ကိုယ်ခန္ဓာကျန်းမာဖို့ရန်အတွက် လေ့ကျင့်ခန်း များများ ပြုလုပ်ခြင်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း အစရှိသည်တို့လိုအပ်ပါတယ်။ ကွီး တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာချင်တယ်ဆိုရင်လည်း လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ ရှိပါတယ်။
ကွီး တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ကောင်းမွန်ဖို့ရန်အတွက် စိတ်ကျန်းမာရေး မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ စိတ်ကျန်းမာမှသာ ပျော်ရွှင်မှာဖြစ်ပြီး သင့်ရဲ့ ဦးနှောက်သည်လည်း စိတ်ဖိစီးမှုများမှ ကင်းဝေးကာ စွမ်းဆောင်ရည်မြင့်မားလာမှာဖြစ်ပါတယ်။
မသုံးဘဲ ပစ်ထားတဲ့ ဓားတစ်လက် (သို့) မသွေးဘဲထားတဲ့ ဓားတစ်လက်သည် အချိန်ကြာလာတဲ့အခါ အသွား ပိုမိုတုံးသထက် တုံးလာမှာဖြစ်သလို ဘာကိုမှ မစဉ်းစား မတွေးတောဘဲ ဦးနှောက်ကို အလုပ်မပေးတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်သည်လည်း ကျဆင်းလာမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် သင်သည် တစ်နေ့ခင်းလုံး တီဗွီပဲ ထိုင်ကြည့်နေမယ်ဆိုကြပါစို့။ ဒါဆိုရင် သင့်ရဲ့ဦးနှောက်က ဘာမှစဉ်းစားစရာမလိုဘဲ အချိန်ကုန်ဆုံးသွားပါတယ်။ ထိုကဲ့သို့ မစဉ်းစားတဲ့ ရက်တွေ တစ်ရက်ပြီးတစ်ရက် များလာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ တုန့်ပြန်နိုင်စွမ်းတွေသည် တစ်ဖြည်းဖြည်း လျော့ကျလာပြီး နောက်ဆုံးမှာတော့ မှတ်ဉာဏ်အားနည်းသွားတတ်ပါတယ်။
ဒါဆိုရင် ကွီး တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ကို ပိုမိုမြင့်မားလာအောင်၊ မှတ်ဉာဏ်အား ပိုကောင်းလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။
ဉာဏ်စမ်းပဟေဠိများ ကြိုးစားဖြေကြည့်ပါ
Photo: Theguardian
တချို့ မဂ္ဂဇင်းစာအုပ်များ၊ သတင်းစာ စာအုပ်များထဲတွင် Crossword Puzzles အခန်းကဏ္ဍတစ်ခုစီ ပါဝင်လေ့ရှိပါတယ်။ ဒီလို ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုခြင်းသည် ကိုယ့်ရဲ့ အင်္ဂလိပ်စာ ဝေါဟာရစွမ်းရည်ကို တိုးမြှင့်ပေးပြီး ဦးနှောက်ကို အလုပ်ပေးထားတာကြောင့် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို တဖြည်းဖြည်း တိုးမြှင့်လာစေပါတယ်။
စာဖတ်ပါ
စိတ်ကူးယဉ် ဝတ္တု၊ သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုလိုမျိုး စာအုပ်တွေကို ဖတ်ရှုကာ ထိုစာအုပ်ထဲက ဇာတ်ဝင်ခန်းတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကို ကိုယ့်ရဲ့စိတ်အာရုံထဲမှာ ပုံဖော်လိုက်ပါ။ ဒါမှမဟုတ် သင်သည် ဖြစ်ရပ်မှန်ဝတ္ထုမျိုးကိုမှ စိတ်ဝင်စားတယ်ဆိုရင်လည်း ထိုဇာတ်လမ်းတွေကို မိမိစတ်ကူးထဲမှာ ပုံဖော်ကာ ဦးနှောက်ဉာဏ်ကို ကွန့်မြူးနိုင်ပါတယ်။
Jigsaw အပိုင်းအစများ ဆက်ခြင်း
ကိုယ့်ဦးနှောက်ကို လေ့ကျင့်ခန်းများ များ လုပ်စေချင်တယ်ဆိုရင်တော့ အပိုင်းအစ အခု ၁၀၀၀ ခန့်ပါတဲ့ Jigsaw များကို ဝယ်ယူလိုက်ပါ။ ဦးနှောက်အရမ်းစားတာမျိုး မလုပ်ချင်ဘူးဆိုရင်တော့ အလယ်အလတ် Jigsaw ဂိမ်းမျိုးပဲ ဝယ်ယူပါ။ ဘယ်အမျိုးအစားကိုပဲ ဝယ်ယူနေပါစေ ရုပ်ပုံကားချပ်များကို တစ်ခုတည်းဖြစ်သွားအောင် ကြိုးစားဆက်နေတဲ့အချိန်မှာ သင့်ရဲ့ဦးနှောက်သည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။
တူရိယာတစ်မျိုးမျိုး တီးခတ်ပါ
သင်သည် အရင်တုန်းက ဂီတာ တီးတတ်သူတစ်ယောက်ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စန္ဒယား တီးခြင်းကို သင်ယူနေတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဘဝမှာ တူရိယာပစ္စည်းတွေကို တစ်ခါမှ မတီးခတ်ဖူးတဲ့သူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေ ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့နောက်မှာတော့ တူရိယာတစ်မျိုးမျိုးကို ပြန်လည်တီးခတ်တာပဲဖြစ်ဖြစ်၊ ကိုယ် စိတ်ဝင်စားတဲ့ တူရိယာ တီးခတ်နည်းကို သင်ယူတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
တူရိယာတီးခတ်နေစဉ်မှာ သင်သည် ဦးနှောက်ရဲ့ တီထွင်ဖန်တီးနိုင်မှုအခြမ်းကို အသုံးပြုနေတာဖြစ်ပြီး ထိုကဲ့သို့ အာရုံစူးစိုက်ခြင်းက ကွီး တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ကို ကောင်းမွန်စေပြီး သန်မာလာစေမှာဖြစ်ပါတယ်။
ဘာသာစကားအသစ်တစ်မျိုး သင်ယူပါ
ဘာသာစကားသင်ယူခြင်းသည်လည်း ဦးနှောက် မှတ်ဉာဏ်စွမ်းအားတိုးမြှင့်ပေးပါတယ်။ ယနေ့ခေတ်မှာ ဘာသာစကားများကို ကိုယ့်ဘာသာသင်ယူလေ့လာနိုင်အောင် ကူညီပေးမယ့် Websites များ Applications များသည်လည်း အများအပြားရှိတဲ့အတွက်ကြောင့် အကုန်အကျနည်းနည်းနဲ့ သင်ယူချင်တယ်ဆိုရင် အချိန်အနည်းငယ်ပေးပြီး သင်ယူလိုက်ရုံပါပဲ။
ဒီလိုဘာသာစကားအသစ် တစ်မျိုး သင်ယူခြင်းသည် ကိုယ့်ရဲ့ဦးနှောက်ကို လေ့ကျင့်ခန်းပေးရာလည်း ရောက်သလို အလုပ်အခွင့်အလမ်းအတွက်လည်း အကျိုးအမြတ်ကောင်းများရရှိစေပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းအပြင် အခုဆက်လက်ဖော်ပြပေးမယ့် အစားအစာများကိုလည်း ကွီး တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည် မြင့်မားဖို့ရန်အတွက် စားသုံးသင့်ပါတယ်။
ဘလူး ဘယ်ရီသီးများ
ဘလူူးဘယ်ရီသီးများသည် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် မှတ်ဉာဏ်လျော့နည်းလာခြင်းမှ ကာကွယ်ပေးပါတယ်။
ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အစရှိတဲ့ ဥအမျိုးမျိုးထဲမှာ စိတ်ဖိစီးမှုကို လျော့ချပေးတဲ့ ဗီတာမင်ဘီ ပါဝင်ပြီး မှတ်ဉာဏ်ချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
သဘာဝအဆီဓာတ် ကြွယ်ဝသော ငါးများ
ဆော်လမွန်ငါး၊ ငါးသေတ္တာငါးတို့သည် အိုမီဂါသရီး ဖက်တိအက်စစ်များ ပါဝင်ပြီး ဦးနှောက်အတွက် အထူးကောင်းမွန်ပါတယ်။ တကယ်လို့ သင့်ဦးနှောက်က လုံလောက်တဲ့ အိုမီဂါသရီးဓာတ်ကို မရရှိပါက ကိုယ့်ရဲ့သင်ယူလေ့လာမှုအပေါ် ထိခိုက်မှုဖြစ်စေပြီး စိတ်ဖိစီးမှုများကိုလည်း ဖြစ်ပေါ်စေပါတယ်။
အသီးအနှံများ
လိမ္မော်သီး၊ ကီဝီသီး၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးကဲ့သို့ အသီးအနှံများထဲတွင် ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီသည် ဦးနှောက်ဆဲလ်များ ပျက်စီးသွားခြင်းမှ ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဗီတာမင်အီးဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အခွံမာသီးများ၊ ဖရုံစေ့ အစရှိတဲ့ အစားအစာများသည်လည်း ကွီး တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ကို မြင့်မားလာအောင် ကူညီပေးပါသေးတယ်။
Source: Assistinghands
Featured Image: Menshealth