သင်သည် ကွန်ပျူတာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်လည်းဖြစ်မယ် (သို့) အနုပညာပိုင်းမှာ ပါရမီပါသူလည်း ဖြစ်နိုင်တယ် (သို့) စီးပွားရေးပိုင်းမှာ ဝါသနာပါသူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ သို့သော် နယ်ပယ်တစ်မှာ ပေါက်မြောက်ထူးချွန်နေအောင် အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ကျွမ်းကျင်မှုအပြင် အခြားသော အရည်အချင်းတွေလည်း လိုအပ်ပါတယ်။ ကွီး တို့ ဘဝ မှာ တိုးတက် အောင်မြင် ဖို့ရန်အတွက် ဘယ်လို အရည်အချင်း တွေ လိုအပ်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း

kwee's success and soft skills

ကုမ္ပဏီများသည် လူအများကို ခေါင်းဆောင်နိုင်ကာ ဘယ်အလုပ်ကို အရင်လုပ်၊ ဘယ်အရာကိုတော့ နောက်မှလုပ်ဆိုပြီး လမ်းပြပေးနိုင်တဲ့ အရည်အချင်းရှိသူတွေကို လိုချင်ကြတာပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်သည် ကိုယ့်ရဲ့အဖွဲ့သားများကို စိတ်ဓာတ်တက်ကြွအောင် လုပ်ဆောင်နိုင်ရမယ်၊ လိုအပ်တဲ့အချိန်မှာ အားပေးရမယ်၊ ပြီးတော့ ထောင်လွှားမောက်မာမှုလည်း ကင်းဖို့လိုအပ်ပါတယ်။

ခေါင်းဆောင်တတ်ရုံနဲ့လည်း မပြီးသေးပါဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အချို့သူတွေကတော့ ငါ ခေါင်းဆောင်ပဲ ငါ ခိုင်းတာပဲ လုပ်ရမယ် ဆိုတဲ့ ထောင်လွှားမောက်မာတတ်တဲ့ စိတ်တွေ ရှိတတ်ကြပါတယ်။ ဒီလိုစိတ်မျိုးကို ဖယ်ရှားပြီး ကိုယ့်အတွက်၊ ကိုယ့်အသင်းအဖွဲ့အတွက်၊ ကိုယ့်ကုမ္ပဏီအတွက် လုပ်ဆောင်နိုင်တယ်ဆိုရင်တော့ တစ်နေ့နေ့မှာ အောင်မြင်မှု အမှန်ပါပဲ။

အဖွဲ့အစည်းစိတ်ဓာတ်

kwee's success and soft skills

အလုပ်ခေါ်စာတွေကို လေ့လာကြည့်လိုက်ပါ။ ထိုအထဲက လိုအပ်တဲ့ အရည်အချင်းတစ်ခုကတော့ အဖွဲ့အစည်းစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကိုယ်သည် ကိုယ့်ဘာသာတစ်ယောက်တည်း ထိုးထွက်ကာ တော်တတ်နေရုံနဲ့ မပြီးသေးပါဘူး။ ခရီးမြန်မြန်သွားချင်တယ်ဆိုရင်တော့ တစ်ယောက်တည်း သွားသင့်ပေမယ့် ရှည်လျားလှတဲ့ ခရီးကို အောင်အောင်မြင်မြင်နဲ့ သွားချင်တယ်ဆိုရင်တော့ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်းကို သင်ယူတတ်ဖို့လိုအပ်ပါတယ်။ ယခုလို ၂၁ ရာစုမှာ IQ တစ်ခုတည်း မြင့်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ EQ လည်း ကောင်းဖို့လိုအပ်ပါတယ်။ ဒါမှ ဘဝ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တိုးတက် အောင်မြင် ခြင်းကို သိမ်းပိုက်နိုင်မှာဖြစ်ပြီး အရည်အချင်း ကောင်းတွေကို ထုတ်ဖော်ပြသနိုင်မှာမဟုတ်လား။

ပေါင်းသင်းဆက်ဆံရေး

kwee's success and soft skills

ဟိုလူနဲ့ကတော့ မပေါင်းချင်ဘူး။ ဒီလူနဲ့တော့ မပေါင်းချင်ဘူးဆိုပြီး လုပ်နေလို့မရပါဘူး။ အောင်မြင်တိုးတက်ဖို့ဆိုရင် လူတိုင်းနဲ့ အလိုက်အထိုက်ပေါင်းသင်ဆက်ဆံတတ်ရမှာဖြစ်ပါတယ်။ ကိုယ့် Networking က ကျယ်ကျယ်ပြန့်ပြန့်ရှိမှသာလျှင် ကိုယ့်အကြောင်းကို လူပိုသိပြီး ကိုယ့်အောင်မြင်မှုကို သိမြင်နိုင်မှာမဟုတ်လား။

ပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ ပတ်သက်လာရင်လည်း အချက် (၄) ချက် သိထားသင့်ပါတယ်။ ထိုအချက်များကတော့ …

စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ခြင်း၊ စာအရေးအသား (Email ၊ မက်ဆေ့များ ပို့ချိန်၊ ရီပို့ရေးချိန်) ရေးရာတွင်လည်း ပညာရှင်ဆန်ဆန် ရေးသားနိုင်ခြင်း၊ Body Language နှင့် မျက်နှာအနေအထားကိုလည်း အထိုက်အလျောက် အသုံးပြုနိုင်ခြင်း၊ အခြားသူ ပြောဆိုနေချိန်မှာ ကောင်းစွာ နားထောင်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ သင့်ဆီမှာ ဒီအချက် (၄) ချက်စလုံးရှိမှသာလျှင် ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက်ဖြစ်မှာပါ။

ပြဿနာဖြေရှင်းနိုင်စွမ်း

ဘဝ တိုးတက် အောင်မြင် အရည်အချင်း 

ပြဿနာတစ်ခုခုနှင့် ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ ဖြေရှင်းတတ်ဖို့လိုအပ်ပါတယ်။ ဘဝ မှာ တိုးတက် အောင်မြင် ဖို့ ကြိုးစားနေချိန်မှာ ပြဿနာ အခက်အခဲပေါင်းစုံ ဝင်ရောက်လာတာကတော့ ဓမ္မတာပဲဖြစ်တာကြောင့် ဒီ အရည်အချင်း သည်လည်း မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။

ပြဿနာတစ်ခုခုနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ရှောင်ပြေးမသွားဘဲ သေချာကိုင်တွယ်ဖြေရှင်းရပါမယ်။ ဖြေရှင်းနည်း မသိပါက ကိုယ့်ထက် ဝါရင့်သော သူများထံမှ နည်းနမူနာ ယူသင့်ပါတယ်။

အလုပ်နှင့်ပတ်သက်လာလျှင် စည်းကမ်းရှိခြင်း

ဘဝ တိုးတက် အောင်မြင် အရည်အချင်း 

တစ်မိနစ်လောက်လေး နောက်ကျရုံနဲ့ ဘာမှ မဖြစ်သွားပါဘူးဆိုပြီး အကျင့်စပျက်လာရာကနေ ငါးမိနစ်လောက် နောက်ကျမယ်၊ တစ်ခါ ငါးမိနစ်ကနေ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် စသည်ဖြင့် အချိန်တွေ တိုးတိုးလာပြီး နောက်ပိုင်းမှာ ကိုယ့်အတွက် တိုးတက်ရာလမ်းကြောင်းမရှိတော့ဘဲ တဖြည်းဖြည်းဆုတ်ယုတ်သွားတာကို တွေ့မြင်လာရပါလိမ့်မယ်။

ဒါ့ကြောင့် အလုပ်နဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကြပ်ထားဖို့လိုအပ်ပါတယ်။ အလုပ်ကို အချိန်မှန်မှန်သွားမယ်၊ Deadlines အမှီ အလုပ်တွေ ထပ်မယ် စသည်ဖြင့် ကြိုးစားရမှာဖြစ်ပါတယ်။

အခြေအနေပေါ်လိုက်ကာ ပြောင်းလဲတတ်နိုင်စွမ်းရှိခြင်း

ဘဝ တိုးတက် အောင်မြင် အရည်အချင်း 

ယနေ့ခေတ်မလို အပြိုင်အဆိုင်များတဲ့ ၂၁ ရာစုမှာ ပြောင်းလဲမှုအများအပြားနောက်ကို လိုက်နိုင်မှ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ တစ်သမတ်တည်း သွားနေရင်တော့ ကိုယ့်ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ စတိုင်လ်တွေသည် ရိုးအီသွားမှာဖြစ်ပြီး နောက်ဆုံးမှာ ရှုံးနိမ့်သွားမှာဖြစ်ပါတယ်။

ဒီလို အခြေအနေပေါ် အလျင်အမြန် ပြောင်းလဲနိုင်စွမ်းသည် စီးပွားရေး နယ်ပယ်တစ်ခုတည်းကို မဆိုလိုပါဘူး။ အနုပညာဆိုလည်း အနုပညာအလျောက်၊ သင်ကြားရေးဆိုလည်း သင်ကြားရေးအလျောက် ကိုယ် အလုပ်လုပ်နေတဲ့ နယ်ပယ်တစ်ခုချင်းစီကို လိုက်ပြီးတော့ အခြေအနေပေါ် ပြောင်းလဲတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။

မိမိရဲ့အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း

ဘဝ တိုးတက် အောင်မြင် အရည်အချင်း 

ဘယ်အချိန်မှာတော့ ပညာရပ်ကို လေ့လာဖို့အချိန်ပေးမယ်၊ အလုပ်လုပ်ရမယ်၊ ဘယ်အချိန်မှာတော့ အိမ်အလုပ်တွေ လုပ်ရမယ်၊ ဘယ်အချိန်မှာတော့ အနားယူရမယ်၊ ထမင်းစားရမယ် စသည်ဖြင့် ကိုယ့်ရဲ့အချိန်တွေကို သေချာ ပိုင်းခြားထားဖို့လိုအပ်ပါတယ်။ တစ်ခုတည်းကိုပဲ အာရုံစိုက်ထားလို့မရပါဘူး။ အလုပ်ကြီးပဲ ဖိလုပ်နေပြီး အစား မစားတဲ့အခါ သင့် ကျန်းမာရေးထိခိုက်လာမယ်။ ပြီးရင် ပြန်လည်ကုသဖို့အတွက် စားရိတ်တွေ ကုန်လာမယ်။ အလုပ်သေချာ မလုပ်နိုင်တော့ ဝင်ငွေထိခိုက်လာမယ် စသည့် အကျိုးဆက်တွေ ရှိတတ်ပါတယ်။

အလုပ်လုပ်ချိန်၊ အနားယူချိန်တွေတော့ သေချာဖယ်ထားပါရဲ့။ ကိုယ့် ဘဝ တိုးတက် ရာ အောင်မြင် ရာအတွက် Personal Development အတွက် လေ့လာဖို့ အချိန်မပေးရင်လည်း ကိုယ့်ရဲ့ အရည်အချင်း သည် တဖြည်းဖြည်း ဆုတ်ယုတ်လာမှာဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းဆုတ်ယုတ်လာပါလိမ့်မယ်။

ဒါ့ကြောင့် အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ့်အလုပ်မှာ ကျွမ်းကျင်ရုံ၊ ပါရမီပါရုံ တစ်ခုတည်းနဲ့ မလုံလောက်တာဖြစ်ပါတယ်။ ကွီး တို့လည်း ကိုယ့် ဘဝ တိုးတက် အောင်မြင် ဖို့ရန်အတွက် အခုဖော်ပြသွားတဲ့ အရည်အချင်း များကို ပိုင်ဆိုင်နိုင်အောင် အခုကတည်းက ကြိုးစားလိုက်ပါ။

Source: Lifehack

Featured Image: Telegraph