ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ပြေပျောက်စေပြီး အဆုံးစွန်ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ တကယ်လို့ သင်သည် “ခရီးသွားတာ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်” လို့ တွေးနေမိတယ်ဆိုရင်တော့ သေချာပါတယ်၊ သင် တစ်ခါမှ ခရီးမသွားဖူးသေးလို့ပဲဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ အပေါင်းအဖော်များ၊ မိသားစုများနှင့် ခရီးသွားခြင်းသည် နွေးထွေးတဲ့ခံစားချက်ကို ခံစားရစေနိုင်ပါတယ်။ သို့သော် အပေါင်းအဖော်တွေ၊ မိသားစုဝင်တွေကို ဘယ်လောက်ပဲ ချစ်မြတ်နိုးနေပါစေ၊ ကွီး တို့ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ Solo ခရီး ထွက်ကို ထွက်သင့်ပါတယ်။

ဘာ့ကြောင့်လို့ ထင်ပါသလဲ။

ကိုယ်ပိုင်စွန့်စားခန့်တစ်ရပ် ဖွင့်နိုင်ခြင်း

ကွီး Solo ခရီး

ဟုတ်ပါတယ်။ ကွီး တို့သည် အဖော်အပေါင်းမပါဘဲ တစ်ယောက်တည်း Solo ခရီး ထွက်တဲ့အခါ စိတ်ခံစားချက်ပေါင်းစုံကို တစ်ပြိုင်နက်တည်း ခံစားရမှာပဲဖြစ်ပါတယ်။ ပျော်သလိုလို၊ ကြောက်နေသလိုလို၊ စိတ်လှုပ်ရှားနေသလိုလို အမျိုးအမည်မသိတဲ့ ခံစားချက်ပေါင်းစုံသည် ရောပြွမ်းနေပြီး ထိုခံစားချက်ကြောင့်ပဲ ကိုယ်ပိုင်စွန့်စားခန့်တစ်ရပ် ဖွင့်နိုင်မှာဖြစ်ပါတယ်။

ဘဝအတွေ့အကြုံတစ်ခု ရသွားစေခြင်း

ကွီး Solo ခရီး

ဘဝအတွေ့အကြုံတွေဆိုတာကတော့ ငွေပေးကာ ဝယ်မရနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဘဝအတွေ့အကြုံတွေသည် လူတစ်ယောက်ကို ရင့်ကျက်တည်ငြိမ်လာအောင် ကူညီပေးပါတယ်။ ကွီး တို့အနေနဲ့ တစ်ကိုယ်တည်း Solo ခရီး ထွက်တဲ့အခါ အတွေ့အကြုံတစ်ခုတည်း ရသွားတာလည်းဖြစ်နိုင်သလို အတွေ့အကြုံပေါင်းစုံကိုလည်း ရရှိနိုင်ပါတယ်။ ဒါကတော့ ကွီးတို့ရဲ့ ခံယူချက်နဲ့ သက်ဆိုင်သွားပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ဦးစားပေးနိုင်ဖို့

ကွီး Solo ခရီး

Photo: Happiness.com

အခြားသူတွေကို ဦးစားပေးနေရတဲ့ ဘဝကို အနည်းငယ်ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ ကွီး တို့အတွက် အဖြေကတော့ Solo ခရီး ထွက်ခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်တည်း ခရီးသွားတဲ့အခါ ဘယ်သူ့ကိုမှလည်း အချိန်ပေးစရာမလိုဘူး။ ကိုယ့်တစ်ယောက်တည်း ကိုယ့် စိတ်ကြိုက် လုပ်ချင်တဲ့အရာတွေ၊ သွားရောက်လည်ပတ်ချင်တဲ့နေရာတွေ စားချင်တဲ့အစားအစာတွေကို စိတ်ကြိုက်စားနိုင်ပါတယ်။ ဒီအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မေ့လျော့နေတတ်တဲ့ ကွီးတို့အတွက်ပါ။

စိတ်ကျန်းမာရေး မြှင့်တင်ပေးနိုင်ဖို့

ကွီး Solo ခရီး

တစ်ခါတစ်ရံမှာ တစ်ယောက်တည်းနေခြင်းသည် စိတ်ပူပန်စရာများ၊ စိတ်ညစ်စရာများကို ဖြေလျော့ပေးနိုင်တယ်ဆိုတကို ကွီးတို့သိပြီးပါပြီလား။

တစ်ယောက်တည်းနေရင် စိတ်ကျန်းမာရေးက ပိုဆိုးလာမှာပေါ့လို့ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။

ဒါဆိုရင် ဒီလိုလေး စဉ်းစားကြည့်လိုက်ပါ။

ကွီးတို့ပတ်ဝန်းကျင်ကလူတွေသည် ကွီးတို့အတွက် မစဉ်းစားပေးဘဲ သူတို့အတွက်ပဲ စဉ်းစားကြတဲ့ အတ္တကြီးတဲ့သူတွေဖြစ်နေမယ်။ တစ်ဖက်လူရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုပြီး သူတို့အတွက်ပဲ ကြည့်နေမယ်။ တစ်ဖက်လူကို အပူတွေပဲ ပေးနေမယ်ဆိုရင် ထိုလူတွေရဲ့အနားမှာနေရတာ စိတ်ဖိစီးစရာတစ်ခုလိုဖြစ်လာပါလိမ့်မယ်။

သူတို့ရဲ့ဝေးရာကို ခဏတဖြုတ်ရှောင်ခွာနေခြင်းက ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်လာအောင် ကူညီပေးပါတယ်။

ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း

man travels alone

တစ်ကိုယ်တည်းခရီးသွားတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲများ၊ အသေးအဖွဲပြဿနာများကအစ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတော့မှာဖြစ်ပါတယ်။ ထိုအချိန်မျိုးမှာ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်းခရီးသွားမယ်ဆိုရင် ဒီအလေ့အကျင့်ကို လေ့ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဘဝအဓိပ္ပာယ်များ ရှာဖွေတွေ့ရှိနိုင်ခြင်း

man travels alone

Photo: Lifehack

အကြောင်းအရင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများ ခံစားလာရတဲ့အခါ၊ စိတ်မွန်းကြပ်လာတဲ့အခါ တစ်ကိုယ်တော်ခရီးထွက်ရင်း ရွက်လွှင့်လိုက်ပါ။ ဘာ့ကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရသလဲဆိုတဲ့အဖြေတစ်ခု ရှာတွေ့သွားပြီး ကိုယ့်ရဲ့ ဘဝရှင်သန်ရပ်တည်ရတဲ့ဖြစ်စဉ်၊ တစ်နည်းအားဖြင့် ဘဝအဓိပ္ပာယ်တစ်ခုကို ရှာဖွေတွေ့ရှိသွားမှာပဲဖြစ်ပါတယ်။

တစ်ယောက်တည်းခရီးသွားသင့်တဲ့ အကြောင်းအရင်းများကို သိပါပြီတဲ့။ တစ်ယောက်တည်း ခရီးသွားနေရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဘေးအန္တရာယ်ကို ကိုယ်တိုင်ဂရုစိုက်ရမှာဖြစ်ပါတယ်။

ခရီးသွားနေစဉ်အတွင်း အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ ခရီးသွားနိုင်ဖို့ဆိုရင် ကိုယ်သွားမယ့်နေရာသည် ဘေးကင်းရဲ့လားဆိုတာ သေချာလေ့လာထားဖို့လိုပါမယ်။ ခိုးဆိုးလုနှိုက်တွေ ပေါနေသလား။ ထိုနေရာဒေသက အေးချမ်းရဲ့လား။ ဒေသခံတွေကရော ဖော်ရွေရဲ့လား စတဲ့အချက်တွေကို အရင်ဦးဆုံးလေ့လာပြီး စိတ်ချရပြီဆိုပြီး ခရီးထွက်သင့်ပါတယ်။

man travels alone

Photo: Freepik

ဒါ့အပြင် ကိုယ် ခရီးသွားမယ်ဆိုတာကိုလည်း ဘော်ဒါတစ်ယောက်ယောက်ထံ လက်တို့သွားပါ။ ခရီးသွားနေစဉ်မှာလည်း လူတကာရဲ့ အာရုံစိုက်မှု စိတ်ဝင်စားမှုကို မလိုချင်ပါနဲ့။ ကိုယ်သည် လူစိမ်းတစ်ယောက်မဟုတ်ဘဲ ဒေသခံများနှင့် ကွဲလွဲမနေအောင် နေထိုင်နိုင်လေ ကိုယ့်အတွက် အကောင်းဆုံးဖြစ်လေပါပဲ။

နောက်ထပ် အရေးကြီးဆုံးအချက်ကတော့ အဖိုးတန် လက်ဝတ်လက်စားများ၊ ငွေကြေးအမြောက်အမြားကို ယူဆောင်မသွားဖို့ဘဲဖြစ်ပါတယ်။ ကိုယ် သွားမယ့် နေရာဒေသနဲ့ လိုက်ဖက်မယ့် အဝတ်အစားများကို သေသေချာချာရွေးချယ်ပြီးမှသာ သွားလာသင့်ပါတယ်။

ဒီအချက်လေးတွေကို သိသွားပြီဆိုရင်တော့ ကွီး တို့လည်း Solo ခရီး ကို စိတ်ချလက်ချနဲ့ ပျော်ပျော်ရွှင်ရွှင် သွားရောက်လည်ပတ်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Oysterworldwide

Featured Image: Thecommonwanderer