သင့်ဆီမှာ အချိန်တွေ ပေါများနေတယ်လို့ ခံစားရပါသလား။ ဒါဆိုရင်တော့ ကွီး တို့ရဲ့ အချိန် ကို အကျိုးရှိစွာ အသုံးချနိုင်မယ့် နည်းလမ်းကောင်း များကို ဝေမျှပေးချင်ပါတယ်။
အိုင်ဒီယာအသစ်များ ဖန်တီးပါ
ကိုယ့်မှာ သူများနဲ့ မတူတဲ့ အတွေးအခေါ်အသစ်များ၊ ဆန်းသစ်တဲ့ လုပ်ကိုင်ပုံအသစ်များ တည်ရှိနေမှသာ ကိုယ် လုပ်ဆောင်တဲ့အရာသည် အောင်မြင်မှာဖြစ်ပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် စိတ်လက်ပေါ့ပါးရွှင်လန်းစေပြီး ကျန်းမာစေပါတယ်။ ကွီး တို့အနေနဲ့ အချိန် ကို အကျိုးရှိစွာ အသုံးချချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ အချိန် ၁၀ မိနစ်လောက်ပဲ ပေးရမှာဖြစ်ပါတယ်။
လမ်းထွက်လျှောက်ပါ
စိတ်ညစ်နေတဲ့အချိန်မှာ လမ်းလျှောက်ထွက်ခြင်းသည် စိတ်လက်ပေါ့ပါးရွှင်လန်းစေပြီး စိတ်ဖိစီးစရာများကို ပယ်ပျောက်စေပါတယ်။ အကြံဉာဏ်ကောင်းများ စဉ်းစားလို့မရဖြစ်နေသလား။ ခဏတဖြုတ် လမ်းလျှောက်ထွက်လိုက်ပါ။
လုံ့လ ဝီရိယရှိပါ
တစ်နေရာရာ သွားစရာရှိရင် နောက်မကျစေဖို့ရန်အတွက် လုံ့လ ဝီရိယစိုက်ထုတ်ကာ စောစောထသွားသင့်ပါတယ်။ ဒီလိုမျိုး စောစောရောက်တဲ့အခါ ကိုယ့်အနေနဲ့ စိတ်ဖိစီးမှုတစ်ခု လျော့နည်းသွားမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် လမ်းခရီးမှာ ကြန့်ကြာနေပြီး ချိန်းထားတဲ့နေရာသို့ နောက်ကျမှရောက်တဲ့အခါ သင့်အတွက် စိတ်ဖိစီးစရာတွေသာ ခံစားရမှာဖြစ်ပါတယ်။
စာဖတ်ပါ
ဗဟုသုတများ လေ့လာဆည်းပူးခြင်းသည် အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်အချိန်ကို စာအုပ်စာပေများ ဖတ်ရှုကာ အချိန်ကုန်ဆုံးတဲ့အခါ ကိုယ့်အတွက် စာတွေ့ အတွေ့အကြုံသစ်များ ရရှိလာမှာဖြစ်ပါတယ်။
ပိုက်ဆံရှာပါ
သင့်အနေနဲ့ အချိန်များ ပိုလျှံနေတယ်ဆိုရင် လက်ရှိလုပ်ကိုင်နေတဲ့အလုပ်အပြင် အပိုဝင်ငွေရစေမယ့် အလုပ်တစ်ခုခုကို ရှာဖွေသင့်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းက ဘယ်နေရာမှာ အသုံးတည့်မလဲဆိုတာ လေ့လာပါ။ ထို့နောက် ဘယ်အလုပ်က ကိုယ့်ကို ဝင်ငွေသာမက အတွေ့အကြုံများများ တိုးပွားရရှိစေမလဲဆိုတာ စဉ်းစားကြံဆပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ဝင်ငွေတွေက ၂ ဆ လောက်တိုးပွားလာမှာဖြစ်ပါတယ်။
ကိုယ်ပျော်ရွှင်တဲ့အရာအတွက် အချိန်ဖြုန်းပါ
ဘယ်အရာက သင့်ကို ပျော်ရွှင်စေပါသလဲ။ ပိုက်ဆံများများ ဝင်ခြင်းက သင့်ကို ပျော်ရွှင်စေပါသလား။ ဒါဆိုရင် ပိုက်ဆံရှာတဲ့အလုပ်အတွက် ပိုအချိန်ပေးပါ။ ပညာရပ်အသစ်များကို လေ့လာဆည်းပူးရတာကို ပျော်ရွှင်ပါသလား။ ဒါဆိုရင် ထိုကဲ့သို့ လေ့လာဖို့အတွက် အချိန်များများပေးလိုက်ပါ။ သို့သော် သင့်ကို ပျော်ရွှင်စေတဲ့အရာသည် ကိုယ့်ကို အမှန်တကယ် တိုးတက်လာစေတဲ့အရာဖြစ်ဖို့တော့ လိုအပ်ပါတယ်။ သင့်ကို ဆုတ်ယုတ်သွားစေတဲ့ အရာမျိုး မဖြစ်ရပါဘူး။
ကွီး တို့ရဲ့ အချိန် ကို အကျိုးရှိရှိ အသုံးချပုံ နည်းလမ်းကောင်း များ ရှိရင်လည်း အခြားစာဖတ်သူတွေကို ဝေမျှပေးခဲ့ပါဦး။
Source: Llifehack
Featured Image: Pixabay