လူနေမှုအဆင့်အဆန်း ပြောင်းလဲလာသည်နှင့်အမျှ ကျွန်တော်တို့သည် Alarm မပေးထားဘဲ မအိပ်စက်တတ်တော့သလို စောင်မခြုံဘဲနဲ့လည်း မအိပ်စက်တတ်ပါဘူး။ ဒါသည် အလေ့အကျင့်ကနေ အလေ့အထဖြစ်သွားတယ်လို့ပဲ ပြောရမှာပါပဲ။ တကယ်တော့ ကွီး တို့အတွက် စောင်မခြုံ ဘဲ အိပ်စက် ခြင်းက အကျိုးကျေးဇူး အများအပြားရရှိစေတာပါ။

ကွီး တို့အနေနဲ့ စောင်မခြုံ ဘဲ အိပ်စက် ခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူး များကတော့ …

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးခြင်း

ကွီး စောင်မခြုံ အိပ်စက် အကျိုးကျေးဇူး

စောင်ခြုံကာ အိပ်စက်တဲ့အခါ နွေးနွေးထွေးထွေးလေးနဲ့ အိပ်စက်နိုင်တယ်ဆိုပေမယ့် စောင်မခြုံဘဲ အိပ်စက်တဲ့အခါ ဝိတ်ကျစေပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်က အေးအေးလေးနဲ့ အိပ်စက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ပိုမိုမြန်ဆန်လာပြီး အဆီပိုများ လောင်ကျွမ်းလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဆီပိုများ လောင်ကျွမ်းချင်တယ်ဆိုရင်တော့ စောင်မပါဘဲ အိပ်စက်သင့်ပါတယ်။

မြန်မြန်ဆန်ဆန် အိပ်မောကျစေခြင်း

sleep without blanket

စစခြင်း အိပ်စက်တဲ့အခါ ကွီးတို့ရဲ့ ခန္ဓာကိုယ်အပူချိန်သည် မိနစ် ၆၀ မှ မိနစ် ၉၀ အတွင်း လျော့ကျသွားမှာပဲဖြစ်ပါတယ်။ ထိုအချိန်မှာ ကွီးတို့ရဲ့ ပတ်ဝန်းကျင်က ပူအိုက်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်က အပူချိန်နှစ်ခုကို ထိန်းညှိပေးဖို့ ကြိုးစားရတာကြောင့် တော်တော်ကြာသည်အထိ အိပ်မရဖြစ်တတ်ပါတယ်။ တကယ်လို့ စောင်မခြုံဘဲ အိပ်စက်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် အိပ်မောကျစေမှာပဲဖြစ်ပါတ်ယ။

ညဘက်တွေမှာ လန့်နိုးတတ်တဲ့ဒုက္ခတွေကနေ ကင်းဝေးခြင်း

ကွီး စောင်မခြုံ အိပ်စက် အကျိုးကျေးဇူး

Photo: Medicalnewstoday

အေးစက်တဲ့ အခန်းအပူချိန်သည် ကွီးတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျအောင် ကူညီပေးပြီး အခန်းအပူချိန်က ပူအိုက်နေမယ်ဆိုရင်တော့ ညဘက်အိပ်စက်တဲ့အချိန်မှာ အလန့်တကြား လန့်နိုးလာတတ်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျချင်တယ်ဆိုရင် စောင်မခြုံဘဲ အိပ်စက်သင့်ပါတယ်။

ဝက်ခြံနှင့် အမဲစက်များ ကင်းဝေးကာ အသားအရေလှပစေခြင်း

sleep without blanket

စောင်ခြုံပြီး အိပ်စက်တဲ့အခါ သင် မသိလိုက်တဲ့အချိန်မှာပဲ ချွေးထွက်တတ်ပြီး ဝက်ခြ့တွေ ထွက်လာမှာပဲဖြစ်ပါတယ်။ တခါတလေမှာ စောင်နဲ့ မျက်နှာနဲ့ ပွတ်တိုက်မိတဲ့အခါ ချွေး၊ အပူနှင့် ပွတ်တိုက်မှုကို ပေါင်းစပ်သွားကာ ချွေးပေါက်ပိတ်သွားပြီး ဝက်ခြံနှင့် အမဲစက်များ ထွက်လာမှာပဲဖြစ်ပါတယ်။

ဝက်ခြံနဲ့ အမဲစက်များ ကင်းကင်းရှင်းရှင်းနဲ့ အိပ်စက်ချင်တယ်ဆိုရင်တော့ ညဘက်တွေ အိပ်စက်တဲ့အခါ စောင်မခြုံဘဲ အိပ်စက်သင့်ပါတယ်။

Source: Brightside.me

Featured Image: Freepik