ကိုယ့်အမှားကြောင့်ပဲဖြစ်ဖြစ်၊ သူ့အမှားကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးနဲ့ စိတ်ကောက်နေပါစေ ကွီး တို့ရဲ့အလုပ်က ကိုယ့် ကောင်မလေး ကို ချက်ချင်း စိတ်ဆိုးပြေ အောင် ချော့ရမှာပဲမဟုတ်လား။ မိန်းကလေးတွေဆိုသည်မှာလည်း အချော့ခံချင်ကြတော့ ထစ်ခနဲရှိ စိတ်ကောက်ပစ်လိုက်ကြပါရော။

ဒီလိုမျိုး ကွီး တို့ရဲ့ ကောင်မလေး က မကြာခဏ စိတ်ဆိုးစိတ်ကောက်တတ်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများဖြင့် ချက်ချင်း စိတ်ဆိုးပြေ အောင် ချော့နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့ …

သင့်ရဲ့ မာနကို ခဝါချပြီး သင့်ဘက်က အရင်စကားစပြောလိုက်ပါ

ကွီး ကောင်မလေး စိတ်ဆိုးပြေ

ချစ်သူရည်းစားအချင်းချင်း မာနချင်းပြိုင်တဲ့အခါ နောက်ဆုံးရလာမယ့် ရလာဒ်ကတော့ အသည်းကွဲခြင်းဆိုတဲ့ ဆုတံဆိပ်ပါပဲ။ ကွီး တို့လည်း ကိုယ့် ကောင်မလေး နဲ့ အချိန်အကြာကြီး စိတ်ဆိုး စိတ်ကောက်နေရတာကို မုန်းတယ်ဆိုရင်တော့ မာနကို ခဝါချပြီး စိတ်ဆိုးပြေ အောင် ချော့လိုက်ပါ။

ကိုယ်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကိုယ့်ဘက်ကပဲ အရင်စခေါ်လိုက်ပါ။ ကလေးတွေလို သူ စခေါ်မှ ပြန်ခေါ်မယ်ဆိုပြီး တေးထားလို့ကတော့ ထိုစစ်ပွဲက အချိန်အတော်ကြာသည်အထိ ပြီးဦးမှာမဟုတ်ပါဘူး။

သူ(မ)အား တောင်းပန်လိုက်ပါ

ကွီး ကောင်မလေး စိတ်ဆိုးပြေ

Photo: Allprodad

တောင်းပန်စကားဆိုလိုက်ခြင်းသည် သင့်ဘက်က မှားကြောင်းကို ဝန်ခံလိုက်တာမဟုတ်ပါဘူး။ သင့်ဘက်က သူ(မ)ကို ပိုချစ်ကြောင်း၊ သင့်ဘက်က သဘောထားကြီးကြောင်း၊ တစ်ဖက်သားအပေါ် လေးစားကြောင်း ဖော်ပြလိုက်တာနဲ့အတူတူပါပဲ။ သူ(မ)ကို တောင်းပန်ပြီးတဲ့အခါမှာလည်း သူ(မ) စဉ်းစားဖို့ အချိန်ခဏပေးဖို့လိုအပ်ပါတယ်။ ကွီး တို့ရဲ့ ကောင်မလေးက ချက်ချင်း စိတ်ဆိုးပြေ ဦးမှာမဟုတ်ဘဲ အချိန်ခဏကြာအောင်တော့ မူပြဦးမှာပါပဲ။ အဲ့ဒီအခါကျရင် “ငါ ဒီလောက်တောင်းပန်နေတာတောင်မှ စိတ်ဆိုးမပြေနိုင်သေးဘူးလားကွာ” ဆိုပြီး ရှူးရှူးဒိုင်းဒိုင်းနဲ့ စိတ်မရှည်သလို သွားမလုပ်မိပါစေနဲ့။ မိုးမီးလောင်သွားပါလိမ့်မယ်။ စိတ်ဆိုးလက်စအရှိန်က ပိုမိုကြီးထွားသွားပါလိမ့်မယ်။

သူ(မ) ပြောချင်တာကို နားထောင်ပေးလိုက်ပါ

ကွီး ကောင်မလေး စိတ်ဆိုးပြေ

တစ်ခါတစ်လေမှာတော့ သူ(မ) ပြောချင်တာကို နားထောင်ပေးခြင်းသည်လည်း သင်တို့ရဲ့ ရန်ပွဲကို ပြေငြိမ်းသွားစေပါတယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ နှစ်ယောက်စလုံးက အပေးအယူမျှမျှဖြင့် တစ်ဖက်သားရဲ့ ပြောစကားကို သေချာနားထောင်ပေးဖို့လိုအပ်ပါတယ်။ သူ(မ) ပြောနေချိန်မှာလည်း သေသေချာချာ ဂရုတစိုက်ဖြင့် နားထောင်ပေးလိုက်ပါ။ သူ(မ)ရဲ့ ခံစားချက်များကိုလည်း အသိအမှတ်ပြုပါ။ နားလည်ပေးနိုင်ကြောင်း ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့သော နည်းလမ်းဖြင့် သူ(မ) စိတ်ပြေသွားအောင် ကုစားနိုင်ပါတယ်။

တချို့အမျိုးသားတွေကျပြန်တော့ ဒီမိန်းမက ပေါက်ပေါက်ဖောက်လိုက်တာကွာဆိုပြီး နားငြီးမခံနိုင်ကြပြန်ပါဘူး။ ဒီလိုအချိန်မျိုးမှာလည်း သင့်အနေနဲ့ သူ(မ) စိတ်ဆိုးပြေတဲ့အချိန်မျိုးမှာ သင့်ရဲ့အကျင့်တွေကို သွယ်ဝိုက်သောနည်းနဲ့ ဖော်ပြတတ်ဖို့လိုပါလိမ့်မယ်။ နှစ်ဦးသားက တစ်ယောက်အပေါ် တစ်ယောက် လေးစားသမှုရှိနေသရွေ့တော့ ထိုအချစ်ရေးခရီးလမ်းသည် သာယာဖြောင့်ဖြူးနေမှာ အမှန်ပါပဲ။

သူ(မ)ကို ပွေ့ဖက်လိုက်ပါ

ကွီး ကောင်မလေး စိတ်ဆိုးပြေ

မိန်းကလေးတွေအတွက် နွေးထွေးတဲ့ ပွေ့ဖက်မှုနှင့် ချိုသာတဲ့ အနမ်းတို့သည် ဆေးတစ်ခွက်လိုပါပဲ။ သူတို့ စိတ်ဆိုးနေချိန်မှာ ဒီအတိုင်းလေးပဲ ပွေ့ဖက်ပေးလိုက်ပါ။ သူ(မ)ရဲ့ ဒေါသတွေ တစ်ရစ်ချင်းစီ ပြေလျော့သွားမှာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်ကာ ရန်ဖြစ်နေမယ့်အစား ထိုကဲ့သို့ ပွေ့ဖက်ပေးလိုက်ခြင်းသည် အကောင်းဆုံးသော အဖြေတစ်ခုပါပဲ။

အရသာရှိတဲ့မုန့်တွေ ဝယ်ကျွေးလိုက်ပါ

ကွီး ကောင်မလေး စိတ်ဆိုးပြေ

Photo: Stock.adobe

သူ(မ) စိတ်ဆိုးတော့မယ့် အရိပ်အယောင်တွေ့လာပြီဆိုတာနဲ့ မုန့်သာ ဝယ်ကျွေးလိုက်ပါတဲ့ ညိုကီတို့ရေ။

သူ(မ) ကြိုက်တဲ့ မုန့်တွေကို သင် ဝယ်ကျွေးတာဆိုတော့ စောစောက ဒေါသထွက်မယ့် အရိပ်အယောင်များလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပါလိမ့်မယ်။ မုန့် စပရိုက် တိုက်တာတို့ ချောကလက် ဝယ်ကျွေးလိုက်တာတို့ (သို့) ပန်းစည်း ဝယ်ပေးလိုက်တာတို့ အစရှိသည်တို့သည် သူ(မ)ကို စိတ်ဆိုးပြေသွားအောင် ကူညီပေးနိုင်တဲ့ အစွမ်းထက် နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။

ဟာသတွေ ပြောပြီး သူ(မ) ပြုံးရယ်လာအောင် ပြုလုပ်ပါ

tips for kwee

ဟာသဉာဏ် ကြွယ်ဝခြင်းသည် သမီးရည်းစားဆက်ဆံရေးတစ်ခုအတွက် အလိုအပ်ဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။ သူ(မ) စိတ်ဆိုးနေချိန်မှာ ဟာသနှောပြီး သူ(မ)ကို ပြုံးရယ်လာအောင် ပြုလုပ်ခြင်းသည်လည်း စိတ်ဆိုးစိတ်ကောက်နေသူအတွက် စိတ်ဆိုးပြေစေမယ့် နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။

သူ(မ) အပေါ် ကြင်နာပါ

tips for kwee

သူ(မ) ဘယ်လောက်ထိ စိတ်ဆိုးနိုင်မလဲ။ ဆိုးပေါ့။ ငါ မချော့ဘဲနဲ့လည်း စိတ်ဆိုးပြေမှာပဲဆိုပြီး အရာအားလုံးကို တရားသေ တွက်မထားပါနဲ့။ သူ(မ)သည် သင့်ကို ချစ်နေချိန်မှာတော့ သည်းခံကောင်း သည်းခံပါလိမ့်မယ်။ သို့သော် သူ(မ) ခံစားရတဲ့ ဝေဒနာ၊ သည်းခံမှု အတိုင်းအတာ ကုန်ခမ်းသွားတဲ့အခါမှာတော့ နောင်တရတဲ့သူက သင် ကိုယ်တိုင်ပဲဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် အချိန်ရှိတုန်းမှာ တစ်ယောက်ကို တစ်ယောက် ကြင်နာဖို့လိုအပ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ဘယ်လိုအနိုင်ယူပစ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးကို ဝေးဝေးသို့သာ လွှင့်ပစ်ထားလိုက်ပါ။

သူ(မ)သည် အချစ်ခံရပါလားဆိုတဲ့ ခံစားချက်များ ခံစားရအောင် ပြုလုပ်ပါ

tips for kwee

Photo: iStock

သူ(မ)က သင်နဲ့ စကားနိုင် လုတဲ့အခါ သင်ကလည်း သူ(မ)နဲ့ ပြိုင်ပြီး စကားနိုင်လုနေမယ့်အစား သူ(မ) ခံစားချက်များကို နားလည်ကြောင်းသာ ဖော်ပြပေးလိုက်ပါ။ တဖြည်းဖြည်းနဲ့ သူ(မ)သည်လည်း အချစ်ခံရတဲ့ လူသားတစ်ယောက်ပါလားဆိုတဲ့ ခံစားချက်မျိုးကို ခံစားရပါလိမ့်မယ်။ ဒါ့အပြင် သူ(မ)ရဲ့ နွဲ့ဆိုးဆိုးတတ်တဲ့အကျင့်ကို သင့်အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်တတ်တဲ့ အချစ်တွေအဖြစ် ပြောင်းလဲနိုင်ပါသေးတယ်။

ဒီအချက်တွေ သိထားမယ်ဆိုရင်တော့ ကွီး တို့ရဲ့ ချစ်သူ ကောင်မလေး ကို ချက်ချင်း စိတ်ဆိုးပြေ အောင် ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။

Source: Inspiringtips

Featured Image: Lovedevani