ကွီး တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေထဲမှာ မုတ်ဆိတ်ရိတ်စက် များသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ကွီး တို့အနေနဲ့ ကိုယ် ဝယ်ယူလိုက်တဲ့ မုတ်ဆိတ်ရိတ်စက် သည် အရည်အသွေးကောင်းတဲ့ စက်ပစ္စည်းတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။
ဒီလိုမျိုး အရည်အသွေးကောင်းတဲ့ မုတ်ဆိတ်ရိတ်စက်များကို ရှာဖွေနေတဲ့သူတွေအတွက် အကောင်းဆုံး မုတ်ဆိတ်ရိတ်စက်များကို ဖော်ပြပေးချင်ပါတယ်။
VS Sassoon

3D ပုံစံ ရိတ်ပစ်နိုင်တဲ့ ဒီဇိုင်းမျိုးဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး အဆင့်မြင့်တဲ့ နည်းပညာအသုံးပြုကာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၉၉.၉၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Philips Norelco 7200

လျှပ်စစ်အသုံးအဆောင်ပစ္စည်းထဲမှာတော့ Philips တံဆိပ်သည်လည်း နာမည်ကြီးပါပဲ၊ ဒီအမျိုးအစားကတော့ 7200 အမျိုးအစားဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၉.၉၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Bevel

ဒီမုတ်ဆိတ်ရိတ်စက်ကတော့ တစ်ခါအားသွင်းထားရုံနဲ့ ရက်ပေါင်း ၆၀ ခန့် အသုံးခံတဲ့ မုတ်ဆိတ်ရိတ်စက်လေးပဲ ဖြစ်ပါတယ်။ ဒီဇိုင်းက အမိုက်စားဖြစ်ပြီး ခိုင်ခံ့လှပပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၉.၉၅ ကုန်ကျမှာဖြစ်ပါတယ်။
Braun Multi Grooming Kit MGK 3080

ပစ္စည်းတစ်ခုတည်းရှိရုံနဲ့ ဘက်စုံအသုံးတည့်မယ့် အရာတစ်ခုကို ရှာဖွေနေတဲ့ ကွီး တို့အတွက်တော့ ဒီ မုတ်ဆိတ်ရိတ်စက် လေးကို ညွှန်းချင်ပါတယ်။ သူကတော့ 9 In 1 ပစ္စည်းလေးဖြစ်ပြီး ခေါင်းအစ ခြေအဆုံး အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Philips Norelco 9100

Philips Norelco ကိုမှ 9100 စီးရီးလေးဖြစ်ပါတယ်။ ချွန်ထက်တဲ့ ဓားသွားများဖြင့် ပြုလုပ်ထားပြီး သူ့ရဲ့ ဘက်ထရီ သက်တမ်းကလည်း အံ့မခန်းပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Remington Durablade Pro

ခိုင်ခံ့ပြီး အကြမ်းလည်းခံတဲ့ မုတ်ဆိတ်ရိတ်စက်မျိုး ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီစက်လေးကို ဝယ်ယူသင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၃ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Remington The Perfecter Beard Boss Trimmer

Remington တံဆိပ်ကိုမှ နောက်ထပ်မော်ဒယ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူ့ကို ၅ နာရီဆက်တိုက်အသုံးခံတာကြောင့် သူ့ ဘက်ထရီအရည်အသွေးကို သံသယဖြစ်စရာမလိုပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ ကုန်ကျမှာဖြစ်ပါတယ်။
Philips Norelco Series 3500

ဒါလေးကလည်း Philips Norelco ကိုမှ စီးရီး 3500 မော်ဒယ်အမျိုးအစားဖြစ်ပါတယ်။ သူ့ကို ၁ နာရီ အားသွင်းထားရုံနဲ့ ၁၂၀ မိနစ်ခန့် ဆက်တိုက်အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၉.၉၅ ကုန်ကျမှာဖြစ်ပါတယ်။
Remington MB 4045A

Remington ကိုမှ နောက်ထပ် အဆင့်မြင့်တဲ့ မော်ဒယ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၁၅၈.၃၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Philips Norelco Multigroom 5100

ဒီမုတ်ဆိတ်ရိတ်စက်လေးကတော့ 7 In 1 အမျိုးအစားလေးဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။
Panasonic ER-GC51

ကွီး တို့အတွက် အရည်အသွေးကောင်းတဲ့ နောက်ဆုံး မုတ်ဆိတ်ရိတ်စက်လေးကတော့ Panasonic က ထုတ်တဲ့ ဒေါ်လာ ၅၀ တန် မုတ်ဆိတ်ရိတ်စက်လေးပဲဖြစ်ပါတယ်။ သူသည်လည်း အကြမ်းခံပြီး သုံးကြည့်လိုက်တဲ့အခါ တကယ့်ခံစားမှုအသစ်ကို ပေးစွမ်းမှာဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ မုတ်ဆိတ်ရိတ်စက်လေးတွေအားလုံးက ကွာလတီအကောင်းတကာ့အကောင်းဆုံးတွေကိုပဲ ရွေးချယ်စုစည်းပေးထားတာကြောင့် ကွီးတို့အားလုံး စိတ်ချလက်ချ ဝယ်ယူအသုံးပြုနိုင်ပါတယ်။
Source: Manofmany
Featured Image Source: Manofmany
