လေ့လာမှုတွေအရ အမျိုးသား ၅၅ ရာခိုင်နှုန်းလောက်ကပဲ သူတို့ရဲ့ ဖွားဘက်တော် အရွယ်အစား အပေါ်ကျေနပ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ တော်တော်များများကတော့ ဖွားဘက်တော် အရွယ်အစားကို လက်ရှိဆိုဒ်ထက် ပိုမိုကြီးထွားအောင် ပြောင်းလဲချင်ကြပါတယ်။ ဖွံထွားတဲ့ ဖွားဘက်တော် အရွယ်အစားဟာ ဆန့်ကျင်ဘက် ပါတနာအပေါ် ဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသောအရာလို့ လက်ခံထားကြလို့ပါ။ ဒါကြောင့်လည်း မွေးရာပါ ညီလေး ကို ကိတ်လာစေမယ့် နည်းလမ်းများစွာကို ရှာဖွေလက်တည့်စမ်းကြလေ့ ရှိပါတယ်။ လက်ရှိဈေးကွက်ထဲမှာရော အရပ်ထဲမှာပါ ဖွားဘက်တော် အရွယ်အစားကြီးထွားလာစေဖို့ ရောင်းချနေတဲ့ ထိုးဆေး ၊ သောက်ဆေးနဲ့ လိမ်းဆေးတွေ အများကြီး ရှိပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ ကျွမ်းကျင်တဲ့ ဆရာဝန်အကူအညီမပါပဲ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လုပ်မယ်ဆိုရင် ရှော့ခ်အကြီးကြီး တက်လာနိုင်ပါတယ်။ သဘာဝ နည်းလမ်းတွေနဲ့ပဲ ညီလေး ရဲ့ အရွယ်အစားကို ကြီးထွားသန်မာအောင်လုပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ သဘာဝနည်းလမ်းတွေက နေချင်းညချင်း ရလဒ်မသိသာရင်တောင် သေချာအချိန်ပေးပြီး တစိုက်မတ်မတ် လုပ်မယ်ဆိုရင် လက်ရှိအရွယ်အစားထက် ပိုမိုကြီးထွားလာစေမှာ အသေအချာပါပဲ။ ကဲဒါဆို ကွီးတို့ရဲ့ ညီလေး ဆိုဒ်ကို ကြီးထွားလာစေဖို့ ရိုးရှင်းတဲ့ သဘာဝ နည်းလမ်းတွေကို ပြောပြပေးပါမယ်။

(၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

သဘာဝ ညီလေး
Photo : Man of Many

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ညီလေး အရွယ်အစားကို သိသိသာသာ တိုးစေပြီး တောင်မတ်နိုင်စွမ်း မြင့်မားလာစေဖို့ ကူညီပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေဆီသို့ သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေတဲ့အတွက် ကိုယ့်ပါတနာနဲ့ လိင်ဆက်ဆံချိန်မှာ စွမ်းဆောင်ရည် ပြည့်ဝနေရုံသာမက အာရုံခံစားမှု အထွဋ်အထိပ်ကို ပိုမိုရောက်ရှိစေမှာ ဖြစ်ပါတယ်။

(၂) အလေ့အကျင့်ဆိုးတွေ ချိုးဖျက်ပါ

သဘာဝ ညီလေး
Photo : ThedaCare

ကျွန်တော်တို့ရဲ့ ဖွားဘက်တော် ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေတဲ့ အကျင့်ဆိုးတွေထဲက တစ်ခုကတော့ ဆေးလိပ်သောက်တာပါပဲ။ ဆေးလိပ်သောက်ခြင်းဟာ ကွီးတို့ရဲ့ လိင်တံအရွယ်အစားကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ ဆေးလိပ်မှာပါတဲ့ ဓာတုအမှုန်အမွှားတွေက လိင်တံကို ပို့လွတ်တဲ့ သွေးကြောတွေထဲမှာ ပိတ်ဆို့နေတာကြောင့်ပါ။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါနဲ့ ဆက်နွှယ်နေပြီး လိင်တံအပါအဝင် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတော်တော်များများစီသို့ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။

(၃) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ


Photo : Study Finds

ကျန်းမာပြီး ကိတ်ထွားရှည်လျားတဲ့ လိင်တံအရွယ်အစား ရှိဖို့ဆိုရင် Antioxidants ကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးဖို့ လိုအပ်ပါတယ်။ Antioxidants က သွေးကြောတွေမှာ ဖြစ်ပေါ်လာတဲ့ ဖရီးရယ်ဒီကယ်တွေ (ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပျက်စီးစေတဲ့ ဒြပ်စင်များ) ကို တိုက်ဖျက်ရာမှာ အလွန်အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဘူး Antioxidants ကြွယ်ဝတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သွေးကြောတွေကို သန်မာစေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။

(၄) စိတ်ဖိစီးမှုအဆင့်ကို လျှော့ချပါ

သဘာဝ ညီလေး
Photo : Freepik

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ကွီးတို့ရဲ့ ညီလေး ဆိုဒ်ကို ပိုမိုလျော့သွားစေနိုင်ပါတယ်။ ဒီလို မကောင်းတဲ့ခံစားချက်တွေက လိင်တံဆီသို့ သွေးစီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေတတ်လို့ပါပဲ။ ရလဒ်အနေနဲ့ လိင်တံအရွယ်အစားကို ရှိရင်းစွဲထက် ပိုသေးသွားစေနိုင်သလို စိတ်ဖိစီးမှုတွေဟာ လိင်ဆက်ဆံချိန်မှာလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် တက်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် နေထိုင်ပါ။

(၅) တရားထိုင်ပါ / ယောဂကစားပါ

သဘာဝ ညီလေး

Photo : Unsplash

တရားထိုင်ခြင်းနဲ့ ယောဂကျင့်စဉ်တွေဟာ ကွီးတို့ရဲ့ လိင်အင်္ဂါကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ လိင်တံအရွယ်အစားကို တုတ်ခိုင်သန်မာလာစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

(၆) ရေနွေးနွေးလေးနဲ့ ရေချိုးပါ

သဘာဝ ညီလေး

Photo : Men’s Health

ရေခပ်နွေးနွေးလေးနဲ့ ရေချိုးခြင်းဟာ ကွီးတို့ရဲ့ခန္ဓာကိုယ်သာမက ဖွားဘက်တော်ကိုပါ သွေးစီးဆင်းမှု တိုးလာစေနိုင်ပါတယ်။ ရေနွေးရဲ့ အပူဓာတ်ဟာ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေဆီသို့ သွေးစီးဆင်းမှုကို ပိုကောင်းစေဖို့ ကူညီပေးပြီး လိင်တံပိုမို ဖွံ့ထွားသန်မာလာစေဖို့ကိုလည်း အထောက်အကူ ပြုပါတယ်။

Featured Photo : Healthline