အချစ်ရေး တစ်ခုမှာ နားလည်မှုလည်း အရေးကြီးသလို အပေးအယူမျှဖို့လည်း လိုအပ်ပါတယ်။ အပေးအယူမမျှတဲ့အခါ ထို Relationship သည် စိတ်ညစ်စရာများနှင့် ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ် အဆင်ပြေနေရင်ပြီးရော နောက်မှာ ဖြစ်ကျန်ချင်ခဲ့သလို ဖြစ်ကျန်နေပါစေ၊ ဂရုမစိုက်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးက တခြားလူနောက် ကောက်ကောက်ပါသွားမှာနော်။ ကိုယ့် ကောင်မလေးက ဘာကို လိုချင်သလဲဆိုတာကို သိထားဖို့လည်း လိုအပ်ပါတယ်။ ကွီး တို့ရဲ့ ရှော်တီ လေးက ကြာ တာကို ကြိုက်တယ်ဆိုရင်လည်း ကွီးတို့က ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိပါတယ်။
ကွီး တို့ရဲ့ ရှော်တီ လေးနဲ့ နှစ်ပါးသွား ကြာ ကြာ ကချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်တွေက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။
ကွီးတို့ရဲ့ ပါတနာဆီကတော့ အထောက်အပံ့ရယူပါ

ကွီးတို့ရဲ့ လုပ်ငန်းစဥ် မစခင်မှာ ကွီးတို့ရဲ့ လက်တွဲဖော်နှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ။ ကွီးတို့သည် ဒီတစ်ခါမှာ ကြာကြာ လုပ်ချင်ကြောင်းနှင့် ထိုအချက်ကို ကွီးတို့ရဲ့ လက်တွဲဖော်က စိတ်ဝင်စားသလားဆိုတာကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြည့်ပါ။ ဒီလိုကိစ္စမျိုးဆိုတာ နှစ်ဦးသား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ ရှက်ကြောက်နေမယ်ဆိုရင်တော့ ခရီးတွင်မှာ မဟုတ်ဘဲ၊ တစ်ယောက်ရဲ့ အလိုဆန္ဒကို အခြားတစ်ယောက်က မဖြစ်ဆည်းပေးနိုင်တာတွေ များလာမယ်ဆိုရင် အချိန်ကြာလာတဲ့အခါမှာ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် အပြစ်မြင်လာနိုင်ပါတယ်။
အကာအကွယ် အသုံးပြုပါ

ဦးထုပ်ဆောင်းခြင်းသည် ကွီး တို့ ရှော်တီ လေးနဲ့ အချိန် ကြာ ကြာ နှစ်ပါးသွား ကနိုင်အောင် ကူညီပေးမယ့် ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ အကာအကွယ် ကွန်ဒုံးက အတားအဆီးတစ်ခုအဖြစ် ကာကွယ်ပေးထားတဲ့အတွက် ခံစားမှု အာရုံကို အနည်းငယ် နှေးကွေးသွားစေတာကြောင့် အချိန်ကြာကြာ စွမ်းဆောင်နိုင်အောင် ကူညီပေးပါတယ်။
Pelvic Floor လေ့ကျင့်ခန်းများ ပြုလုပ်ပါ
ကွီး ရဲ့ ရှော်တီ လေးနဲ့ အချိန် ကြာ ကြာ လုပ်ဆောင်ချင်တယ်ဆိုရင် သက်လုံကောင်းဖို့လည်း လိုအပ်ပါတယ်။ သက်လုံကောင်းအောင် လုပ်ဆောင်ပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်သလို ကွီးတို့ရဲ့ ဖွားဖက်တော်က စွမ်းဆောင်ရည် မြင့်ဖို့အတွက်ဆိုရင်တော့ Pelvic Floor လေ့ကျင့်ခန်းများကို များများ ပြုလုပ်သင့်ပါတယ်။
ဖြည်းဖြည်း နှေးနှေးလေးပဲ ကောင်းပါတယ်

မြန်မြန်ဆန်ဆန် လုပ်ဆောင်ခြင်းသည် အာရုံခံစားမှုကို ကောင်းမွန်စေနိုင်တာကြောင့် အထွဋ်အထိပ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားစေမှာဖြစ်ပြီး မြန်မြန်ဆန်ဆန် ပြီးမြောက်သွားစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အလျင်မလိုဘဲ စိမ်ပြေနပြေနှင့် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
မကြာခဏ အနေအထားပြောင်းပါ

မကြာခဏ အနေအထားပြောင်းတဲ့အခါ ခန္ဓာကိုယ်ကို အရှိန်လျော့ကျသွားစေပြီး Orgasm ကို မြန်မြန် ပြီးမြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။
လိင် မဆက်ဆံခင် အရင်ဆုံး ကိုယ့်ဘာသာ တစ်ယောက်တည်း သိုင်းကျင့်ပါ

ကိုယ့်ရဲ့ ပါတနာနဲ့ လိင်မဆက်ဆံခင်မှာ အရင်ဦးဆုံး တစ်ယောက်တည်း သိုင်းကျင့်ရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပထမတစ်ခါ သိုင်းကွက်ကျင့်ထားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ ရှော်တီနဲ့ လိင်ဆက်ဆံနေချိန်မှာ မြန်မြန်ဆန်ဆန် ပြီးမြောက်တော့မှာ မဟုတ်ပါဘူး။
အာရုံလွှဲပါ

နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ အာရုံလွှဲခြင်းပဲဖြစ်ပါတယ်။ ပြီးမြောက်တော့မယ်လို့ ကြုံလာတဲ့အခါမှာ အခြားတစ်ခုသို့ အာရုံလွှဲလိုက်ပါ။ ဥပမာ – ပြီးခဲ့တဲ့အပတ်က ကြည့်ခဲ့တဲ့ ရုပ်ရှင်အကြောင်းကို စဥ်းစားကြည့်လိုက်ပါ။ ညစာကို ဘာဟင်းနဲ့ စားမလဲ ဆိုတာကို စဥ်းစားကြည့်လိုက်ပါ။ တခြားတစ်ခုသို့ အာရုံလွှဲလိုက်တဲ့အတွက်ကြောင့် မြန်မြန်ဆန်ဆန် ပြီးမြောက်တော့မှာမဟုတ်ဘဲ ကွီးတို့ရဲ့ ရှော်တီလေးလည်း ပျော်ရွှင်ရမှာပဲ ဖြစ်ပါတယ်။
Source: Insider
Featured Image: Freepik

