ခရီးဆောင် အိတ် ထည့် ဖို့ ပြင်တဲ့အခါမှာ လေဆိပ်က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ထည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အရေးကြီးတဲ့ ပစ္စည်း ပစ္စယတွေကို အိမ်မှာ မကျန်ခဲ့စေချင်သလို ခရီးဆောင် အိတ်ရဲ့ အလေးချိန်ကိုလည်း ထည့် သွင်းစဥ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

လေကြောင်းလိုင်း အများစုကတော့ ခရီးဆောင် အိတ်ကြီး တစ်အိတ်နဲ့ လက်ဆွဲအိတ် အသေးစားတစ်အိတ်တို့ကိုတော့ သယ်ခိုင်းလေ့ရှိပါတယ်။

လက်ဆွဲအိတ်လေးထဲမှာ ဘာပစ္စည်းတွေ ထည့်သွားလို့ရလဲ

travel bags

ပစ္စည်းအတိုအထွာလေးများ၊ မလောင်ကျွမ်းစေမယ့် အရည်နှင့် ဂျယ်လ်များ၊ ခေါင်းလျှော်ရည်၊ ရှန်ပူ၊ တိုနာ၊ ခေါင်းလိမ်းဂျယ်လ်၊ မျက်နှာ ဆီရမ်၊ စသည်ဖြင့် ထည့်လို့ရပါတယ်။ ဒါပေမဲ့ ထိုပစ္စည်းများအားလုံးကို ၃.၄ အောင်စနှင့် သူ့ထက် သေးငယ်တဲ့ အိတ်တစ်လုံးထဲတွင် စုထည့်ရမှာပဲဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းများ၊ ကလေးပစ္စည်းများ၊ တန်ဖိုးကြီး ပစ္စည်းများ စသည်တို့ကို လက်ဆွဲအိတ်အသေးထဲတွင် ထည့်နိုင်ပါတယ်။။

လက်ဆွဲအိတ်ထဲ ထည့်လို့မရသော ပစ္စည်းများ

ခရီးဆောင် ထည့်

ချွန်ထက်သော ပစ္စည်းများ၊ ဥပမာ ဓား၊ ခရီးဆောင်ဓား၊ ဘလိတ်ဓား၊ ကတ်ကြေး၊ အားကစား အသုံးအဆောင်ပစ္စည်းများ၊ ဥပမာ ဂေါက်ရိုက်တံ၊ ဘက်စကပ်ဘော ရိုက်တံ၊ တစ်ကိုယ်ရည် ခုခံကာကွယ်သော ပစ္စည်းများ၊ ဥပမာ ငရုတ်ကောင်းစပရေးဘူး စသည့်ပစ္စည်းများကို မထည့်သင့်ပါဘူး။

ခရီးဆောင် အိတ် အကြီးထဲတွင် မ ထည့် သင့်တဲ့ ပစ္စည်းများ

ခရီးဆောင် ထည့်

Lithium Metal ဒါမှမဟုတ် Lithium-ion ဘက္ထရီများကို မထည့်သင့်ပါဘူး။ တကယ်လို့ ထိုပစ္စည်းက ပျက်စီးနေတာ ရှိခဲ့သော ပစ္စည်း ထားသိုရာ အခန်းက မီးစွဲလောင်နိုင်တာကြောင့် မထည့်ခိုင်းတာပဲဖြစ်ပါတယ်။ Lithium Batteries ယူသွားစရာလားလို့ ကွီးတို့ တွေးထင်ပါလိမ့်မယ်။ ဒါပေမဲ့ လျှပ်စစ်ပစ္စည်း တော်တော်များများက Lithium Batteries ကို အသုံးပြုထားတာဖြစ်ပါတယ်။ ထိုပစ္စည်းများကတော့

  • လက်ပ်တော့
  • စမတ်ဖုန်း
  • Tablets
  • ပါဝါဘန့်ခ်များ
  • ဒရုန်းများ
  • မီးခြစ်
  • Vape Pens အစရှိတဲ့ ပစ္စည်းများပဲဖြစ်ပါတယ်။​

ထိုပစ္စည်းများအပြင် အခြားသော အန္တရာယ် ဖြစ်စေတဲ့ ပစ္စည်းများကိုလည်း ထည့်သွားလို့မရပါဘူး။ မင်္ဂလာဆောင် ဝတ်စုံလိုမျိုး ပြန်အစားလျော်ပေးလို့ မရတဲ့ ပစ္စည်းများကိုလည်း လက်ဆွဲအိတ်ထဲ ထည့်တာ အကောင်းဆုံးပါပဲ။ ဆေးဝါးများ၊ ပတ်စ်ပို့နှင့် ခရီးသွားရန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းများ၊ ကင်မရာများ၊ အစရှိသည်တို့ကိုလည်း ခရီးဆောင်အိတ်အကြီးထဲ ထည့်လို့ မရပါဘူး။

ဒါ့အပြင် ခရီးဆောင်အိတ်ထဲသို့ မလိုအပ်ဘဲ ပစ္စည်း အများကြီး သယ်သွားတာမျိုးတွေ မလုပ်သင့်ပါဘူး။ လိုအပ်တဲ့ ပစ္စည်းများကိုသာ သေချာစာရင်းလုပ်ပြီး သယ်သွားသင့်ပါတယ်။ ပစ္စည်း နည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ် သယ်နိုင်လေ ကွီးတို့အတွက် ပိုကောင်းလေပါပဲ။​

ကွီးတို့ရော လေကြောင်းဖြင့် ခရီးသွားမယ်ဆိုရင် ပစ္စည်း ပစ္စယများကို ဘယ်လိုထုတ်ပိုးလေ့ရှိပါသလဲ။

Source: Allianztravelinsurance

Featured Image: Nerdwallet