နားကပ်ဝတ်တယ်ဆိုတာ လမ်းသရဲဆန်တဲ့ ဖက်ရှင် တစ်ခုလို့ ပြောလို့မရပါဘူး။ ဒီဘက်ခေတ် ဖက်ရှင်ရေးစီးကြောင်းပေါ်မှာ နားကပ်တွေဟာ ယောကျာ်းလေးတွေအတွက် အရေးပါတဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုအဖြစ် သတ်မှတ်ဝတ်ဆင် လာနေကြပါပြီ။ များသောအားဖြင့် လူငယ်ပိုင်း ယောကျာ်းလေးတွေမှာ အဝတ်များကြပြီး  စတိုင် ကျကျ ဝတ်စားတက်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေမှာလည်း ဝတ်လေ့ဝတ်ထရှိ ကြပါတယ်။ နားကပ် ဝတ်တဲ့အခါ ဘယ်လို ဒီဇိုင်း တွေက ယောကျာ်းလေးတွေ အဝတ်များလည်း ယောကျာ်းလေးတွေကို စတိုင် အမိမိုက်ဆုံး ဖြစ်စေမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

(၁) Studs ဒီဇိုင်း

Photo : Ape To Gentleman

Studs ဒီဇိုင်း နားကပ်တွေက ရိုးရှင်းပါတယ်။ နားကပ် အခုမှ စဝတ်မယ့် သူတွေအတွက် အသင့်တော်ဆုံး ဒီဇိုင်းတစ်ခုလို့ ပြောနိုင်ပါတယ်။ Studs နားကပ်တွေဟာ ပုံသဏ္ဍာန် ၊အရွယ်အစား အမျိုးမျိုးရှိပြီး များသောအားဖြင့် ပလပ်စတစ် ၊ ရွှေဖြူ ၊ ပလက်တီနမ် ၊ စိန် စတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ နားကပ်ဒီဇိုင်းတွေက ယောကျာ်းလေးတွေကြားမှာ အဝတ်များပါတယ်။ အဝိုင်းပုံ ၊ လေးထောင့်ပုံ ၊ တြိဂံပုံ ဒီဇိုင်းအမျိုးမျိုးရှိပြီး ရိုးရိုးရှင်းသလောက် ဆွဲဆောင်မှုလည်းရှိစေတဲ့ နားကပ်ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၂) Hoops/Cuffs ဒီဇိုင်း


Photo : Ape To Gentleman

Hoops/Cuffs ဒီဇိုင်း ဆိုတာကတော့ အလွယ်ဆုံးပြောရရင် နားကွင်းတွေပါပဲ။ နားကွင်းတွေက မိန်းကလေးတွေ အဝတ်များကြတဲ့ နားကပ်ဒီဇိုင်းတစ်ခု ဆိုပေမယ့် ဒီဘက်ခေတ်မှာတော့ ယောကျာ်းလေးတွေအနေနဲ့လည်း နှစ်ခြိုက်စွာ ရွေးချယ်လာကြတဲ့ နားကပ် ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီနားကပ်ဒီဇိုင်းတွေက Ring-Shaped ပုံသဏ္ဍာန်ရှိပြီး လူငယ်တွေရော သက်လတ်ပိုင်း အမျိုးသားတွေနဲ့ပါ လိုက်ဖက်မှုရှိတဲ့ နားကပ် ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

(၃) Barbells ဒီဇိုင်း

Photo : Ape To Gentleman

Barbells ဒီဇိုင်းကတော့ နားကပ်ဆိုတာထက် နားမှာအပေါက်ဖောက် ဝတ်ဆင်ရတဲ့ ဘားတန်းတစ်ခုလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ လူငယ်ဆန်ဆန်နဲ့ အထာကျကျ ဂေါ်ချင်သူတွေနဲ့ Piercing ကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် နားကပ် ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ Barbells နားကပ်တွေက ပုံမှန်အားဖြင့် နားရွက်ရဲ့ အပေါ်ဘက် အရိုးနု နှစ်ဖက်ကို အပေါက်ဖောက်ပြီး ချိတ်ဆက်ဝတ်ဆင်ရတဲ့ နားကပ်ဒီဇိုင်း ဖြစ်ပါတယ်။

(၄) Dangly ဒီဇိုင်း


Photo : Ape To Gentleman

Dangly ဒီဇိုင်းကတော့ နားဆွဲပုံစံ နားကပ် ဒီဇိုင်းတွေ ဖြစ်ပါတယ်။ Harry Styles ၊ Lil Nas X နဲ့ Neymar Jr တို့လို နာမည်ကြီးတွေ အများစု ဝတ်လေ့ ရှိကြပါတယ်။ ရိုးရှင်းတဲ့ လက်ဝါးကပ်တိုင်ပုံ နားဆွဲဒီဇိုင်းတွေ ၊ ချိန်းကြိုး ဒီဇိုင်းတွေ နဲ့ ပုလဲသီးပုံ ဒီဇိုင်းတွေ စသည်ဖြင့် ရွေးချယ်စရာ ဒီဇိုင်း ပုံစံအမျိုးမျိုးရှိပြီး လူငယ်ဆန်တဲ့ ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး စတိုင် မိမိုက်စေမယ့် နားကပ်ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

Photo : The Trend Spotter