ကမ္ဘာပေါ်မှာ ပိုက်ဆံအိတ်တံဆိပ်အမျိုးအစား အများအပြားရှိပြီး ဆိုဒ်အမျိုးအစားလည်း မျိုးစုံရှိပါတယ်။ ဒါ့အပြင် သားရေသားနဲ့ ပြုလုပ်ထားတာလား၊ သားရေဆိုရင်တော့ နွားသားရေလား၊ မိချောင်းသားရေလား စတဲ့ ကုန်ကြမ်းပစ္စည်းများပေါ် မူတည်ပြီး တန်ဖိုးလည်း ကွာသွားပါလိမ့်မယ်။ ကွီး တို့အနေနဲ့ Luxury ဆန်တဲ့ ပိုက်ဆံအိတ် အကောင်းစားတွေကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပိုက်ဆံအိတ်ဘရန်းတွေကို ကိုင်သုံးသင့်ပါတယ်။
Oliver Cabell

ဝိုင်နီရောင် အမျိုးအစားဖြစ်ပြီး သူ့ကိုတော့ ပိုက်ဆံအများအပြား ထည့်တာထက်စာရင် ကတ်တွေ ထည့်ဖို့အတွက် အသုံးပြုတာပိုများပါတယ်။ ကွီး တို့အနေနဲ့ Luxury ပိုက်ဆံအိတ် ကိုမှ ပါးပါးမျှင်မျှင် ဒီဇိုင်းလေး ကြိုက်တယ်ဆိုရင်တော့ ဒီဒီဇိုင်းလေးကို ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Luca Faloni

သားရေထုတ်ကုန်ပစ္စည်းများနဲ့ ပတ်သက်လာလျှင် အီတလီနိုင်ငံသည် နာမည်ကြီးပါတယ်။ Luca Faloni သည် အီတလီနိုင်ငံထုတ် ပိုက်ဆံအိတ်ဖြစ်ရုံသာမကဘဲ သူတို့ရဲ့သားရေကုန်ကြမ်းများသည်လည်း အရည်အသွေးကောင်းမွန်ပါတယ်။
Czech And Speake

ကွီး တို့အနေနဲ့ ဒီဇိုင်း မိမိုက်နေတဲ့ Luxury ပိုက်ဆံအိတ် မျိုး ဝယ်သုံးချင်တယ်ဆိုရင်တော့ ယူရို ၁၅၀ ပေးချေရမယ့် Czech And Speake တံဆိပ်လေးကိုသာ ရွေးယူလိုက်ပါ။
Unrecorded

ခေတ်မှီပြီး စတိုင်လ်ကျရမယ် ဒီဇိုင်းကလည်း အလွန်အကျူးဖြစ်နေတာမျိုးမဟုတ်ဘဲ ကွက်တိကျနေရမယ် ဆိုတဲ့ လက်ကိုင်အိတ်မျိုးကို ရှာနေတာဆိုရင်တော့ Unrecorded က သင့်အတွက်ပါပဲ။
Prada

ဆန့်ကျင်ဘက် အဖြူနဲ့ အနက်ရောင်တို့ကို သဘာဝကျကျနဲ့ ဖက်ရှင်ကျနေအောင် ဒီဇိုင်းထွင်ကာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ ကိုယ့် Luxury ပိုက်ဆံအိတ်က အရိုးရှင်းဆုံးနဲ့ ဖက်ရှင်အကျဆုံးဖြစ်နေစေချင်တယ်ဆိုရင် Prada ကို ရွေးချယ်သင့်ပါတယ်။
Montblanc

Montblanc သည် ၁၉၂၀ ခုနှစ်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး နာမည်ကြီး ဘရန်းတစ်ခုဖြစ်ပါတယ်။ သူ့ဘရန်းတွေကို နူးညံ့တဲ့ နွားကလေးသားရေ၊ သိုးကလေးသားရေတို့နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။
Thom Browne

အမေရိကန်နိုင်ငံထုတ် ပိုက်ဆံအိတ်အမျိုးအစားဖြစ်ပြီး ပိုက်ဆံအိတ်ပေါ်မျာပါတဲ့ အနီ၊ အဖြူနဲ့ အပြာရောင်အစင်းကျားများသည် သူ့ရဲ့အမှတ်တံဆိပ်တစ်ခုပါပဲ။
Bao Bao Issey Miyake

အရည်အသွေးအမိုက်စား အမျိုးသား Luxury လက်ကိုင်အိတ်တွေထဲမှာ Bao Bao Issey Miyake တံဆိပ်ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။
Valentino

Valentino သည်လည်း လူအများကြားမှာ ရေပန်းစားတဲ့ နာမည်ကြီးတံဆိပ်တစ်ခုဖြစ်ပါတယ်။
Tom Ford

Tom Ford ကတော့ မိချောင်းသားရေ (သို့) ဆိတ်သားရေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့ရဲ့အရည်အသွေးကလည်း ပြောစရာမလိုအောင် ကောင်းမွန်လွန်းတာကတော့ အမှန်ပါပဲ။
ကွီး တို့အနေနဲ့ Luxury ဆန်တဲ့ လက်ကိုင်အိတ် အများအပြားရှိတဲ့အနက်ကမှ ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ။ ဘာ့ကြောင့် ကြိုက်ရသလဲဆိုတာကို ဝေမျှပေးခဲ့ပါဦး။
Source: Thecoolist
Featured Image: Thecoolist
