အိပ်ရေးဝဝအိပ်စက်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ စာဖတ်သူကွီးတို့အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ သို့သော် လိုအပ်သည်ထက်ပိုပြီး အလွန်အကျွံ အိပ်စက် ခြင်းကရော ကွီး တို့ကို ဆိုးကျိုး တွေ ဖြစ်ပေါ်စေတယ်ဆိုတာ သိပြီးပါပြီလား။

လိုအပ်သည်ထက်ပိုပြီး အလွန်အကျွံ အိပ်စက် တတ်ခြင်းကြောင့် ကွီး တို့တွေသည် ဘယ်လိုကျန်းမာရေး ဆိုးကျိုး တွေကို ခံစားရတတ်သလဲဆိုတော့…

တစ်ချိန်လုံးပင်ပန်းနွမ်းနယ်နေမယ်

အလွန်အကျွံ အိပ်စက် ကွီး ဆိုးကျိုး

အိပ်ရေးဝဝ မအိပ်ရတဲ့အခါ လူက လန်းဆန်းတက်ကြွမှာမဟုတ်ပါဘူး။ ဒါဆိုရင် အလွန်အကျွံ အိပ်လိုက်ရင်ရော…

အလွန်အကျွံ အိပ်လိုက်တဲ့အခါမှာလည်း သင့်ကို ပိုမိုလန်းဆန်းတက်ကြွလာအောင် မလုပ်ပေးနိုင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သင်သည် အလိုလိုနေရင် ပင်ပန်းနေမှာဖြစ်ပြီး ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်ရှိမှာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ချိန်သည် လုံလောက်ပြီဖြစ်ပါတယ်။ ထို့ထက်ပိုပြီး အိပ်စက်မယ်ဆိုရင်တော့ နိုးလာတဲ့အခါ ဦးနှောက်က တင်းကြပ်နေသလို ခံစားရပြီး ဘာကိုမှ အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။

ခေါင်းကိုက်ခြင်း

အလွန်အကျွံ အိပ်စက် ကွီး ဆိုးကျိုး

အိပ်ရေးဝဝ အိပ်ခဲ့ရဲ့သားနဲ့ ဘာ့ကြောင့် ခေါင်းကိုက်မှန်းမသိဖြစ်နေပါသလား။ ဒါသည် အလွန်အကျွံ အိပ်စက်ခြင်းကြောင့် ကွီးတို့ ခံစားရတဲ့ ဆိုးကျိုးတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းမှာ ဦးခေါင်းကြည်ကြည်လင်လင်နဲ့ နိုးထချင်တယ်ဆိုရင် အိပ်ရေးဝဝ အိပ်စက်သင့်ပြီး လိုအပ်သည်ထက် ပို၍မအိပ်စက်မိဖို့လည်း လိုအပ်ပါတယ်။

စိတ်ကျန်းမာရေးကို ထိလာမယ်

အလွန်အကျွံ အိပ်စက် ကွီး ဆိုးကျိုး

အလွန်အကျွံ အိပ်စက်ခြင်းသည် ကွီးတို့ရဲ့စိတ်ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ခါးနာဝေဒနာကိုလည်း ပြင်းထန်လာစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးကိုလည်း ထိလာကာ နှလုံးရောဂါပါ ခံစားရလာပါလိမ့်မယ်။

အသေးအဖွဲကိစ္စလေးတွေကအစ စိတ်တိုစိတ်ဆတ်လွယ်ခြင်း

man get angry

တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရွှင်လန်းတက်ကြွစွာ ဖြတ်သန်းရမယ့်အစား စိတ်တိုစိတ်ဆတ်လွယ်နေပြီး ဘာကို စိတ်တိုနေမှန်းမသိ တိုနေမှာဖြစ်ပါတယ်။ မနက်လင်းကတည်းက စိတ်မကြည်တာဆိုတော့ တစ်နေကုန် စိတ်ကြည်သွားဖို့လည်း ခက်ခဲသွားပါလိမ့်မယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သွားခြင်း

man pre matureaging

ကိုယ့်အသက်က အခုမှ ၂၀ ကျော်၊ ၃၀ ကျော်လေးပဲရှိပေမယ့် ကိုယ့်ရှိရင်းစွဲအသက်ထက် ကိုယ့်ရုပ်က ၂ ဆခန့် ပိုမိုအိုမင်းရင့်ရော်နေတယ်လို့ ခံစားရပါသလား။ ဒီအချက်သည်လည်း အလွန်အကျွံအိပ်စက် တတ်ခြင်းကြောင့် ကွီးတို့ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။

အလွန်အကျွံ အိပ်စက်ခြင်းသည် မှတ်ဉာဏ်စွမ်းအားနှင့် အာရုံစူးစိုက်နိုင်စွမ်းတို့ကို လျော့ကျသွားစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လျော့ကျသွားစေကာ အရေပြားဆဲလ်များရဲ့ စွမ်းဆောင်ရည် လျော့ကျသွားပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ရှိရင်းစွဲအသက်ထက် ပိုမိုအိုစာလာပါလိမ့်မယ်။

စာဖတ်သူတို့ရော တစ်ရက်ကို ဘယ်နှနာရီခန် အိပ်စက်လေ့ရှိကြပါသလဲ။ အလွန်အကျွံ အိပ်စက်ခြင်းကြောင့် အထက်ဖော်ပြပါအချက်များထဲက ဆိုးကျိုးဘယ်နှခုလောက်ကို ခံစားဖူးပါသလဲ၊

Source: Brightside

Featured Image: Riveredgedental