်။ သူ့ရဲ့ ပျမ်းမျှ ဝင်ငွေကတော့ ဒေါ်လာ ၁၃၀ မီလီယံရှိပါတယ်။ ဘောလုံးကစားခြင်းအပြင် အခြားသောနာမည်ကြီး ကုမ္ပဏီများနှင့်လည်း လက်တွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။
Lebron James

ဒုတိယတစ်ယောက်ကတော့ ဘက်စကပ်ဘောလောကမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ Lebron James ဖြစ်ပြီးတော့ သူ့ဝင်ငွေသည် ဒေါ်လာ ၁၂၁.၂ မီလီယံရှိပါတယ်။ သူသည် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးအဖြစ် Gym ခန်းမတွေ ဖွင့်လှစ်ထားပါသေးတယ်။
Cristiano Ronaldo

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီဘောလုံးသမား Cristiano Ronaldo ကိုတော့ မသိသူမရှိလောက်ပါဘူး။ သူသည်လည်း သူ့ရဲ့ပြိုင်ဘက် မက်ဆီလိုမျိုးပါပဲ။ နာမည်ကြီး ကုမ္ပဏီများနှင့် အလုပ်တွဲလုပ်လေ့ရှိပြီး သူ့ရဲ့ဝင်ငွေကတော့ ဒေါ်လာ ၁၁၅ မီလီယံရှိပါတယ်။
Neymar

ကမ္ဘာ့ ကြေးအမြင့်ဆုံး နံပါတ် (၄) နေရာမှာ ရပ်တည်နေတဲ့ အားကစားသမားကတော့ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးကစားသမား Neymar ပဲဖြစ်ပါတယ်။ သူ့ရဲ့ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၉၅ မီလီယံ ရှိပါတယ်။
Stephen Curry

နောက်ထပ် အားကစားသမားတစ်ယေက်ကတော့ ဘက်စကပ်ဘောလောကတွင် နာမည်ကြီးတဲ့ Stephen Curry ဖြစ်ပါတယ်။ သူ့ရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၉၂.၈ မီလီယံရှိပါတယ်။
Kevin Durant

Kevin Durant သည်လည်း ဘက်စကပ်ဘော အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဝင်ငွေကတော့ ဒေါ်လာ ၉၂.၁ မီလီယံရှိပါတယ်။
Roger Federer

တင်းနစ်ပရိသတ်တွေရဲ့ အသည်းစွဲ အားကစားသမားတစ်ယောက်ဖြစ်တဲ့ Roger Federer ကတော့ နံပါတ် (၇) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၉၀.၇ မီလီယံ ဝင်ငွေရှိပါတယ်။
Canelo Alvarez

လက်ဝှေ့အားကစားသမားတစ်ယောက်ဖြစ်တဲ့ Canelo Alvarez ကတော့ နံပါတ် (၈) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူ့ရဲ့ မြန်ဆန်တဲ့ လှုပ်ရှားမှု၊ တိုက်ရည်ခိုက်ရည်တို့ကြောင့် သူ့ရဲ့ ဝင်ငွေသည် ဒေါ်လာ ၉၀ မီလီယံရှိတာဖြစ်ပါတယ်။
ဒီလိုနယ်ပယ်အသီးသီးက အောင်မြင်ကြတဲ့အားကစားသမားများသည် သူတို့ရဲ့ အရည်အချင်းကို အမြဲတမ်းတိုးတက်နေအောင် လေ့ကျင့်မှု အမြောက်အမြား လုပ်ခဲ့ကြရတာဖြစ်ပြီး ယခုအချိန်ထိလည်း လေ့ကျင့်မှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးစားမှုကြောင့်ပဲ ယခုလို အောင်မြင်ကျော်ကြားနေကြရတာဖြစ်ပါတယ်။ ဒါကိုလည်း သူတို့ရဲ့ ပရိသတ်တွေက အသိအမှတ်ပြုကြပါတယ်။
စာဖတ်သူရော အခုဖော်ပြသွားတဲ့ အားကစားသမားတွေထဲက ဘယ်အားကစားသမားကို အကြိုက်နှစ်သက်ဆုံးလဲ။
Source: Forbes
Featured Image: Goal
