လိင်မှုကိစ္စမှာ အမျိုးသားတို့ဟာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ကို အလေးထားကြပြီး ကိုယ်ကိုယ်တိုင်အတွက်သာမက ကိုယ့်ရဲ့ လက်တွဲဖော်ကိုပါ စိတ်ကျေနပ်မှု အပြည့်အဝ ရစေချင်ကြတာ ချည်းပါပဲ။ သို့သော်လည်း စိတ်သွားတိုင်း ညီလေး မလိုက်နိုင်ဖြစ်နေပြီး စိတ်ကျေနပ်မှု အပြည့်အဝ မရလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ အကြောင်းအမျိုးမျိုးကြောင့် ကွီးတို့ ညီလေး ကြာကြာမလန်းနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ညီလေး ကြာကြာလန်းနိုင်ဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းများ ပြုလုပ်ပါ

ကွီးတို့ ညီလေး

Photo : Elite Daily

ကွီးတို့အနေနဲ့ အိပ်ရာပေါ်မှာ ကြာကြာစွမ်းဆောင်နိုင်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့ဆိုရင် ကျန်းမာရေးကောင်းပြီး ကြံခိုင်သန်မာဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုပါ တိုးမြှင့်နိုင်ဖို့အတွက် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်သင့်ပါတယ်။ “တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုနိုင်တယ်” လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။

ဆေးလိပ်ဖြတ်ပါ

ကွီးတို့ ညီလေး

Photo : Small Step

ကွီးတို့အနေနဲ့ လက်ရှိမှာ ဆေးလိပ်သောက်နေပြီး လိင်ပိုင်းဆိုင်ရာမှာလည်း ကျေနပ်မှု မရရှိနေဘူးဆိုရင် ဆေးလိပ်သောက်ခြင်းက အဓိက အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက လိင်တံသို့ သွေးစီးဆင်းမှုကို လျော့ကျစေပြီး လိင်အင်္ဂါမသန်စွမ်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။

အာသာဖြေပါ

ကွီးတို့ ညီလေး

Photo :Scoop

အိပ်ရာထဲမှာ ကွီးတို့လိုချင်သလောက် ကြာရှည်မခံဘဲ သုတ်လွှတ်မြန်နေတယ် ဆိုရင်တော့ အလေ့အကျင့်တစ်ခု လိုပါတယ်။ ဒါကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းပါပဲ။ တစ်ကိုယ်ရည် အာသာဖြေခြင်းက ကွီးတို့အတွက် ကြာရှည်ခံမှုကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ ကွီးတို့အနေနဲ့အခက်အခဲ ကြုံနေလျှင် ကျွမ်းကျင်သူ သို့မဟုတ် သက်ဆိုင်ရာ ဆရာဝန်ကို တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်ရယူပါ။

သေချာအိပ်စက် အနားယူပါ

Photo : The Sleep Shop

လေ့လာမှုတစ်ခုအရ အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းတို့က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုံးစုံသော ကျန်းမာရေးအတွက် လုံလောက်သော အိပ်စက်အနားယူမှုရှိရန် လိုအပ်ပါတယ်။

Squeeze Technique ကိုစမ်းကြည့်ပါ

Photo : Proactive Man

အချိန်မတိုင်မီ သုတ်လွှတ်ခြင်း သို့မဟုတ် သုတ်လွှတ်မြန်ခြင်းတို့အတွက် အကြံပြုခြင်းဆိုင်ရာ နည်းလမ်းများစွာ ရှိတဲ့အထဲမှာတော့ အခုဖော်ပြပေးချင်တဲ့ Squeeze Technique ကလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ကွီးတို့ ပြီးဆုံးခြင်း (Orgasm) မရောက်မီတွင် လိင်တံထိပ်ကို ညှစ်ထားခြင်းဖြင့် သုတ်ထွက်ချင်စိတ် လျော့နည်းလာစေပြီး နိုးကြားမှုအဆင့် လျော့ကျသွားသည်အထိ ဖိထားပေးခြင်းတို့ ပါဝင်ပါတယ်။ ဒီနည်းလမ်းအတွက် လေ့လာမှုများစွာမရှိသော်လည်း ဆေးဝါးအသုံးမပြုလိုသော အမျိုးသားများက သုတ်လွှတ်ခြင်းလုပ်ငန်းစဉ်ကို နှေးကွေးစေသည့် နည်းလမ်းအဖြစ် မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ တစ်ခုသတိထားရမှာကတော့ လိင်အင်္ဂါသို့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်သောကြောင့် ပြင်းထန်စွာ မညှစ်ဘဲ ညင်သာစွာ ပြုလုပ်သင့်ပါတယ်။

ဆရာဝန်နဲ့ ပြသပါ

Photo : Giddy

အထက်မှာ ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေက ကွီးတို့ ညီလေး ကြာကြာလန်းနိုင်ပြီး လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးပါလျက်နဲ့ ထိရောက်မှု မရှိဘဲ၊ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုမရရှိပါက ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ အချို့သောအခြေအနေများတွင် လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုက နှလုံးရောဂါ သို့မဟုတ် ဆီးချိုရောဂါကဲ့သို့ နောက်ခံကျန်းမာရေးအခြေအနေတစ်ခုရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်လို့ပဲ ဖြစ်ပါတယ်။

Source : Healthline

Featured Photo : Pronescent