လူတစ်ယောက်အတွက် ဂရုစိုက်ရမဲ့အပိုင်းထဲမှာ ကြည့်ကောင်းစေတဲ့ အပြုံးလေးတွေကိုဖန်တီးပေးနိုင်တဲ့ သွား များလည်းပါပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများက သွားကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ အဖြစ်များသော သွားပိုးစားခြင်းနဲ့ သွားဖုံးရောင်ရောဂါများကလည်း ဘတ်တီးရီးယားများနဲ့ ကြွင်းကျန်သောအစာများကြောင့် ဖြစ်တတ်ပါတယ်။ သွားများကို သေချာစွာသန့်စင်ခြင်းမရှိပါက ခံတွင်းနံ့ဆိုးခြင်း၊ သွားကျောက်တည်ခြင်းနှင့် အခြားသော သွားကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ သွား လေးတွေ ကျန်းမာဖြူစင် နေစေဖို့ ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

အခုဖော်ပြပေးမဲ့ သွားလေးတွေ ကျန်းမာဖြူစင် နေအောင် ထိန်းသိမ်း နိုင်တဲ့ နည်းလမ်းလေးတွေကတော့ တကယ်ကို ရိုးရှင်းလွယ်ကူတဲ့ အခြေခံ အချက်လေးတွေပဲဖြစ်ပါတယ်။

(၁) တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်ခန့် သွားပွတ်ကြိုးထိုးပေးပါ။ သွားပွတ်ကြိုးထိုးခြင်းသည် သွားနှင့် သွားဖုံးကြားထဲတွင် သွားတိုက်ပြီးနောက်ကျန်ခဲ့တဲ့ သွား ချေးများနဲ့ အစာအကြွင်းအကျန်များကိုလည်း ဖယ်ရှားပေးပါတယ်။

သွားလေးတွေ ကျန်းမာဖြူစင် ထိန်းသိမ်း

Photo : Colgate

(၂) ကွီး တို့ရဲ့သွားလေးတွေကို နူးညံ့သော သွား ပွတ်တံနှင့် တစ်နေ့လျှင်၂ ကြိမ်သွားတိုက်ပေးပါ။ သွားတိုက်လျှင် အနည်းဆုံး၂ မိနစ်ခန်အချိန်ယူသင့်ပါတယ်။ ခံတွင်းနံ့ကောင်းစေရန် သွားများကို သေချာနှံ့စပ်အောင်တိုက်ဖို့လည်း လိုပါတယ်။

(၃) ဖလိုရိုက် (Fluoride) သွားတိုက်ဆေးသုံးပါ။ ဖလိုရိုက်က သွားကြွေလွှာကို အားကောင်းစေပြီး သွားပိုးစားတာကို ကာကွယ်ပေးပါတယ်။ သွားများကိုလည်း ဖြူစင်စေပါတယ်။

သွားလေးတွေ ကျန်းမာဖြူစင် ထိန်းသိမ်း

Photo : Wikinson Dental

(၄) သွားတိုက်တံကို ၃ လ သို့မဟုတ် ၄ လ တစ်ကြိမ်လဲပေးပါ။ ဟောင်းနွမ်းနေတဲ့သွားတိုက်တံက ကွီးတို့သွားတွေကို သန့်ရှင်းစေမှာမဟုတ်ပါဘူး။ ထို့အတူ Electric Toothbrush သုံးနေပါလည်း ၃ လ မှ ၄ လ တစ်ကြိမ်သွားတိုက်တံခေါင်းကို လဲပေးပါ။ ဒါဟာ သွားကျန်းမာရေးကို ထိန်းသိမ်းတဲ့‌နေရာမှာ အရေးပါတဲ့ အချက်ပါ။

(၅) ဆေးလိပ်သောက်ခြင်းကို တတ်နိုင်သလောက်ရှောင်ပါ။ လေ့လာချက်များအရ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် သွားနှင့်သွားဖုံးပြဿနာများ ပိုပြီးအဖြစ်များပါတယ်လို့ ဆိုပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းက သွား နှင့် ခံတွင်း ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်အထိ အန္တရာယ်ကြီးပါတယ်။

Dental Care

Photo : Avalon Dental Care

(၆) ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကိုစားပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက သွားဖုံးရောဂါဖြစ်နိုင်ခြေကို နည်းစေပါတယ်။ အချိုနဲ့ အချိုရည်များကို တတ်နိုင်သလောက်ရှောင်ပါ။

(၇) သွားလေးတွေ ကျန်းမာဖြူစင် နေအောင်ထိန်းသိမ်း ဖို့အတွက် သွား ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ သွားဆရာဝန်များက သွားနဲ့ခံတွင်းကျန်းမာရေးအတွက်သွားများကို အနည်းဆုံး ၆ လတစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ရန် အကြံပြုထားပါတယ်။ သွားဖုံးကျန်းမာရေးနဲ့ ပတ်သတ်လျှင်ဆရာဝန်များထံ ၃လမှ ၄ လတစ်ကြိမ် ပြသရန်လိုအပ်ပါတယ်။

Dental Care

Photo : My Dentist at Morgan Creek

အခုဖော်ပြပေးလိုက်တာကတော့ သွားလေးတွေ ကျန်းမာဖြူစင် နေအောင် ထိန်းသိမ်း နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ သွား ကျန်းမာရေးကို ပုံမှန်သေချာဂရုစိုက်ခြင်းက ကွီးတို့ အတွက်  ဖြူစင်သန့်ရှင်းတဲ့ သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ထို့အပြင် ခံတွင်းနံ့ကိုလည်း ကောင်းစေတဲ့အတွက် ကွီး တို့ လူမှုဆက်ဆံပြောဆိုတဲ့နေရာမှာ အထောက်အကူပြုပါလိမ့်မယ်။ ဒါ့အပြင် ဘယ်နေရာမှာမဆို ကွီးတို့ရဲ့ ဖြူစင်သွားလေးတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိ ပြုံးရယ်လိုက်ပါ။

Source : Medline Plus

Featured Photo : Dentalcare