ယူအက်ဖ်စီ UFC ဟာ ကမ္ဘာတလွှားက ကိုယ်ခံပညာကို နှစ်သက်တဲ့ ပရိသတ်သန်းပေါင်းများစွာ စောင့်ကြည့်ရတဲ့ ထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီလိုပြိုင်ပွဲကြီးမှာ ရှုံးပွဲ လုံးဝ မတွေ့ဖူးတဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

Jack Shore

Photo: Sportsbrowser

၅။ ဂျက်ခ် ရှိုး

ဂျက်ခ် ရှိုးဟာ MMA ဘမ်တန်ဝိတ် ဖိုက်တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ယူအက်ဖ်စီ UFC ပွဲဦးထွက်ပွဲစဉ်အဖြစ် နိုဟီလင်း ဟာနန်ဒက်ဇ်နဲ့ ထိုးသတ်ခဲ့ပါတယ်။ ဂျက်ခ်ဟာ ၁၄ ပွဲ ထိုးသတ်ထားခဲ့ရာမှာ အလဲထိုး ၄ ပွဲ ၊ ချုပ်ကွက်နိုင်ပွဲ ၈ ပွဲနဲ့ ဒိုင်အဆုံးအဖြတ် ၂ ပွဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပြင် ဂျက်ခ်ဟာ ယူအက်ဖ်စီ UFC ပွဲဦးထွက်မှာ performance of the Night honor ဆုကို ရရှိခဲ့ပြီး ဘန်တမ်ဝိတ်ချန်ပီယံရှစ် ခါးပတ်ကိုလည်း အောင်အောင်မြင်မြင်နဲ့ တစ်ကြိမ် ကာကွယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Bryce Mitchell

Photo: Sportsbrowser

၄။ ဘရိုက်စ် မစ်ချယ်

ဘရိုက်စ် မစ်ချယ်ဟာ MMA ဖယ်သာဝိတ်ဖိုက်တာဖြစ်ပြီး ယူအက်ဖ်စီ UFC ဖယ်သာဝိတ် အဆင့်ရပ်တည်မှုမှာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေသူဖြစ်ပါတယ်။ ဘရိုက်စ်ဟာ ၁၄ ပွဲအထိ ထိုးသတ်ခဲ့ရာမှာ ချုပ်ကွက်နိုင်ပွဲ ၉ ပွဲ ၊ ဒိုင်အဆုံးအဖြတ် ၅ ပွဲ အနိုင်ရရှိထားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ မတူညီတဲ့ ဆိုက် ၅ ခုကနေ တစ်နှစ်တာအကောင်းဆုံး ချုပ်ကွက်ဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ မစ်ချယ်ဟာ ၎င်းရဲ့ အောင်မြင်တဲ့ ကစားသမားဘဝကြောင့် The Ultimate Fighter: Undefeated လို့အမည်ရတဲ့ တီဗွီစီးရီးမှာ ပါဝင်သရုပ်ဆောင် ခဲ့ရပါသေးတယ်။

Sean Brady

Photo: Sportsbrowser

၃။ ရှောင် ဘရက်ဒီ

ရှောင် ဘရက်ဒီဟာ MMA ဝယ်လ်တာဝိတ်ဖိုက်တာဖြစ်ပြီး ယူအက်ဖ်စီ UFC ဝယ်လ်တာဝိတ် အဆင့်ရပ်တည်မှုမှာ အဆင့် ၁၄ ရရှိထားသူဖြစ်ပါတယ်။ ဘရက်ဒီဟာ ၁၄ ပွဲထိုးသတ်ခဲ့ရာမှာ ရှုံးပွဲမရှိသေးဘဲ ၂၀၁၉ ခုနှစ်မှာ ကော့တ် မက်ဂီးနဲ့ယူအက်ဖ်စီ UFC ပွဲဦးထွက်ပွဲအဖြစ် ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ဘရက်ဒီဟာ အလဲထိုး ၃ ပွဲ ၊ ချုပ်ကွက် ၄ ပွဲ ၊ ဒိုင်အဆုံးအဖြတ် ၇ ပွဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ခရစ်ရှန် အဂီလယ်ရာနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ Performance of the Night ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘရက်ဒီဟာ Cage Fury Fighting Championship ချန်ပီယံဘွဲ့ကို ၂ ကြိမ်အထိ အောင်အောင်မြင်မြင် ကာကွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Shamil Gamzatov

Photo: Sportsbrowser

၂။ ရှမီး ဂမ်ဇာတော့ဗ်

ရှမီး ဂမ်ဇာတော့ဗ်ဟာ MMA လိုက်ဟဲဗီးဝိတ် ဖိုက်တာဖြစ်ပြီး လက်ရှိမှာ ယူအက်ဖ်စီ UFCမှာ ကစားနေဆဲ ဖြစ်ပေမယ့် ရှုံးပွဲမရှိသေးတဲ့ ချန်ပီယံများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရှမီးက ကလစ်ဆင် အဘရီရူနဲ့ ယူအက်ဖ်စီ UFC ပွဲဦးထွက်ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ပြီး လက်ရှိအချိန်အထိ ၁၄ ပွဲ ထိုးသတ်ထားခဲ့ရာမှာ ဒိုင်ပွဲရပ် ၅ ပွဲ ၊ ချုပ်ကွက် ၅ ပွဲ ၊ ဒိုင်အဆုံးအဖြတ် ၄ ပွဲနဲ့ နိုင်ပွဲရရှိထားခဲ့တာ ဖြစ်ပါတယ်။

Khabib Nurmagomedov

Photo: Sportsbrowser

၁။ ခါဘစ် နာမာဂါမီဒေါ့ဗ်

ခါဘစ်ဟာ ပရော်ဖက်ရှင်နယ် ဖိုက်တာဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ MMA ဖိုက်တာဖြစ်ပြီး ကစားသမားဘဝ ၂၉ ပွဲ ထိုးသတ်ခဲ့ရာမှာ တစ်ပွဲမှ ရှုံးနိမ့်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ခါဘစ်ဟာ ၂၀၁၂ ခုနှစ်မှာ ဖိုက်တာဘဝ စတင်ခဲ့ပြီး လိုက်ဝိတ်အဆင့်မှာ ၆ ပွဲ ထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ခါဘစ်ဟာ ပွဲတစ်ပွဲအတွင်း လှဲအသိပ်နိုင်ဆုံးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က အေဘယ်လ် ထရူဂျီလိုနဲ့ ပွဲစဉ်မှာ ၂၁ ကြိမ်အထိ လှဲသိပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ခါဘစ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ကော်နာ မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်အတွင်း ယူအက်ဖ်စီ UFC ရဲ့ တသက်တာလက်မှတ်အရောင်းချရဆုံးစံချိန်ကို ချိုးနိုင်ခဲ့ပြီး ၎င်းရဲ့ ချန်ပီယံခါးပတ်ကိုလည်း ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခါဘစ်ဟာ ဖိုက်တာဘဝကနေ အနားယူသွားခဲ့ပြီဖြစ်ပေမယ့် ၎င်းရဲ့ ကစားသမားဘဝ ၂၉ ပွဲဆက်တိုက် အနိုင်ရရှိမှုကြောင့် ယူအက်ဖ်စီ UFCရဲ့  ၂၀၂၀ အောက်တို ဘာမှာ ထုတ်ပြန်ခဲ့တဲ့ pound-for-pound အဆင့်ရပ်တည်ချက်မှာ နံပါတ် ၁ ရရှိခဲ့တာ ဖြစ်ပါတယ်။

Featured Photo: Sportsbrowser