ကိုယ့်ကောင်မလေးက ကိုယ့်ကို ဆထက်တန်ဖိုး တရိပ်ရိပ်တိုးကာ ချစ်လာတာမျိုးကို လိုချင်ပါသလား။ ကွီး တို့အနေနဲ့ ကိုယ့် ကောင်မလေး က ကိုယ့်အပေါ် အရင်ကထက် ပိုပြီးချစ်လာတာမျိုးကို လိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အပြုအမူ များကို ပြုလုပ်သင့်ပါတယ်။

အသေးအဖွဲလေးများကအစ ဂရုစိုက်ပါ

ကွီး ကောင်မလေး အပြုအမူ

သူ(မ)က ဘယ်လိုအရာလေးတွေကို ကြိုက်နှစ်သက်သလဲ။ သူ(မ) နေမကောင်းဖြစ်တဲ့အခါ ဘယ်လိုအစားအစာတွေ စားရတာ နှစ်သက်သလဲ။ သူ(မ) စိတ်ဆိုးဒေါသထွက်တဲ့အခါ မျက်နှာအပြုအရာက အသေးစိတ်လေ့လာထားဖို့လိုအပ်ပါတယ်။ ဒီလို အသေးအဖွဲလေးကအစ ဂရုစိုက်မယ်ဆိုရင် ကွီး တို့လည်း ကိုယ့် ကောင်မလေး ဆီက တန်ပြန်အချစ်နဲ့ အပြုအမူ တွေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

သူ(မ) စိတ်ဓာတ်ကျနေချိန်မှာ အားပေးစကားများနှင့် ပြန်လည်အားတက်လာအောင် ပြုလုပ်ပါ

ကွီး ကောင်မလေး အပြုအမူ

သူ(မ) စိတ်ဓာတ်ကျချိန် အားငယ်နေချိန်မှာ ကိုယ်က အားတစ်ခုဖြစ်ပေးဖို့လိုအပ်ပါတယ်။ သူ(မ) စိတ်ဓာတ်ကျနေချိန်မှာ ဘာသိဘာသာနေလို့ကတော့ သေချာပါတယ် ကွီးတို့လိုချင်တဲ့ အချစ်မျိုးကို ပြန်ရနိုင်မှာမဟုတ်ပါဘူး။

သူ(မ)အတွက် တစ်ခုခု ဝယ်ပေးပါ

ကွီး ကောင်မလေး အပြုအမူ

တန်ဖိုးကြီးပစ္စည်းတွေကို ဝယ်ပေးရမယ်လို့ မဆိုလိုပါဘူး။ သူ(မ) စားချင်တဲ့ သွားရေစာမုန့်လေးတွေ ဝယ်ပေးတာပဲဖြစ်ဖြစ်၊ ရိုမန့်တစ်ဆန်ချင်တဲ့ ကွီး တို့အနေနဲ့ နှင်းဆီပန်းပွင့်လေးတွေ လက်ဆောင်ပေးတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

အားလပ်ရက်များတွင် အချိန်ပေးပါ

ကွီး ကောင်မလေး အပြုအမူ

အားလပ်ရက်တွေမှာ နေ့ချင်းပြန် ခရီးသွားတာမျိုး (သို့) ကော်ဖီဒိတ်မျိုးပဲဖြစ်ဖြစ်၊ ရှော့ပင်းဒိတ်မျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ နှစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ကုန်ဆုံးချင်တာဆိုရင်တော့ ကော်ဖီဒိတ်၊ ရှော့ပင်းဒိတ်များအစား နီးနီးနားနားပန်းခြံတစ်ခုခုမှာ ပျော်ပွဲစားထွက်တဲ့ပုံစံမျိုးနဲ့လည်း ဒိတ်နိုင်ပါတယ်။

သူ(မ)ကို ထွေးပွေ့ပေးဖို့လည်း မမေ့ပါနဲ့

ကွီး ကောင်မလေး အပြုအမူ

ရံဖန်ရံခါမှာ သူ(မ)ကို ထွေးပွေ့ထားပေးပါ။ ဒီအချက်သည် ကွီး တို့ရဲ့ ကောင်မလေး ကို စိတ်လုံခြံမှု အပြည့်အဝ ခံစားရစေမယ့် အပြုအမူ တစ်ခုပဲဖြစ်ပါတယ်။

သူ(မ) အံအားသင့်သွားအောင် Surprise လေးတွေ ပြုလုပ်ပါ

couple gift

ဘယ်လို Surprise မျိုးနဲ့ သင့်ကောင်မလေးကို ပျော်ရွှင်ကြည်နူးလာအောင် ပြုလုပ်ချင်ပါသလဲ။ မွေးနေ့ပွဲအတွက် Surprise လား သို့မဟုတ် သင်တို့ရဲ့ Anniversary နေ့အတွက် Surprise ပြုလုပ်ချင်တာမျိုးလား။ သေချာစဉ်းစားပြီး Surprise ပြုလုပ်လိုက်ပါ။

ချစ်တယ် လို့ ပြောဖို့လည်း မမေ့ပါနဲ့

couple hug

သမီးရည်းစား ဖြစ်ပြီးတဲ့နောက်မှာ ချစ်သူစုံတွဲတွေသည် အချင်းချင်း ချစ်တယ် လို့ ပြောဖို့ မေ့နေတတ်ကြပါတယ်။ ငါ ချစ်တယ်ဆိုတာကို သူ သိနေတာပဲ ပြောစရာလိုသေးလို့လားလို့ ထင်မှတ်ရနိုင်ပါတယ်။

ချစ်တယ် လို့ ပြောလိုက်လို့ ပိုက်ဆံတစ်ပြားမှ ကုန်မသွားပါဘူး။ ဒီလိုမျိုး ပြောပေးခြင်းအားဖြင့် သင်တို့နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲလာစေမှာကတော့ အမှန်ပါပဲ။

သူ(မ)ကို ကာကွယ်ပေးပါ

protect her

နှစ်ယောက်သား ဒိတ်တာ ညမိုးချုပ်မှ အိမ်ပြန်ရောက်မယ်ဆိုရင် သူ(မ)ကို ခြံပေါက်ဝနားအထိ လိုက်ပို့ပေးတာမျိုး၊ ကားလမ်းမဘေးနား လမ်းလျှောက်နေတဲ့အချိန်၊ ကားလမ်းကူးနေတဲ့အချိန်မျိုးမှာ သူ(မ)ကို ဘေးအန္တရာယ်မကျရောက်အောင် ကာကွယ်ပေးတဲ့ အပြုအမူမျိုးတွေ၊ သူ(မ)ကို ဦးစားပေးတဲ့ အပြုအမူမျိုးတွေသည် သင့်ကို ဆထက်တန်ဖိုး ပိုပိုတိုးပြီး ချစ်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Lovepanky

Featured Image: Unsplash