နာမည်ကြီး ဟစ်ဟော့အဆိုတော်အများစုသည် သူတို့ရဲ့ ဆံပင်စတိုင်လ်ကို Dreadlock ကျစ်ရင်ကျစ် မကျစ်ရင် ကတုံးဆံပင်ပေါက် ပုံစံလေး ထားထားလေ့ရှိကြပါတယ်။ ကွီး တို့အနေနဲ့ နာမည်ကြီး ဟစ်ဟော့ အဆိုတော်တွေလိုမျိုး အမိုက်စား ဆံပင်စတိုင်လ် မျိုး ထားချင်တယ်ဆိုရင်တော့ နမူနာယူပြီး မှီငြမ်းလို့ ရအောင်လို့ ဝေမျှပေးချင်ပါတယ်။
ကွီး တို့ရဲ့ အကြိုက်ဆုံး ဟစ်ဟော့ အဆိုတော်ရဲ့ ဆံပင်စတိုင်လ် ကို နမူနာယူကာ အလန်းစားဆံပင်စတိုင်လ်လေး ဖန်တီးလိုက်ပါ။
ASAP Rocky

ဒီဆံပင်ကေကိုတော့ Box Braids ကျစ်ဆံမြီးစတိုင်လ်လို့ခေါ်ပါတယ်။ ဆံပင်ခွဲကြောင်းကို စတုရန်းပုံစံခွဲထားကာ ကျစ်ဆံမြီး ကျစ်ကျစ်လေးဖြစ်အောင် ကျစ်ထားရမှာဖြစ်ပါတယ်။
Drake

Buzz Cut ပုံစံလေးကိုမှ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတို့နဲ့ ပေါင်းလိုက်တဲ့အခါ ကြည့်ကောင်းနေတာဖြစ်ပါတယ်။
Fetty Wap

ဒီဆံပင်စတိုင်လ်မျိုးကို ထိန်းသိမ်းထားဖို့ဆိုရင် Moisturizing အစိုဓာတ် များများပေးဖို့လိုအပ်ပါတယ်။
Machine Gun Kelly

ကွီး တို့အနေနဲ့ ဒီ ဟစ်ဟော့ အဆိုတော်ကို ကြိုက်တယ်ဆိုရင်တော့ သူ့လိုမျိုး ကပိုကရို ဆံပင်စတိုင်လ် မျိုးကို ထားနိုင်ပါတယ်။
Snoop Dogg

Snoop Dogg ရဲ့ ဆံပင်စတိုင်လ်သည်လည်း ပြုပြင်ထိန်းသိမ်းမှု အများအပြားလိုအပ်တဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။
Eminem

မိမိုက်ပြီး ခပ်ဟော့ဟော့ဆံပင်စတိုင်လ်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုပုံလေး ညှပ်နိုင်ပါတယ်။
The Weeknd

The Weeknd ရဲ့ ဆံပင်စတိုင်လ်သည်လည်း အမိုက်စားစတိုင်လ်ဖြစ်နေသလို ဆံပင်အစိုဓာတ်ရရှိအောင် များများ ထိန်းသိမ်းပေးဖို့လည်း လိုအပ်ပါတယ်။
Kendrick Lamar

ကျစ်ဆံမြီးအလိမ်စတိုင်လ်မျိုး ကို ကြိုက်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်ကို ရွေးချယ်နိုင်ပါတယ်။
Coolio

သင့်အနေနဲ့ ရုံးတက်ရုံးဆင်းနေရတယ် လူကြီးတစ်ယောက်အနေနဲ့ ပွဲတက်ရတယ်ဆိုရင်တော့ ဒီလိုပုံစံမျိုး ညှပ်ဖို့ အားမပေးပါဘူး။ ရုံးတက်ရုံးဆင်း လုပ်စရာမလိုရင်တော့ သင့်သဘောအတိုင်းပါပဲ။
Post Malone

ဆံပင်အရှည်ထားပြီး အပေါ်မှာ ထုံးထားတဲ့ ဆံပင်စတိုင်လ်ကလည်း ယနေ့ခေတ်မှာ ကွီးတို့ကြား ခေတ်စားပါတယ်။
Chris Brown

ဆံပင်ကို တိုတိုကပ်ကပ်ညှပ်ထားပြီး ဆေးဆိုးထားတဲ့ ပုံစံသည်လည်း အမိုက်စားစတိုင်လ်မျိုးရရှိအောင် ကူညီပေးပါတယ်။
Wiz Khalifa

Wiz Khalifa ရဲ့ ဆံပင်စတိုင်လ်ကိုရော ဘယ်လိုသဘောရပါသလဲ။
အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်တော်တော်များများသည် ဂရုစိုက်မှု အများအပြားလိုအပ်တဲ့ ဆံပင်စတိုင်လ်တွေဖြစ်တာကြောင့် အချိန်ပေးနိုင်မှရမှာပါ။ ဒါ့ကြောင့် ဆံပင်ညှပ်ဆိုင် မသွားခင်ကတည်းက သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
Source: Menshairstylestoday
Featured Image: Menshairstylestoday
