အမျိုးသမီး တော်တော်များများ ချစ်တင်းနှောချိန်မှာ နာကျင်မှုဝေဒနာ ခံစားရမှာကို စိုးရိမ်ကြောက်ရွံ့ မိတက် ကြပါတယ်။ တကယ်တော့ ချစ်တင်းနှောတာဟာ ခံစားလို့ကောင်းတဲ့ အထိအတွေ့ အာရုံတစ်ခုဖြစ်ပေမယ့် နာကျင်မှုတွေကိုတော့ ဘယ်သူကမှ မလိုချင်ကြတာ အမှန်ပါ။ ဒီလို နာမှာ ကြောက်တဲ့စိတ် ၊ စိုးရိမ်စိတ်တွေကနေပဲ Stress တွေ ပိလာစေပြီး သာယာတဲ့ အထိအတွေ့ ခံစားမှုတွေအပေါ် လိုက်ပါစီးမျောနိုင်ခြင်း မရှိရင် ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ လိင်ဆက်ဆံမှုတစ်ခု ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒီပြဿနာကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ ကွီးတို့ အမျိုးသားတွေပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ပါတနာကို နာကျင်မှု နည်းအောင် ဘယ်လို ကြင်နာ ယုယရမလဲဆိုတာ မသိသေးရင် ဆောင်းပါလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါ။

(၁) နှိုးဆွမှုအတွက် အချိန်ပေးပါ

couple

Photo : POPSUGAR UK

လိင်မှုကိစ္စမှာ Foreplay လို့ခေါ်တဲ့ အရှိန်ယူ ပြင်ဆင်နှိုးဆွမှုဟာ သိပ်ကိုအရေးပါပါတယ်။ ထိုးသွင်းဆက်ဆံမှုမပြုခင် ကိုယ့်ရဲ့ ဆက်ဆံဖော် ပါတနာကို ပွေ့ဖက်နမ်းရှုံ့တဲ့ အထိအတွေ့ယုယမှုလေးတွေနဲ့ သူမရဲ့လိင်စိတ်ဆန္ဒကို နိုးကြားတက်ကြွလာအောင် နှိုးဆွပေးတာဟာ ဆက်ဆံချိန်မှာ နာကျင်မှုနည်းစေရုံမက နှစ်ဦးသား အပေးအယူမျှမျှ နှစ်ပါးသွားကနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) Positions ပြောင်းပါ

couple

Photo : Digital Spy

လိင်ဆက်ဆံတဲ့အနေအထား Positions ပေါ်မူတည်ပြီးလည်း နာကျင်မှု ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီ Position က သူမအတွက် နာကျင်မှုခံစားရတယ်ဆိုရင် မတူတဲ့နောက် Position တစ်ခုပြောင်းပြီး ဆက်ဆံကြည့်ပါ။ ထိုးသွင်းဆက်ဆံချိန်မှာ ဘယ်လိုအနေအထားက ကိုယ့်ပါတနာအတွက် သက်တောင့်သက်သာ အရှိဆုံးနဲ့ ခံစားမှုအကောင်းဆုံး ဖြစ်မလဲ ၊ ဘယ်လိုအနေအထားကတော့ နာကျင်မှု ပိုခံစားရစေလဲဆိုတာကို ဆန်းစစ်ပြီး နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ထားဖို့ လိုပါတယ်။

(၃) ဆက်သွယ်ပါ

couple

Photo : Healthline

ချစ်တင်းနှောချိန်မှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှု ကောင်းကောင်းရှိဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ခံစားချက်တွေကို ပါးစပ်ကနေ အသံထွက်ပြောပြတာမျိုး ၊ ကိုယ့်ပါတနာကို လိင်စိတ်ပိုမိုတက်ကြွစေမယ့် စကားလေးတွေ/မေးခွန်းလေးတွေ မေးမြန်းတာမျိုး ၊ နှစ်ဦးသားမျက်လုံးချင်းဆုံပြီး အချစ်ရမက်တွေ အတူတူမျှဝေခံစားတာမျိုး စသည့်ဖြင့် ဆက်သွယ်မှုတွေ ရှိသင့်ပါတယ်။ ဒါက နာကျင်မှုတွေကိုလျော့စေပြီး လိင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။

(၄) အလျင်စလို မလုပ်ပါနဲ့

couple

Photo : VistaCreate

တကယ်တော့ ချစ်တင်းနှောတယ်ဆိုတာ သေချာအချိန်ယူပြီး တဆင့်ပြီးတဆင့် ဖြည်းဖြည်းချင်းနဲ့ ရင်ခုန်သံချင်း အရှိန်မြှင့်ရတာမျိုးပါ။ အလောတကြီး အလျင်စလိုသွားလုပ်လို့ အဆင်မပြေပါဘူး။ ကိုယ့်အတွက် အဆင့်သင့်ဖြစ်ပေမယ့် ကိုယ့်ဆက်ဆံဖော်ပါတနာက အဆင့်သင့်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကြောင့် ပွဲအဖွင့်ကို အလျင်စလိုလုပ်တာ ၊ ခပ်ကြမ်းကြမ်းစတင်တာမျိုးတွေ အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီလိုစတင်ခြင်းက ကိုယ့်ပါတနာကို သာယာမှုထက် နာကျင်မှု သာ ပိုခံစားရစေနိုင်ပါတယ်။

(၅) ချောဆီသုံးပါ

Lubricants
Photo : Business Insider

နာကျင်မှု ပြဿနာအတွက် Lubricants လို့ခေါ်တဲ့ ချောဆီတွေက အဖြေတစ်ခုပါပဲ။ ဟုတ်ပါတယ် ချောဆီတွေဟာ လိင်ဆက်ဆံတဲ့အခါမှာ ပိုမိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပြီး နာကျင်မှုပိုနည်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

အခု ပြောပြပေးခဲ့တာကတော့ ကွီးတို့အနေနဲ့ ကိုယ့်ကြင်သူ လက်တွဲဖော်ကို နာကျင်မှု နည်းအောင် ဘယ်လို ကြင်နာ ယုယရမလဲဆိုတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ FA တွေကတော့ ဒီဆောင်းပါးလေးကို ကျော်သွားလိုက်ပါ။

Featured Photo : Healthily