ကွီး တို့ရဲ့ လက်မောင်း ကြွက်သား များကို အဖုအထစ်များနှင့် ကြည့်ကောင်းလာအောင် ကူညီပေးမယ့် အဓိကကျတဲ့ လေ့ကျင့်ခန်း သုံးမျိုးသုံးစားရှိပါတယ်။

ထိုလေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးရုံမျှဖြင့် ကွီးတို့ရဲ့ လက်မောင်း ကြွက်သား များသည် တောင့်တင်းသန်မာလာပြီး ဗလတောင့်တောင့်အမျိုးသားတစ်ယောက်အဖြစ် ဆွဲဆောင်မှုရှိနေမှာပါ။

ကွီး တို့ရဲ့ လက်မောင်း ကြွက်သား များကို သန်မာလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်း များကတော့ …

လေ့ကျင့်ခန်း (၁)

ကွီး လက်မောင်း ကြွက်သား

Source: Flab Fix

လက်နှစ်ဖက်ကာ အနီးကပ်ထားကာ ဒိုက်ထိုးခြင်းသည် ကွီးတို့ရဲ့ လက်မောင်းကြွက်သားများကို ပိုမိုသန်မာလာစေပါတယ်။

ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကတော့ …

အရင်ဦးဆုံး ဒိုက်ထိုးမယ့်အနေအထားပြင်ပါ။ လက်နှစ်ဖက်ကို လက်မအနည်းငယ်သာ ချဲထားပါ။ လက်နှစ်ဖက်က အရမ်းကပ်လွန်းရင်လည်း လေ့ကျင့်ခန်း ပြုလုပ်ရတာ ခက်ခဲနိုင်တာကြောင့် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ် မူတည်ပြီး ချဲထားပေးဖို့လိုအပ်ပါတယ်။

ရယ်ဒီဖြစ်ပြီဆိုတာနဲ့ တံတောင်ကို ကွေးကာ ဒိုက်ထိုးပေးလို့ရပါပြီ။ စုစုပေါင်း ၁၈ ကြိမ်နှင့် ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ကွီး လက်မောင်း ကြွက်သား

Source: Ingenio Virtual

ဒီတစ်ခါမှာတော့ လက်ဖဝါးနှစ်ဖက်ကို စောစောကလို မထားတော့ဘဲ အတွင်းဘက်သို့ ပြောင်းပြန်လှန်ပေးလိုက်ပါ။

ထို့နောက် တံတောင်ကို အနည်းငယ်ကွေးကာ ရင်အုပ်က ကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်သွားတဲ့အခါ တစ်ဖန်ပြန်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်ပါ။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ခန့် ပြုလုပ်ပေးလိုက်ပါ။

ဆက်တိုက်မလုပ်နိုင်ပါက ကြားထဲမှာ မိနစ်အနည်းငယ်ခန့် အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း (၃)

Source: Gfycat

ခြေထောက်နှစ်ဖက်ကို ခပ်ကျယ်ကျယ် ချဲထားလိုက်ပါ။ ထို့နောက် ညာလက်က ခါးပေါ် တင်ထားပြီး ဘယ်လက် တစ်ဖက်တည်းဖြင့် ထောက်ထားလိုက်ပါ။

ထို့နောက် ဘယ်တံတောင်ကို ကွေးကာ ရင်အုပ်ကို ကြမ်းပြင်နဲ့ နီးကပ်အောင် ထိစပ်ပေးလိုက်ပါ။ ထို့နောက် တံတောင်ကို ပြန်လည်ဆန့်တန်းလိုက်ပါ။

စုစုပေါင်း ၁၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘက်ပြောင်းကာ စောစောကလိုပဲ ၁၂ ကြိမ်ခန့် ဆက်လုပ်ပေးရမှာဖြစ်ပါတယ်။

အခုဖော်ပြသွားတာတွေကတော့ ကွီး တို့ရဲ့ လက်မောင်း ကြွက်သား များကို ကြည့်ကောင်းလာအောင် အဓိကကူညီပေးမယ့် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

Source: Healthline.com

Featured Image: Healthline