စိတ်သွားတိုင်း ကိုယ်ပါပြီး စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဆန်းနေဖို့ လိုအပ်သလို ကွီး တို့ စိတ်ဆောင်တိုင်းမှာ ညီလေး လည်း လိုက်လုပ်နိုင်ဖို့ဆိုရင် သူ့ကို ပိုးမွေးသလို ပြုစု ယုယဖို့ လိုအပ်ပါလိမ့်မယ်။

ကွီး တို့ရဲ့ ညီလေး မျက်ရည်မကျဖို့ဆိုရင် ရောဂါဘယများနှင့် ကင်းဝေးအောင် ပြုစု ဖို့ လိုအပ်ပါတယ်။​ ဥပမာ – သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများအပြင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ရောဂါများကြောင့် ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည် လျော့ကျသွားနိုင်ပါတယ်။ ရောဂါအခြေအနေ ဆိုးရွားလာပါက လိင်စိတ်တပ်မက်မှုလည်း ကင်းမဲ့လာမှာဖြစ်ပြီး ကွီးတို့ရဲ့ ညီလေးက နိုးထလာနိုင်မှာမဟုတ်တော့ပါဘူး။

ထိုကဲ့သို့ အခြေအနေဆိုးများမှ ကာကွယ်ချင်တယ်ဆိုရင်တော့ ကွီး တို့ရဲ့ ညီလေးကို ပိုးမွေးသလို ပြုစု ယုယဖို့ လိုအပ်ပါတယ်။

လိင်ဆက်ဆံတဲ့အခါ အကာအကွယ် အသုံးပြုဖို့ မမေ့ပါနဲ့

man condom

လိင်မှတဆင့် ကူးစက်တဲ့ ရောဂါအန္တရာယ်များမှ ကာကွယ်နိုင်ဖို့ရန်အတွက် ကွီးတို့အနေနဲ့ လိင်ဆက်ဆံတဲ့အခါမှာ အကာအကွယ်အသုံးပြုကာ ဆက်ဆံရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ လက်တွဲဖော်နှင့်အတူ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး တစ်ယောက်ဆို တစ်ယောက်တည်းနှင့်သာ လိင်ဆက်ဆံခြင်းကသာ အကောင်းဆုံးပဲဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

ကွီး ညီလေး ပြုစု

လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းသည် ကွီးတို့ရဲ့ ညီလေးကို ကျန်းမာလာစေနိုင်ပြီး ကိုယ့်ကောင်မလေးနဲ့ နှစ်ပါးသွားကတဲ့အခါမှာလည်း အချိန်ကြာကြာ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ သက်လုံကောင်းပြီး အမောခံနိုင်လာမှာပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းများကို မွေးမြူပါ

man showering

ရေချိုးတဲ့အခါမှာ Private Area တစ်ဝိုက်ကို သန့်ရှင်းရေး သေချာပြုလုပ်ရပါမယ်။ ဆပ်ပြာ အသုံးပြုကာ သေချာဆေးကြောသန့်စင်ပေးရပါမယ်။ ဒါ့အပြင် လိင်ဆက်ဆံပြီးတဲ့နောက်မှာလည်း နဂိုအနေအထားအတိုင်း ပြန်ဖြစ်အောင် သန့်စင်ပေးဖို့လည်း လိုအပ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ

ကွီး ညီလေး ပြုစု

ကွီးတို့အနေနဲ့ စိတ်ကျရောဂါ၊ စိတ်ပူပန်ခြင်း၊ စိုးရိမ်မှု လွန်ကဲခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးနှင့် ပတ်သက်တဲ့ ရောဂါတစ်ခုခု ခံစားရပါကလည်း ကျွမ်းကျင်သူများထံမှ ကုသမှု ခံယူသင့်ပါတယ်။ စိတ်ကျန်းမာရေး ကောင်းမွန်မှသာလျှင် ကွီးတို့ရဲ့ ညီလေးလည်း စိတ်သွားတိုင်း ကိုယ်ပါမှာ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ကွီး ညီလေး ပြုစု

ဆေးလိပ် အလွန်အကျွံ သောက်တတ်တဲ့ အလေ့အကျင့်ရှိပါသလား။ ဒါဆိုရင် ထိုအလေ့အကျင့်ကို ဖျောက်ဖျက်လိုက်ပါ။ ဆေးလိပ် ဖြတ်ရပါမယ်။ ဆေးလိပ် မဖြတ်နိုင်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ အကူအညီရယူပါ။ အယ်လ်ကိုဟော ဖျော်ရည်များကိုလည်း ဆေးဖြစ်ဝါးဖြစ် မှီဝဲပါ။ တန်ဆေး လွန်ဘေး ဆိုတဲ့ စကားလေးကို သတိချပ်သင့်ပါတယ်။

ဒီအချက်လေးများကို သေချာလိုက်နာ ကျင့်သုံးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးက ကွီးတို့ကို ကျေးဇူးတင်နေမှာပဲ ဖြစ်ပါတယ်။

Source: Mayoclinic

Featured Image: Freepik