ခရီးသွားခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ မျက်စိပွင့် နားပွင့် ဗဟုသုတတိုးပွားရာ အတွေ့အကြုံ တစ်ခုဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားလုပ်ဆောင်မှု ကိုလည်း ရယူနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ခရီးသွားရာတွင် ဘေးကင်းလုံခြုံရေး အတွက် သတိထားရမယ့် အချက်တွေကိုတော့ မမေ့ပါနဲ့။ ခရီးသွားရာတွင် ဘေးကင်းလုံခြုံရေး အတွက် သတိထားသင့်တဲ့ အချက် (၇) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ထိုအချက်တွေကတော့………..
(၁) လေ့လာမှတ်သားရှာဖွေထားပါ
Photo : 10Best
ကွီးတို့သွားမယ့် ဒေသဆိုင်ရာအချက်အလက်တွေ၊ ဒေသခံလူတွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ အစိုးရအဖွဲ့အစည်းများက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ရှာဖွေ မှတ်သားထားဖို့လိုပါတယ်။ ကိုယ်သွားမယ့် နေရာဒေသအကြောင်း နဲ့ သက်ဆိုင်ရာ အချက် အလက်တွေကို သိရှိထားခြင်းက ခရီးသွားရာတွင် ဘေးကင်းလုံခြုံရေး အတွက် နံပါတ်တစ် အရေးကြီးဆုံးဖြစ်ပါတယ်။
(၂) ပေါ်ပေါ် ထင်ထင်ကြီး မနေပါနဲ့
Photo : One Travel
နေရာဒေသအသစ်မှာ ကွီးတို့အနေနဲ့ လူတွေ သတိပြုမိအောင် မနေပါနဲ့။ တခါတရံ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။ ခရီးလမ်းညွှန် မြေပုံ ကြည့်တဲ့အခါ ၊ တစ်ဦးတစ်ယောက်ကို ခရီးလမ်းညွှန်မေးတဲ့အခါမျိုးမှာ သတိထားပါ။ ဒီအချက်ကလည်း ခရီးသွားရာတွင် ဘေးကင်းလုံခြုံရေး အတွက် အထောက်အကူပြုပါတယ်။
(၃) အရေးကြီး စာရွက်စာတန်းတွေကို ပွားယူထားပါ
Photo : The Spruce
ကွီးတို့ ခရီးထွက်မယ်ဆိုရင် နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ် နဲ့ အခြား ကိုယ်ရေးဆိုင်ရာ သက်သေခံလက်မှတ်တွေကို မိတ္တူ ပွားယူသွားဖို့လိုပါတယ်။ အွန်လိုင်းထဲမှာလည်း မှတ်ထားဖို့ လိုပါမယ်။ ဒါမှသာ လိုအပ်ရင် ချက်ချင်းရနိုင်မှာ ဖြစ်ပါတယ်။
(၄) သူငယ်ချင်းနဲ့မိသားစုဝင်တွေကို ဆက်သွယ် အသိပေးပါ
Photo : Lifewire
ကွီးတို့ ခရီးထွက်နေစဉ် အခြေအနေတွေကို ခင်မင်ရင်းနှီးသူ သို့မဟုတ် မိသားစုကို ဆက်သွယ် အသိပေးဖို့လိုပါတယ်။ ခရီးမထွက်ခင် ခရီးစဉ်အကြမ်းကိုလည်း ပြောပြထားသင့်ပါတယ်။ ဒါမှသာ အရေးပေါ်ကိစ္စရပ်တွေကို ချက်ချင်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
(၅) အများသုံး အင်တာနက်ဝန်ဆောင်မှုအသုံးပြုခြင်းကို သတိပြုပါ
Photo : 121 Financial Credit Union
တခါတရံမှာ အများသုံး အင်တာနက် ဝန်ဆောင်မှုကနေ ကွီးတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြစ်တဲ့ နေရပ်လိပ်စာ၊ ဘဏ်စာရင်း စတာတွေကို အခြားသူတွေ ခိုးယူခြင်း ခံရနိုင်တယ်ဆိုတာကို သတိထားပါ။ လိုအပ်ရင် VPN အသုံးပြုပါ။
(၆) အခန်းတွင်း ဘေးကင်းလုံခြုံရေး ကို လုပ်ဆောင်ပါ
Photo : Insurance Journal
ဟိုတယ်တွေမှာ လုံခြုံရေး အစီအမံတွေက ကောင်းပါတယ်။ အပြင်ထွက်ရင်ဖြစ်စေ၊ အခန်းတွင်းမှာ ရှိနေစဉ် ဖြစ်စေ အမြဲသတိရှိဖို့နဲ့ အရေး ကြီး စာရွက်စာတန်းနဲ့ ငွေကြေးတွေကို ညွှန်ကြားချက်အတိုင်း သိမ်းဆည်းဖို့ သတိပြုပါ။ “Do Not Disturb” Sign ကိုလည်း အသုံးပြုသင့်ပါတယ်။
(၇) ပတ်ဝန်းကျင်ကို သတိထားပါ
Photo : Vianova
ကိုယ့်ပစ္စည်းကို သတိထားပါ။ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ မသင်္ကာဖွယ်ရာ အခြေအနေမျိုး ခံစားရတယ်ဆိုရင် အဲဒီနေရာကနေ အမြန်ဆုံး ထွက်ခွာပါ။ ကွီးတို့ရေ ခရီးသွားရာတွင် ဘေးကင်းလုံခြုံရေး အတွက် သတိထားသင့်အချက်တွေကို လိုက်နာခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ပြီး ပျော်ရွှင်ဖွယ်ရာ တွေကို ခံစားရမှာ ဖြစ်ပါတယ်။
Source : Nation Wide
Featured Photo : ACI Insights – Airports Council International