ကွီး တို့ရဲ့ အိမ်မှာပဲ သက်သောင့်သက်သာနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းများထဲမှာ Cardio လေ့ကျင့်ခန်းတွေလည်း တစ်ခုအပါအဝင်ပါပဲ။ Cardio လေ့ကျင့်ခန်းများသည် နှလုံးအားကောင်းလာစေပြီး အမောခံနိုင်အောင် ကူညီပေးပါတယ်။

ကွီး တို့ကို အမောခံလာနိုင်ပြီး ကျန်းမာကြံ့ခိုင်လာအောင် ကူညီပေးနိုင်မယ့် Cardio လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ဖို့ရန်အတွက် အခုပဲ ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

exercise

Source: Menshealth

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဒိုက်ထိုးမယ့်အနေအထားအတိုင်း ပြင်ပါ။ ထို့နောက် ရင်အုပ်ကို ကြမ်းပြင်နဲ့ နီးကပ်အောင် ပြုလုပ်ပြီးနောက် တံတောင်ကို ကွေးချကာ ဒိုက်ထိုးလိုက်ပါ။

အဆင့် (၃) မူလအနေအထားအတိုင်း မတ်တပ်ပြန်ရပ်ကာ ခုန်လိုက်ပါ။

ထို့နောက် အဆင့် (၂) ကအတိုင်း ဆက်လက်ပြုလုပ်ပေးလိုက်ပါ။ အဆင့် (၂) နှင့် (၃) ကို တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercise

Source: T4mall2000

ဒီလေ့ကျင့်ခန်းလေးကတော့ ကြိုးခုန်လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ အခြားမည်သည့်ပစ္စည်းကိရိယာမျှ မလိုအပ်ဘဲ ကြိုးတစ်ခု ရှိရုံနဲ့တင် အလွယ်တကူလေ့ကျင့်ခန်း ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ မိမိခုန်နိုင်သလေက်အထိ ခုန်ပေးရမှာဖြစ်ပါတယ်။ မိနစ် ၂၀ လောက် ကြိုးခုန်ပေးလိုက်ရုံနဲ့တင် ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းသွားမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

exercise

Source: IceGif

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ခြေထောက်နှစ်ဖက်ကို ဘေးသို့ကားထုတ်ကာ ခုန်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။

အဆင့် (၃) မူလအနေအထားအတိုင်း ပြန်နေပါ။

ထိုအဆင့်များကို တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

မိမိပြုလုပ်နိုင်သလောက် အကြိမ်ရေအထိ ပြုလုပ်ပေးနိုင်ပါတယ်။ အများဆုံးအနေနဲ့ ၁၀ မိနစ်အထိ ပြုလုပ်နိုင်ပါတယ်။ ၁၀ မိနစ်ဆိုရင် ကယ်လိုရီ ၁၀၀ လောက် လောင်ကျွမ်းသွားမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

exercise

Source: Menshealth

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) တင်ပါးကို နောက်ပစ်ကာ ဒူးအနည်းငယ်ကွေးပြီး Squat ထိုင်လိုက်ပါ။

အဆင့် (၃) ထို့နောက် မတ်တပ်ရပ်ကာ ခုန်လိုက်ပါ။

ထို့နောက် အဆင့် (၂) နှင့် (၃) ကို တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းလေးကတော့ ထိရောက်မှုအရှိဆုံး လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ကွီး Cardio

Source: Tenor

လက်ဝှေ့လည်းထိုး၊ ခြေထောက်နှင့်လည်း ကန်ကျောက်ရတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့် ဒီလေ့ကျင့်ခန်းလေးကို Kick Boxing လေ့ကျင့်ခန်းလို့ နာမည်ပေးထားတာဖြစ်ပါတယ်။ Kickboxing လေ့ကျင့်ခန်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး စိတ်လက်ပေါ့ပါးစေပါသေးတယ်။ ၁၀ မိနစ်ခန့် ပြုလုပ်ပေးရုံနှင့်တင် ကယ်လိုရီအများအပြား လောင်ကျွမ်းသွားမှာပဲဖြစ်ပါတယ်။ ကိုယ်ခံပညာတစ်ခုလို့လည်း ပြောနိုင်တဲ့ အစွမ်းထက် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ကွီး Cardio

Source: Unsplash

ကခုန်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက်တော့ ဒီလေ့ကျင့်ခန်းလေးက ကွက်တိကျစေမှာပါ။ မိမိနှစ်သက်ရာ သီချင်းအမျိုးအစားတစ်ခုခုကို ရွေးချယ်လိုက်ပါ။ ကခုန်လို့ အကောင်းဆုံး သီချင်းတွေကတော့ မြူးမြူးကြွကြွ သီချင်းတွေပဲဖြစ်ပါတယ်။ ထိုသီချင်းများနှင့် အတူ ကခုန်ကာ လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

ကကွက်တွေ မသိဘူးဆိုရင်လည်း YouTube က ကကွက်များကို လေ့လာကာ ကခုန်နိုင်ပါတယ်။ ကခုန်နေစဉ်မှာ ချွေးစုပ်တဲ့ အဝတ်အစားများ (သို့) သက်သောင့်သက်သာဖြစ်တဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ပေးသင့်ပါတယ်။ ကြပ်ထုပ်လွန်းသော အဝတ်အစားများသည် လေ့ကျင့်ခန်းပြုလုပ်ရာတွင် အနှောင်အယှက်ဖြစ်စေပါတယ်။ မိမိချွေးနဲ့တင် ပြန်ပြီး အအေးပိတ်နိုင်တဲ့အတွက်ကြောင့် ချွေးစုပ်ပြီး သက်သောင့်သက်သာဖြစ်တဲ့ အားကစားအဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။

လေ့ကျင့်ခန်း (၇)

ကွီး Cardio

Source: Advnture

လှေကားပေါ် ပြေးတက် ပြေးဆင်း လေ့ကျင့်ခန်းသည်လည်း ကျန်းမာရေးကောင်းပြီး သက်လုံကောင်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

အခုမှစလုပ်မယ့် Beginner များအနေနဲ့တော့ ခပ်ဖြည်းဖြည်းချင်းစီ အစပြုလိုက်ပါ။ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာပြီဆိုရင်တော့ အရှိန်တင်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၈)

ကွီး Cardio

Source: Tenor

ဒီလေ့ကျင့်ခန်းလေးကတော့ ခြေထောက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်စီဖြင့် ရင်ဘတ်ဆီသို့ ဆွဲယူရမှာဖြစ်ပါတယ်။ ၅ မိနစ်မှ ၁၀ မိနစ်၊ မိနစ် ၂၀ ၊ မိနစ် ၃၀ အထိ တိုးကာ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းတွေကတော့ ကွီး တို့ရဲ့ အိမ်မှာပဲ အေးအေးလူလူ ပြုလုပ်နိုင်တဲ့ Cardio လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

တစ်ပတ်လျှင် ၃ ရက်၊ ၄ ရက်ခန့်၊ တစ်ရက်လျှင် မိနစ် ၃၀၊ ၄၅ မိနစ်၊ တစ်နာရီခန့် အချိန်ပေးကာ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရုံမျှဖြင့် အမောအပန်းခံနိုင်ပြီး ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေး ကောင်းမွန်လာမှာဖြစ်ပါတယ်။

Source: Meritagemed

Featured Image: Borntough